ကျွန်တော် ၀ါသနာ ပါသည်

"Tag"
ငယ်ရွယ်စဉ် ချာတိတ်ဘ၀ကတော့ ၀ါသနာတွေက အစုံအလင်။ ဒီလို ကြောင့်လည်း အိမ်မှာ အမြဲတမ်း ချီးမွန်းခံထိတယ်။ အထူးသဖြင့် အစ်ကိုအကြီးဆုံးက ခဏခဏပြောတဲ့ "မင်းက ဟိုစပ်စပ် ဒီစပ်စပ်"၊ အစ်မ ကပြောတယ် "နင်ကကောက်ရိုးမီးပါဟယ်"တဲ့။ ကိုယ်အထုပ် ကိုယ်ဖြည်တာလည်း တစ်ခါတစ်ခါ မကောင်း ပါဘူး...။ ဒါပေမယ့်လည်း အများကြီးလျှောက်လုပ် မိတာလည်း မဟုတ်ပါဘူး။ တစ်ခုခုကို အားသွန်းခွန်စိုက် မလုပ်တာ။ အပေါင်းအသင်း မက်တာလည်း ဖြစ်နိုင်ပါတယ်။ ငယ်ငယ်ကတည်းက အခုချိန်ထိ ၀ါသနာ ပါမိတဲ့ အလုပ်ကိုလည်း မလုပ်နိုင်ခဲ့ဘူး။ ဒါကတော့ ပန်းချီဆွဲတာပါ။ ကျောင်း၊ မြို့နယ်အဆင့်ထိအောင် ၀င် ရောက် ယှဉ်ပြိုင် ဖူးပေမယ့် အခုချိန်မှာတော့ စုတ်တံ တစ်ချောင်းတောင် လက်ဝယ်မရှိပါတော့ဘူး။ ဒါက တော့ ငယ်ငယ်ကပါ။ နောက်ဝါသနာတစ်ခုက အလှမွေးငါး မွေးမြူတာပါ။ ဒါကလည်း ဟိုးငယ်ငယ် က တည်းကမွေးမြူ ခဲ့တာပါ။ စီးပွားဖြစ်ထိတောင် လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တိရိစ္ဆာန်မွေးမြူ တယ်ဆိုတာ အကုသိုလ် ဆိုတာ၊ မိဘတွေ မကြိုက်တာ ကတစ်ကြောင်းနဲ့ နောက်ပိုင်း မလုပ်ဖြစ်တော့ပါဘူး အလှပဲမွေးပါ တော့တယ်။ ဒါတောင် ငါးအစာကျွေးရင် နားငြီးရပါ သေးတယ်။

ငယ်ငယ်တုန်းကနေ အခုထိ အထူးသဖြင့် အားကစားဘက်ကို ပိုဝါသနာပါတယ်။ ကျန်အားလပ်ချိန်ကိုတော့ အိမ်က အလုပ်တစ်ခုခု(ဒါမှမဟုတ်)၊ အစ်ကို၊ အစ်မ၊ ညီ(ဒါမှမဟုတ်) သူငယ်ချင်းတွေနဲ့ အချိန်ကုန်တာ များပါ တယ်။ အားကစား ကတော့ အတော်ကို ၀ါသနာပါတယ်။ ဒါပေမယ့် တစ်ခုမှ မထူးချွန်ဘူး။ ဘောလုံး ကန်၊ တေဘယ်လ်တန်းနစ်၊ ရေးကူး၊ ကြက်တောင်၊ စက်ဘီး၊ ခြင်းခတ်တာ ကအစ ပါပဲ။ တစ်နေ့မှာ တစ်မျိုး မရိုး နိုင်အောင် ကစားပါတယ်။ အပေါင်းအသင်းကလည်း ၀ါသနာတူ၊ စရိုက်တူတွေများတယ်။ တခြား စာပေ၊ ဂီတ ဘက်ကတော့ ရံဖန်ရံခါ အပေါင်းအသင်း နဲ့ပါပဲ။ ဘာဂီတမှ ထူးထူးချွန်ချွန် မရှိဘူး။ ၀ါသနာ လည်း မပါ ပါဘူး။ ဂစ်တာကတော့ ရံဖန်ရံခါမှတီးဖြစ်ပါတယ်။ အခုအပေါင်း အသင်း မစုံဖြစ်တော့ သိပ်မတီး ဖြစ်တော့ပါဘူး။ စာပေကတော့ စာရေးတာ ပျင်းပေမယ့် စာဖတ်တာ ကတော့ ၀ါသနာ အထူးပါ ပါတယ်။ အစုံဖတ်တယ်။ ဟာသ၊ ကဗျာ၊ သုတ၊ မဂဇင်း၊ ဂျာနယ်၊ ၀တ္တု၊ ဘာသာပြန်၊ နိုင်ငံတကာသတင်း၊ အားကစား သတင်း တော်တော်များများပါပဲ။ 

လက်ရှိ အချိန် ၀ါသနာ ကတော့ အလုပ်နဲ့ နီးစပ်မိတဲ့ ကွန်ပျူတာကို လေ့လာ သင်ယူ နေပါတယ်။ အသက် ကလည်း ငယ်တော့ဘူးလေ။ လူ့လောကကြီး ရောက်လာတာ ငွေရတု ကျော်သွားပြီကိုး။ ဒါကလည်း ဟိုလိုလို ဒီလိုလို လုပ်မရ လို့လည်း ဖြစ်နိုင်ပါတယ်။ အခုတော့ ကွန်ပျူတာကို ၀ါသနာ သိပ်မပါပေမယ့် ဒီပညာနဲ့ အသက်မွေးဝမ်း ကျောင်းပြုနေ ရတာကြောင့် ငယ်ငယ်တုန်းကလို ဟိုစပ်စပ် ဒီစပ်စပ်၊ ကောက်ရိုး မီး လိုလည်း ၀ုန်းခဲနဲ့ တောက်မရနိုင်တော့ ပါကြောင်း ဖြေးကြားရင်း ကိုယ်ကိုကိုယ် အားတင်း လျက် ဆြာလင်းဦး (စိတ်ပညာ)ရဲ့ တဂ်ကို နိဂုံးချုပ် အပ်ပါသည် .....။

3 မှတ်ချက်ပေးသွားတယ်:

လင်းဦး(စိတ်ပညာ) said...
June 9, 2009 at 10:01 PM

ရွှေရတု ငွေရတု... အဟဲ စာပေကို ချစ်တဲ့သူတွေချည်း ဖြစ်နေပါလား...

thawzin said...
June 10, 2009 at 12:16 PM

စိတ်ပါလက်ပါလေးကြိုးစားလိုက်စမ်းပါ ကွန်ပျူတာခေတ်မှာ ကွန်ပျူတာနဲ့ အသက်မွေးနေမှတော့ အများကြီးသိထားသင့်တာပေါ့
နောက်များဆိုလာ လာမေးအုံးမယ်ဗျာ ကွန် အကြောင်းတွေ

ရွှန်းမီ said...
June 10, 2009 at 11:19 PM

မှန်းကြည့်မယ်.. lucky fish မွေးပြီး ပိုးဟပ်တွေ ကျွေးနေတာ ထင်ပါတယ်..
ကျန်တာတွေကတော့ သဘာဝကျတဲ့ ၀ါသနာတွေပါပဲ =)