ကဗျာ

ထားခဲ့

အညှိုးများစွာကို...အတိုးများစွာနဲ့
ပြန်ဆပ်မယ်ဆိုရင်...ခံမသတ်တဲ့အပြင်
ကြိုက်သလိုလုပ်သွား...အမှိုက်လိုအချစ်များ
သနားပြီး မချစ်နဲ့...အလကားပဲထားခဲ့....။

ရည်စားနှစ်ယောက်...ခရီးသွားတစ်ထောက်
နှစ်ယောက်စလုံးထားခဲ့...တစ်လျှောက်ဒဏ်ရာနဲ့
နမ်းဖူးခဲ့တဲ့ပါးပြင်...အစမ်းသဘောနဲ့မလွမ်းပင်
မနမ်းဖူးလို့ပြောမလား...မင်းထားခဲ့တဲ့ရည်းစား
နှစ်ယောက်စလုံးမှား...အတိတ်မှာပျောက်ဆုံးသွား
မနာလိုတဲ့ဝန်တိုစိတ်...ရန်မလိုနဲ့မေ့ပစ်
ငါမကောင်းတာကို မင်းပြော...မင်းမကောင်းတာငါပြော
ဒါဟာချစ်သူလော...ဒါပါပဲထားခဲ့လော့.....။

မင်းပထမရည်းစားလို...မင်းဥစ္စာစည်းစိမ်ကို မက်သလို
အကြံအဖန်အချစ်မျိုး...ငါ့ကိုလာအရောင်မဆိုးနဲ့
မင်းဒုတိယရည်စားလို...ချိုးဖို့ဟန်ဆောင်သလို
ငါကူညီခဲ့တယ်ထင်ရင်...သူ့လိုအချစ်မျိုးငါမချစ်ပင်
ဟိုထင်ဒီထင်မမြင်နဲ့...ငါ့ကိုသတ်ပြီးထားခဲ့.....။

တန်ဖိုးမထားတာလား...တွေးခွင့်မရတာလား
ပေးခွင့်မရတာလား...ဖုန်းပြောရင်မအားတာလား
အိပ်ပုတ်ကြီးတာလား...ပြန်ဆက်လို့ပြောတာလား
မင်းရောတန်ဖိုးထားလား...စိတ်ကောက်တာများ
မပျော်ရွှင်အချိန်များ...မပြည့်ဝတဲ့စိတ်သဘောထား
ပို့လိုက်မယ်...ရှိသမျှစာရွက်တွေ
မီးရှို့လိုက်မယ့်...ငါရဲ့အချစ်တွေ
နိုင်ချင်ရင်ပြိုင်...ထိုင်ကာမမှိုင်နဲ့
မာယာတွေကိုထားခဲ့...မယ်သီလရှင်ဘ၀နဲ့လာခဲ့.....။

KS

1 မှတ်ချက်ပေးသွားတယ်:

Anonymous said...
April 23, 2009 at 5:01 PM

လူပျိုကြီး ခံစားချက်တွေ အပီအပြင် ကောင်းနေတယ်နော်... အဟဲဟဲ