ကဗျာ

"ဘ၀"

ခံစားလို့မရတဲ့ သံစဉ်တွေနဲ့
ခံစားလို့မရတဲ့ အိပ်ယာကုတင်
အိပ်ငွေ့ချ သင်တန်းတတ်ရသလိုပင်
ငါမသောက်ဖူးတဲ့ နတ်ရေစဉ်
"BE"တစ်လုံးရဲ့ အသက်သခင် ............။

ဂီတာတစ်လက် သွေးမထွက်ပေမယ့်
သော့ဖွင့်တဲ့ ငါ့ရဲ့လက်တွေ စေးကပ်
အမှန်တရားကို အကြံသမားလက်ကိုင်
ယုံကြည်မှုကို အရောင်းအ၀ယ်လုပ်
လူ့ဘ၀ရဲ့ သရုပ်မြင်ကွင်း တွေပါပဲ .............။

ရေးလွန်းတဲ့ ငါ့ကဗျာ စာအုပ်လေးလည်း
ဖောင်တိန်ရဲ့ ထိချက်တွေနဲ့
မျက်ရည်ကျနေလေရဲ့
နောက်ပြီး ...... သနားပါတဲ့ ......။

ငါကိုင်ဆောင်တဲ့ ဖောင်တိန်လေးရဲ့
သွေးသားတွေလဲ ခမ်းခြောက်ပြီတဲ့ ......။




"ရွံနေလား"

ငါ့ရဲ့မျက်နှာ မင်းမျက်စိမှာ
ကန့်လန့်ဖြတ်ကာ မင်းရွံနေလား .... ?

ငါ့ရဲ့စရိုက် လူမိုက်ဆိုတာ
လူတိုင်းသိတာ မင်းရွံနေလား .... ?

ငါ့အချစ်တွေ ကောင်မလေးတွေ
အရောတ၀င် နေထိုင်တာတွေ
မင်းထိုင်ကြည့်ကာ ရွံနေလား ...

မင်းရွံပေမဲ့
ရေမှန်မှန်ချိုးတဲ့
အကျင့်နဲ့
ဖြေဖျောက်ပေးပါ ချစ်သူရာ....။


K.S

3 မှတ်ချက်ပေးသွားတယ်:

ရဲဝင့်သူ said...
March 30, 2009 at 8:29 PM

ရေးလွန်းတဲ့ ငါ့ကဗျာ စာအုပ်လေးလည်း
ဖောင်တိန်ရဲ့ ထိချက်တွေနဲ့
မျက်ရည်ကျနေလေရဲ့
နောက်ပြီး ...... သနားပါတဲ့ ......။

ထိတယ်ဗျာ။မြင်နေရတယ်။

မသက်ဇင် said...
April 1, 2009 at 8:05 PM

ရေးလွန်းတဲ့ ငါ့ကဗျာ စာအုပ်လေးလည်း
ဖောင်တိန်ရဲ့ ထိချက်တွေနဲ့
မျက်ရည်ကျနေလေရဲ့
နောက်ပြီး ...... သနားပါတဲ့ ......။

ဖောင်တိန်လေးကို သနားပါတယ်--
ရေးတတ် တွေးတတ်လိုက်တာ--

thinzar said...
April 13, 2009 at 9:36 AM

စာသားလေးတွေ လှလိုက်တာ.....
ခံစားသွားပါတယ်။