အချစ်ရဲ့ ရလာဒ်တစ်ခု

တစ်ခါမှ မကြုံစဖူး
နေ့တိုင်းစကားပြောဖြစ်ဖို့ရှား
တွေ့တိုင်းရန် ဖြစ်တာများ
ဒဏ်ရာရနေတဲ့ အချစ်
ဖျားနေတဲ့ အသဲနှလုံး
မုန်တိုင်းလို အပြုံးတွေကြား
တို့နှစ်ယောက် ဖြစ်ရပ်များ
မျက်စိမှိတ်တိုင်း ပြန်မြင်
မင်းတိုက်တဲ့ဆေး အာနိသင်.....

အဆင်ပြေဖို့ရှား ဒေါသတွေလျော့စား
ဖြည်းဖြည်းချင်းလျော့ စိတ်ရိုင်းကိုချော့
မချစ်တာလည်း မဟုတ် အပြစ်တွေနဲ့ ရှုပ်
အဆိပ်ရှိတဲ့စိတ်များ ချစ်ရမှာ သတိထား.....

လေပြေတွေသယ်လာ ညှင်သာတဲ့ စီးကြောင်းမှာ
တစ်ခါမှ မရဘူးတဲ့ အတွေးများ
သာယာတဲ့ စကားလုံးတွေကြား
ကြည်လင်စိတ်ထား ဖြူစင်နှလုံးသား
အချစ်တရားတွေ လွှမ်းခြုံထား
အဆုံးမဲ့ ကြင်နာမှုများ.....

ဘာမှဖြစ်မလာတဲ့ လက်နှစ်ဖက်
စွမ်းအားတိုးဝင် ရိုက်ခတ်
ဖန်ဆင်းချင်တယ် ဒီတစ်သက်
တို့နှစ်ယောက် အချစ်အတွက်
အလှဆုံး နေ့ရက်များ
အနွေးထွေးဆုံး အကြင်နာတရား
ပျော်ရွှင်ခြင်းနဲ့ နိဂုံးချုပ်မလား.....?.....။

3 မှတ်ချက်ပေးသွားတယ်:

လင်းဦး(စိတ်ပညာ) said...
May 4, 2009 at 6:43 PM

ကဗျာလေးကို လာဖတ်သဗျ....

မိုးခါး said...
May 5, 2009 at 12:16 PM

သီချင်းနဲ့တောင် တူတယ်နော် ..း)

Anonymous said...
May 22, 2009 at 1:55 PM

I like this poem !