"တွေဝေလူငယ်အကြောင်း"

ဖြစ်ရပ်တွေကြား လိုအင်များ
တိမ်မှားစိတ်များ အဆိုးအကောင်း မခွဲခြား
လုပ်သင့်တာ ထက်လုပ်ချင်တာ
စိတ်ထဲရှိရာ လုပ်ကာ
ပြဿနာရေအိုင် မနားတမ်းကူးမယ် .....

မိဘတွေငြိုငြင် အချစ်ဆိုတာသခင်
ငါစိတ်ငါအဆိုးမရ သူငယ်ချင်ွးေ ဖျောင်းဖျ
မလုပ်သင့်မှန်းသိ လုပ်ချင်တာပဲရှိ
အမှားအမှန်မရှိ သူငယ်ချင်းတွေ ပေါင်းဖော်မိ
ကိုးကွယ်ရာမဲ့ ၀ါဒကိုယ်စီနဲ့ .....

ပြဿနာတွေ ကြားနစ်မြုပ်
မှန်ကန်ခြင်းတွေ ဆုတ်ယုတ်
မျက်ရည်ကျတဲ့ မိဘနှစ်ပါး
သူငယ်ချင်းရေ မင်းနဲ့ငါကြား
တစ်နေကုန်ထိုင်ငိုင် ပြဿနာ မခေါ်သည့်တိုင်
ရောက်ရှိဝင်ဆောင့် မုန်တိုင်းတစ်ထောက်
ကြည်လင်စိတ်ပျောက် တွေဝေစိတ်အောက်.....။


KS

2 မှတ်ချက်ပေးသွားတယ်:

ခမ်းကီး said...
June 8, 2009 at 1:36 PM

လာဖတ်ခဲ့ပါတယ်။
အာ၍ အားပေးနေပါမည်။

mynewlife2008 said...
June 8, 2009 at 10:52 PM

မှန်လိုက်တာဗျာ
သဘောကျတယ်ဗျာ
ကဗျာလေးကို ဆက်လက်အားပေးသွားပါတယ်
ဒီကဗျာလေးကို
http://futuredream.ning.com မှာတင်ခွင်ရမယ်ဆိုရင်
လာကူးချင်ပါတယ်
အရားအားလုံးကံကောင်းပါစေ