တဂ်လောက

ဘလော့ဂ်ဂါ လောကရဲ့ တဂ်လောကကနေ အတော်လေး ဝေးကွာနေ တာကြာပါပြီ။ အဲဒါပေမယ့် ကွန်နက်ရှင် ကလည်း ကောင်းနေ... လူလည်း အားနေတာနဲ့ မ၀င်တာကြာသွားပြီ ဖြစ်တဲ့ ဘလော့ဂ် ၀င် ကြည့်မိ ပါတယ်။ အဲ ဘလောဂ်ကို ၀င်ဝင်ချင်းပဲ အရင်ဆုံး ကျွန်တော်ကြည့်ကြည့်မိတဲ့ အရာက တော့ စီပုံး(အဲ) စီဘောက်စ်ပါ။ ကျွန်တော့်စီကို ဘယ်သူတွေလာတယ် ဆိုတာကို သိရအောင် ဒီစီပုံးနားကို အရင်ဆုံး ရောက်ပါတယ်။ အဲ စီပုံးနားကို ရောက်ရောက်ခြင်းပဲ "ခင်ဗျားကို တဂ်ထားတယ်"ဆိုလို့ လိုက်ကြည့် မိကာမှ ကိုလင်းဦး (စိတ်ပညာ)ကနေ တဂ်ထားကြောင်း သိရပါတယ်။ ဘလော့ဂ် မရေးဖြစ် တာလည်း အတော် လေးကို ကြာနေပါပြီ။ အထူးသဖြင့် တဂ်ပြီဆိုတာနဲ့ မြန်မြန်ရေး ချင်ပေမယ့် စာက တစ်ခါတစ်လေ ဘယ်က နေ ဘယ်လို စရေးရမှန်းကို မသိတာနဲ့ တော်တော် များများကို လက်ရှောင် ဖူးပါတယ်။ တဂ်ကြွေးတွေပေါ့။ ဒါပေမယ့်လည်း ကျွန်တော် အစ်ကိုတစ်ယောက်လို ခင်မင်လေးစားရတဲ့ ဘလော့ဂ်ဂါ ကိုလင်းဦး တဂ်တဲ့ ခေါင်းစဉ်ကလည်း သိပ်ခေါင်းစားမဲ့ (စဉ်းစားရလွယ်ကူ)တဲ့ ဟာမျိုး မဟုတ် တာ ကလည်း တစ်ကြောင်း ရေးမယ် ဆုံးဖြတ် ချိန်မှာပဲ ဘလော့ဂ်အစ်မ တစ်ယောက်ဖြစ်တဲ့ မလတ်(နှင်းဆီးနက်)က လည်း "ကိုလင်းဦး တဂ်ထားတာ ရေးပြီးပြီ"လားမေးတာနဲ့ ကျွန်တော်လည်း အခုချက်ချင်း ရေးဖို့ တဂ်ခေါင်းစဉ်ရဲ့အစကို ရှာရပါတော့တယ် ခင်ဗျာ .....။

0 မှတ်ချက်ပေးသွားတယ်: