ကဗျာ

လောကဓမ္မတာ

မေတ္တာတောက်တစ်ခေါက်
ချစ်ခဲ့တာတစ်လျောက်
ငါ့ရင်မှာ တစ်ယောက်
ဖြစ်လာတာတစ်မှောက်
တွေးမရတဲ့ ကံကြမ္မာ
ဆိုးလှတဲ့သံသရာ
ပြန်ဆုံမယ်ဆိုတဲ့ မျှော်လင့်ချက်
ကံမကုန်တာကိုစောင့်လျက်.....။

လှည့်စားတတ်တဲ့မာယာ
စကားလုံးတို့စေရာ
ပျော့ပျောင်းတဲ့အသဲဟာ
ဖော့ဖယောင်းရဲ့ဥပမာ
အချစ်များစွာစတေးကာ အပြစ်ခြားရာဝေးကွာ.....။

ဘုရားစာဖတ် တဏှာယှက်
ဖိုမမှန်သမျှ ကြုံရမယ်ပ
အလိုကြိးတဲ့အချစ် အရနည်းတဲ့မေတ္တာ
သည်နှစ်ဖျာ ဝေဒနာစေရာ
ဘယ်သူမှ မဖန်တီးပါ
မိမိအပြစ်သာ တစ်သက်သာ....။

ချစ်နိုင်ပေမယ့် ဖြစ်နိုင်ရင် မခြွှေရက်
မေတ္တာကဆက်... သစ္စာကပျက်
မျက်လုံးနှစ်လုံး အချစ်နှစ်မျိုး
ဘယ်သူ့ကို ချစ်ရိုး... မသိတာဆိုး....။


KS

2 မှတ်ချက်ပေးသွားတယ်:

မသက်ဇင် said...
April 22, 2009 at 9:55 PM

ကဗျာဆရာရေ
လောကဓမ္မတာ
ကဗျာလေး လာဖတ် ခံစားသွားပါတယ်
ပျော်ရွှင်ပါစေ

Anonymous said...
April 23, 2009 at 5:03 PM

ကံမကုန်ရင် ပြန်ဆုံချင်သေးသပေါ့။ နေသာဝင်သွားတယ်။ စောင့်မျှော်နေသူက ပေါ်မလာ...