ကဗျာ

ဘဝ

ခံစားလို့မရတဲ့ သံစဉ်တွေနဲ့
စံစားလို့မရတဲ့ အိမ်ယာကုတင်
အိပ်ငွေ့ချသင်တန်းတတ်ရသလိုပင်
ငါမသောက်ဖူးတဲ့ နတ်ရေစဉ်
"ဘီအီး"တစ်လုံးရဲ့အသက်သခင်...

ဂီတာတစ်လက် သွေးမထွက်ပေမယ့်

သော့ဖွင့်တဲ့ ငါရဲ့လက်တွေစေးကပ်
အမှန်တရားကို အကြံသမားလက်ကိုင်
ယုံကြည်မှုကို အရောင်းအ၀ယ်လုပ်
လူ့ဘ၀ရဲ့ သရုပ်မြင်ကွင်းတွေပါပဲ

ရေးလွန်းတဲ့ ငါ့ကဗျာစာအုပ်လေးလည်း
ဖောင်တိန်ရဲ့ ထိချက်တွေနဲ့
မျက်ရည်ကျနေလေရဲ့
နောက်ပြီး... သနားပါတဲ့...

ငါကိုင်ဆောင်တဲ့ ဖောင်တိန်လေးရဲ့
သွေးသားတွေလဲ ခမ်းခြောက်ပြီတဲ့.....။

5 မှတ်ချက်ပေးသွားတယ်:

mmthinker said...
April 24, 2009 at 12:05 PM

မိုက်သဟေ့
ဘီအီးတောင် သတိရသေးတော့။

ရဲဝင့်သူ said...
April 26, 2009 at 2:04 AM

ဂီတာတစ်လက် သွေးမထွက်ပေမယ့်
သော့ဖွင့်တဲ့ ငါရဲ့လက်တွေစေးကပ်
အမှန်တရားကို အကြံသမားလက်ကိုင်
ယုံကြည်မှုကို အရောင်းအ၀ယ်လုပ်
လူ့ဘ၀ရဲ့ သရုပ်မြင်ကွင်းတွေပါပဲ
(ဒီစာသားကိုမခိုက်ပဲကိုမနေနိုင်ပေါင်)

လေးစားစွာဖြင့်
ရဲဝင့်သူ

လင်းနေ said...
April 27, 2009 at 7:04 AM

ကိုကေမောင်ငြိမ်းရေ ကဗျာကတော့ ပြောစရာမရှိအောင်ကောင်းပါ၏ ဒါပေသည့် တစ်ခုလောက်စကားရှည်ခွင့်ပြုပါ
အိပ်ငွေ့ချသင်တန်းတတ်ရသလိုပင်
`ပင်´ က ကဗျာကိုထောက်နေသလားလို့ သိလို့ မဟုတ်ပါဘူးခင်ဗျာ ဖတ်ရင်းခံစားမိတာကိုပြောတာပါ အမှားပါးသွားရင်တော့ တောင်းပန်ပါ၏။

မြတ်သွယ် said...
April 28, 2009 at 1:38 PM

ဒုတိယအပိုဒ်ကို နှစ်သက်မိတယ်
ကဗျာစာအုပ်လေးကို သနားသင့်တယ်နော်
ကဗျာလေးလှတယ် ကိုကေမောင်ငြိမ်း
အားပေးသွားပါတယ် :)

အရုပ်ကလေး said...
April 28, 2009 at 9:44 PM

ဘ၀တစ်ခုက ဘီအီးတစ်လုံးကို သောက်ပြီး ယစ်မူးစေတတ်တာ
အဖြူထည်သက်သက် ဘ၀ဟာ ဘီအီးလို အဖြူနဲ့ ထပ်တူကျနေပြီလား ..။

ဂစ်တာတစ်လက်မှာ သံစဉ်တွေ မညီညာတာ တီးခတ်မှုရဲ့
အရှိန်ကို ပြတ်စေတာ သွေးမထွက်ပေမယ့် လက်တော့ နာမယ် ထင်ပါရဲ့ ....။
လူ့ဘ၀ သရုပ်မြင်ကွင်းတွေကြား ယုံကြည်မှုတွေ ခြွေချလို့ အမှန်တရားကို
အကြံသမား လက်ကိုင်တဲ့ အခါ ဘ၀ဆိုတာခါးသီးနေတတ်တာ ဖြစ်စဉ်တစ်ခုရဲ့
နှစ်စဉ်မှာ ဖြစ်နေတာ ကံတရားရဲ့ လွန်ဆန်မရတဲ့ လွန်ကဲမှု ဖြစ်စဉ်ပဲ ..။

ကဗျာတွေ ရေးနေပေမယ့်လည်း ဖေါင်တိန်ရဲ့ ထိခ်ျကတွေက စာအုပ်မျက်နှစာမှာ
ထိချက်ပြင်းစေတာ သက်မဲ့ဖြစ်လို့ တော်သေးပေမယ့် သက်ရှိ လူသားတွေကတော့
ထိချက်မပြင်းဖို့ လိုနေမှာပါ ...။

ခမ်းခြောက်နေတဲ့ မှင်တံကို လှဲလှယ်ရင် အဆင်ပြေမဲ့ အနေထားလေးတစ်ခုမှ
ဘ၀တစ်ခုကို အစပြန်ချီကြစို့ ...။