Tag

ဝါသနာလေးများ

ကျွန်တော့်မှာ Tag ကြွေးတွေ နှစ်ခု လောက်ရှိတဲ့အထဲက လောလောဆယ် အင်တာနက် မြန်နှုန်းလေး ပြန်ကောင်းတာနဲ့ မှတ်မှတ်ရရ အရင်တစ်ပါတ် ကျော် ကျော်က Tag ထားတာလေးကို အလောတကြီး ဖြေရှင်း လိုက်ပါတယ်။
အရင် တစ်တစ်လောက ကိုဂစ်တာ Tag ထားတဲ့ ပိုစ်ခေါင်းစဉ်ကိုတော့ လောလောဆယ် ဘလော့ထဲမှာ ပြန်ရှာပေမယ့် မတွေ့သေးတာရယ်၊ Tag ခေါင်း စဉ်မေ့နေတာရယ်ကြောင့် မရေးဖြစ်သေးပါဘူး၊ ဒီစာနဲ့ပဲ ကိုဂစ်တာကို တောင်းပန်လိုက်ရပါတယ်။ အွန်လိုင်းပေါ် တွေ့မှပဲ မေးပြီး ကျွန်တော်ရေး ပေးပါတော့မယ်။
ဝါသနာကတော့ ငယ်ငယ်ကတည်းက ခပ်များများရယ်ပါ။ လိုင်းကလည်း စုံပါတယ်။ ၀ါသနာအရ အားကစား ဆိုရင်လည်း ရေကူး၊ ဘောလုံးကန်၊ Table Tennis စတာတွေပါပဲ။
တခြားဘက်မှာ ၀ါသနာပါတာကတော့ သိပ်မရှိပါဘူး။ အားတဲ့အချိန် ဗဟုသုတရမယ့် ကွန်ပျူတာဂျာနယ်၊ စာအုပ်၊ အားကစားဂျာနယ် ဖတ်တာ၊ ကိုယ်ကြိုက်တဲ့ နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းကားတွေ၊ သီချင်းတွေ နားထောင် တတ်တာကလွဲပြီး ကျွန်တော့် အတွက် ထွေထွေထူးထူး မရှိသလောက်ပါပဲ။ နောက်အားတဲ့အချိန် အိမ်ပဲ အနေများတဲ့ ကျွန်တော်..... တစ်ခါတစ်လေ အဖေရဲ့ လုပ်ငန်းလေးတွေ၊ အမေ မီးဖိုချောင် ကူညီလုပ်ကိုင် ပေး ရင်း ဒီလောက်ပါပဲ.....။

ကျွန်တော့်ကို Tag ပိုစ့်မျှဝေပေးတဲ့ မမေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတစ်လော ဘလော့ပိုစ့်ရေး ချင်စိတ် တွေ တော်တော်လေး ကုန်ဆုံးနေတာ၊ ပိုပြီး ဆိုးသွားတာက အင်တာနက်တွေ လုံးဝ မြန်နှုန်းကျသွားကတည်းက အွန်လိုင်းပေါ် မရောက်တာလည်း ၁၀ ရက်ကျော်ကျော် ရှိသွားပြီ။ စိတ်တော့ တော်တော်လေးကို ပိန်သွား တယ်..။ အခုတော့ ကွန်နက်ရှင် နည်းနည်း ပြန်ကောင်းသွားတာနဲ့ ချက်ချင်း Tag ကြွေးလေးတွေ ဆပ်လိုက်ရ ပါတယ်။ ဒါတောင် တစ်ခုရှိသေးတယ်။ ခေါင်းစဉ်မေ့သွားလို့ဗျ...။

ထပ်တော့ အစ်ကို၊ အစ်မတွေကို ထပ်မ Tag တော့ပါဘူး။ အလုပ်ရှုပ်၊ ကွန်နက်ရှင်မကောင်းတာမို့ ကျွန်တော့် ကေမောင်ငြိမ်း က ထပ်ပြီး ဒုက္ခမပေး(နောက်မှပဲငြင်းဆဲ)တော့ပါဘူဗျာ....။

3 မှတ်ချက်ပေးသွားတယ်:

Anonymous said...
April 3, 2009 at 9:40 AM

အကိုရေ... ခုလို ရေးပေးတဲအအတွက်ကျေးဇူးပါရှင့်
အဟိ.. နောက်မှပဲ ငြင်းဆဲမယ်ဆိုပါလားးးး အင်း ကွန်နက်ရှင်မကောင်းလို့ပဲ... ကောင်းများသာ ကောင်းနေရင် ဂျောင်းဂျောင်းပြေးကြတော့မယ်... ငြင်းဆဲမယ်ဆိုလို့ ခစ်ခစ်ခစ်

RePublic said...
April 4, 2009 at 9:19 AM

ဝါသနာတွေ အကောင်းတွေပဲ (ကို)ကေငြိမ်း ရေ ၊၊ သတိတရလာလာလည်တာ ကျေးဇူးပါဗျာ ၊၊

မသက်ဇင် said...
April 5, 2009 at 3:19 AM

ဖတ်သွားပါတယ်--ပျော်ရွှင်ပါစေ--