အင်တာနက် (အပိုင်း-၁)



Internet ဆိုတာကို ....

ကျွန်တော် အင်တာနက် စတင်အသုံးပြု ခဲ့တာက ၂၀၀၄ ခုနှစ် ကပါ။ အဲဒီတုန်းကတော့ အင်တာနက်ကို အိမ်နီးနားချင်း ဘိုပိ(ငပိ) ဆိုတဲ့ သူငယ်ချင်း တစ်ယောက် သင်ပေးတာကနေ သုံးတတ် ခဲ့တာပါ။ သူများလို တော့နည်း စနစ်တကျနဲ့တတ်မြောက် လာတာက မဟုတ်တာတော့ လုံးဝ အသေအချာပါပဲ။ ကျွန်တော် စစချင်း အင်တာနက် ဘယ်လိုတတ်ခဲ့ သလဲဆိုရင်တော့ စစချင်း IE ကိုဖွင့်၊ အဲဒီတုန်းက IE ဆိုတာလည်း မသိဘူး။

သူငယ်ချင်း ပြောပြတဲ့ အပြာရောင် E ခပ်ရင့်ရင့် အ၀ိုင်းလေးကို mouse နဲ့ ၂ ချက်နိုပ်... ပြီးတော့ သူငယ်ချင်း ပြောတဲ့ အတိုင်း အပေါ်က address bar ဆိုလား၊ မသိပါဘူး.. အဲဒီနေရာမှာ …အဲဒီတုန်းက သူပြောတဲ့ ရှာဖွေးရေး ၀က်ဆိုဒ်ဆိုလား .. search engine ဆိုလား ၀ဘ်ကရူးလာ၊ မီတာကရူးလား၊ နောက်ပြီး နာမည်ဆန်းဆန်းနဲ့ ရဟူး ဆိုလား၊ ဂူဂီးဆိုပြီး နာမည်ခပ်ဆန်းဆန်း ဒါတွေသူရိုက်ခိုင်းတယ်။ သူကလည်း အင်တာနက် ကိုတော့ သိပ်အကျွမ်းကြီးမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်ထင်တယ် မွေးကတည်း၊ အူဝဲ… လိုအော်တတ် ကတည်းက ကွန်ပျူတာ…လိုများ မှား အော်ခဲ့သူလား အောက်မေ့တတ် ကွန်ပျူတာကျွမ်းကျင် တဲ့လူပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေ သူကွန်ပျူတာဆိုင်ကိုသွားရင် ကျွန်တော့်ကို အဖော်ခေါ်ခေါ် သွားတတ်တာ။ တကယ်တမ်း ပြောရရင်တော့ သူခေါ်တာထက် ကျွန်တော်က ဂိမ်းဆော့ချင်တာ ခပ်များများရယ်။ ဒါနဲ့ပဲ သူခေါ်တိုင်း ကျွန်တော်က အဆင်သင့်ပဲ။

အဲဒီတုန်းက အရမ်းခေတ်စားတဲ့ ဂိမ်း AOE ဒါကိုလည်း သူပဲသင်ပေးတာ။ သူကတော့ သူငယ်ချင်းကောင်း ပီသပါတယ်။ သူ့လို ဂိမ်းဘက် အလွန်အကျွံ စွဲလမ်း သွားမှာစိုးလို့ သူဦးလေ ကွန်ပျူတာပြင်ဆိုင်က တစ်လုံးတည်းတော့ အင်တာနက် အလုံးကို ကျွန်တော့် ကိုပေးသုံးတယ်။ ဒီကလည်း အင်တာနက်ဆိုတာ ကြားတောင် မကြားဖူးသေးဘူး။ အီးမေလ် ဆိုတာလည်း ဘာမှန်းကိုသိဘူး။ ကျွန်တော်ထင်တာက ဒီကောင် သူ့နေရာ ၀င်လုလုနေလို့ ကျွန်တော့်ကို တခြား အာရုဏ်လွဲတယ် ထင်နေတာ။ တကယ်တမ်း ကျတော့ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ထက် အများကြီး စိတ်ရှည်တယ်။

သူလည်း ဒါကိုစိတ်ဝင်စားတယ်။ သူ့ဦးလေးဆီက သင်နေတုန်း။ သူ့ဦးလေးကလည်း ပြည်ပ ကနေ ကွန်ပျူတာဘွဲ့ယူလာ တယ်ဆိုလား ပြောတာပဲ။ သူကလည်း စိတ်ရှည်လက်ရှည်နဲ့ ကွန်ပျူတာ အခြေခံ ဖွင့်ပိတ်လောက်တောင် မသိသေတဲ့ ကျွန်တော်နဲ့ သူတူလေးကို သင်ပေးပါတယ်။ တော်တော်ကို စိတ်ရှည် လက်ရှည်နဲ့ပါပဲ။ တကယ်တမ်း ကျွန်တော်စိတ်ဝင်စားတာက တခြားစီပါ။ ဒါပေမယ့် နောက်ပိုင်း အဲဒီအစ်ကိုကြီးရဲ့ သင်ပေးတာကနေ ကျွန်တော်စိတ်အ၀င်စားဆုံးက search bar မှာ အေ ဆိုတဲ့စာလုံးရိုက်ရင် အေ နဲ့ဆိုင်တဲ့စာလုံးတွေ၊ ပုံလေးတွေ၊ ကျကျလာတယ်။

ဒါကို ကျွန်တော်စိတ်အ၀င်စားဆုံးပါ။ ဒီထက်ပိုဆိုး တာက နောက်ပိုင်းသူများတာလေးတွေ တော်တော်များများ အဓိပ္ပါယ်ပေါက်သွားတဲ့ ကျွန်တော်တို့ (၂)ယောက် ဟာ နောက်ပိုင်းမှာ သူ့ရဲ့ အချိန်ပိုင်း ရန်သူ ဖြစ်သွားတာပါပဲ။ ဘာလို့လဲဆိုရင် အဲဒီကွန်ပျူတာရှေ့က ကျွန်တော်တို့(၂)ယောက် ထမင်းစားချိန်.. မီးပြတ်ချိန်က လွဲရင် ကျွန်တော်တို့ ကွန်ပျူတာရှေ့က မထတော့ လို့ပါ။ ဒါပေမယ့် အဲဒီတုန်းက အင်တာနက်ဆိုတာ ကလည်း အခု broadband မြန်တယ်၊ wi-max မြန်တယ် ဆိုတာက သူ့ဦးလေးအိမ်က အဲဒီတုန်းက adsl လား modern လာား မြန်တာနဲ့ သိပ်ကွာမယ်မထင်ပါဘူး။ အဲဒီတုန်းက သုံးရတာ ပိုမြန်တယ် ထင်တာပဲ။ သိပ်တောင် မမှတ်မိတော့ပါဘူးဗျာ…။

4 မှတ်ချက်ပေးသွားတယ်:

ဂျူနို said...
April 11, 2009 at 12:19 AM

မအယ်တို့ လည်း ဒီလိုပဲသင်ခဲ့ရတာပါပဲ။
အင်တာနက်ဆိုတာ စာအုပ်လို့ တောင် ထင်ခဲ့တာ။
အင်တာနက်စာမျက်နာပေါ်တွင်လို့ ပြောတာကိုး။
တော်တော်ဆန့် တဲ့စာအုပ်ပေါ့

မသက်ဇင် said...
April 11, 2009 at 12:30 AM

ဖတ်သွားပါတယ်
သတိတရလေးတွေကို--
ပျော်ရွှင်ပါစေ--

ဖိုးဂျယ် said...
April 11, 2009 at 12:01 PM

နှစ်သစ်မှာေ ပျော်ရွှင်ပါစေဗျာ

ကိုရင်နော်ခင်လေးငယ် said...
April 11, 2009 at 5:18 PM

ရောဂါ စတင် ဝင်ရောက်လာပုံပေါ့နော်..း)