ခုကောင်းမည်၊ တော်ကြာကောင်းမည်၊ ကောင်းချင်မှလည်း ကောင်းမည်

ပြတ်ပြန်ပဟ
 
ဒီနေ့ ၇.၁၁.၀၇ နေ့မှာ အင်တာနက် လိုင်းတွေ ခဏပြတ်သွားတယ်၊ ခါတိုင်းရနေတဲ့ bagan mail,mpt mail တွေတောင် သုံးလို့မရတောင် ဖြစ်သွားပြီ၊ ဘယ်တော့ ပြန်ကောင်းလာမလဲ မသိပါဘူး၊ ကျွန်တော်မှာလည်း ဆွေးနွေးစရာ၊ အကြံဥာဏ်တောင်းစရာ တွေအများကြီးဘဲ၊ ဘယ်လို လုပ်ရမလဲ တောင်မသိဘူးဗျာ၊ အခုလောလောဆယ် ကျွန်တော်တို့ရှိမှာ အခြားနိုင်ငံ တွေဆီမှာ ဘဲရနိုင်တဲ့ လိုင်စင်ရှိ virus software ခွေတွေကို လောလောဆယ်မှာ အသုံးမပြုနိုင်သေးတော့ လောလောဆယ် အဆင်ပြေနိုင်တဲ့ 1 month trail,3 month 3 trail တွေ၊ နောက်ပြီး လိုင်စင်ယူပြီး တဆင့် ပြန်လည် ရောင်းချတဲ့ software cd တွေ လောဘဲရှိတယ်၊ တကယ်တယ် သူတို့ကို အသုံးပြုတဲ့အခါ အများကြီး ကျွန်တော်တို့ဆီမှာ ပြသာနာရှိတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ windows 98,2000,nt,me,xp,server 2003 ဆိုတာတွေကလည်း ကျွန်တော် တို့က လိုင်စင်ယူ update လုပ်ထားတဲ့ software တွေမဟုတ်ဘူး၊ တဆင့် ဆိုင်တွေဆီက အလွယ်တကူ ငွေ(၅၀၀)ကျပ် ပေးလိုက်ရင် လက်ရှိ အနောက်နိုင်ငံ တွေဆီမှာ သုံးနေတဲ့ နောက်ဆုံး ပေါ် software တွေဆိုရင် တစ်ပါတ် နှစ်ပတ်နဲ့ အလွယ်တကူ ရနိုင်ပါတယ်၊ ဥပမာ microsoft ရဲ့ windows vista ဆိုရင် အမေရိကားမှာ အသုံးပြုသူတွေ ဟာ ဒီအခွေကို စစချင်း အသုံးပြုဘို့အတွက်၊ ၀ယ်ယူဘို့အတွက် သူတို့အပင်ပန်း ခံခဲ့ရတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ software ခွေ ပေါ်ပြီး တစ်ပါတ် နှစ်ပတ်လောက်နဲ့ အဲဒီအခွေကို လွယ်လွယ်ဝယ် လို့ရနေပါပြီ၊ တော်တော်ထူးဆန်းပါတယ်၊ အဲဒီလို ဘာမသိညာမသိ ၀ယ်ပြီးသုံးတဲ့အထဲမှာ ကျွန်တော်တို့လည်း ပါတာပေါ့၊ ၀ယ်ပြီးတော့ ကျွန်တော် ဆီမှာ လက်ရှိသုံးနေတဲ့ xp profressional ကို ဖြုတ်ချပြီး ဒီကောင့် ကို intall လုပ်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ အင်တာနက်မှာတာ မြင်ဘူးနေတဲ့ windows vista homee edition ပါဘဲ၊ အဲ run ပြီး တစ်ပါတ်၊ နှစ်ပတ်ကြာတဲ့အခါမှာ စပြီး ပြသာနာပေါ်ပါတယ်၊ သိတဲ့ အတိုင်းဘဲဗျာ၊ နိုင်ငံခြားမှာ ဒီလို liscene software ဆိုရင် အနည်းဆုံး ဒေါ်လာရာချီပြီး ပေးရတာ ကြားပါတယ်၊ ဒီမှာကတော့ အတုအယောင်တွေပါ၊ သိပ်မကြာပါဘူး၊ ကျွန်တော်စက်လည်း အမျိုးမျိုး ပြသာနာတွေ ပေါ်ပြီ အရင် xp 2006 advaced ကိုဘဲ ပြန်တင်ရပါတယ်၊ နောက်ပြီး virus ဆော့ဝလ်တွေ လည်းဒီအတိုင်းပါဘဲ၊ ကျွန်တော်တို့ဆီမှာ လက်ရှိ ဖရီးဆော့ဝလ်တွေမှာ ကောင်း ကောင်း အလုပ်လုပ်တာဆိုလို့ notron,avg,symantec coporate,macfee,kapersky 6.0 (7.0 က activate မရးသေးပါ),bit defender(ဒါကိုတော့ မသုံးဖူးသေးပါ)လောက်ပါဘဲ၊ အဲဒီအထဲ မှာကိုက norton 2003,norton doctor,norton internet secrity,avg7.0,7.5, 7.9,symantec coporate တို့လောက်သာ update မှန်မှန်၊ full scan တွေနဲ့သာ ကောင်းကောင်း အသုံးပြုလို့ရပါတယ်၊ ဒါတောင် ဟိုတလောက ပေါ်လာတဲ့ flashy လိုဟာမျိုးဆိုရင် တော်တော်ကို အကခက်အခဲ ဖြစ်ရပါတယ်၊ သိတဲ့အတိုင်းဘဲလေ norton ကလုံးဝ မဆွဲဘူး(ကုမဏီက တရားစွဲရင် လည်း မတတ်နိုင်၊ free software (အမှန်အကန်အားပေးခဲ့တာ)ကိုဘဲ သုံးခဲ့တာပါ၊ ဒါပေမယ့် update ကတော့ မှန်မှန် download လုပ်ခဲ့ပါတယ်) avg က ပထမတော့ ဆွဲတယ်၊ နောက်လည်း အတူတူဘဲ၊ အဲဒီအခါမှာ ဒီ flashy က Usb device ကို ဖျက်ဆီးပါတော့တယ်၊ ဥပမာ Usb နဲ့ သုံးတဲ့ camera,mp4,mp3,meory stick,ipod စတဲ့ other device တွေမှာ flashy ကိုမတွေ့ချင်မှ အဆုံးပါဘဲ၊ ဥပမာ camera မှာဆိုရင် ဓါတ်ပုံဖိုင်တွေ save ရင် ရှိတဲ့ဆိုဒ်ရဲ့ သုံးပုံတစ်ပုံလောက် ပဲ save လုပ်ရတော့တယ်၊ memory stick မှာလည်း ဒီအတိုင်းဘဲ၊ Usb ကိုကြည့်ရင် ဖရီးဆိုဒ်ပါ၊ ဒါပေမယ့် use space မှာတော့ memory stick ရဲ့ သုံးပုံတပုံလောက်ကို သူနေရာယူထားမှာပါ၊ သူရှိတဲ့ (flashy ၀င်သွားတဲ့)ကွန်ပျူတာဆိုရင် folder option တွေသုံးလို့မရတော့တာ၊ ဒါမျိုးတွေ အများကြီး ကြုံကြမှာပါ၊ အခုနောက် ပေါ်လာတဲ့ avg antivirus 7.5 Internet security မှာတော့ ဒီ ကောင့်ကို သတ်လို့ရပါပြီ၊ kapersky လည်းဒီလိုပါဘဲ၊ ဒါပေမယ့် ကျွန်တော်တွေ့ဘူးတဲ့ ဗိုင်းရပ်စ် ကာကွယ်တဲ့ ဆော့တွေမှာ သူကိုယ် ကျွန်တော်သဘော အကျဆုံးပါ၊(တချို့ကတော့လည်း မျက်စိ နောက်လွန်းလို့)၊ ဘာလို့လဲဆိုတော့ သူရဲ့အသုံးပြုပုံ၊ ကာကွယ်ပုံ၊ harddisk space နေရာယူမှု တွေဟာ တခြား anvtivius တွေနဲ့ဆိုရင် တော်တော်ကွာခြား လွန်းပါတယ်၊ ဥပမာ norton နဲ့ယဉ်ရင် သုံးပုံတစ်ပုံ သာရှိပါတယ်၊ အင်မတန်အသုံးတည့် ပါတယ်၊ အဆင့်လည်းမြင့်ပါတယ်၊ အခုကျွန်တော် တော့မှာ အခက်အခဲ တစ်ခုဖြစ်နေ တာက Kapersky Internet Security 6.0 မှာ update လုပ်မရခြင်း ပါဘဲ၊ အင်မတန် ထူးဆန်းပါတယ်၊ ဒါဟာ ကျွန်တော် အသုံးမကျလို့ ဘဲဖြစ်မှာပါ၊ ဒါပေမယ့် ကျွန်တော့် 7.0 ကို တော့ Update မှန်မှန် လုပ်နိုင်ခဲ့ပါတယ်၊ အခုအသုံးပြုနေတာက internet နဲ့ ချိတ်ဆက်ထား သော kas 6.0 က ပိုအဆင်ပြေ မလားဆိုပြီး ကျွန်တော် အသုံးပြုခဲ့တာပါ၊ အခုတော့ မလွယ်ပြီ၊ ကျွန်တော်မေးချင်တာ၊ ဆွေးနွေးချင်တာ ကလည်း ဒါပါဘဲ၊
အခုတော့ စကားကြော ရှည်သွားပြီဗျာ (အပိုစာသားတွေ၊ လေရှည်သွားတာတွေ၊ ဆရာကြီးလုပ်မိသွားတာတွေ)ပါရင် ခွင့်လွှတ် ပါဗျာ၊ ဘလော့ကို ကောင်းကောင်း မရေးတတ်သေးလို့ပါ၊ ငယ်ငယ်တုန်းကလည်း အင်္ဂလိပ်စာ မပြောပါနဲ့၊ မြန်မာစကားပြေတောင် ဖြောင့်ဖြောင့်တန်းတန်း ရေးနိုင်တာမဟုတ်ဘူး၊ (ကိုယ့်ကိုကိုယ် မြောက် လွန်းနေပြီဗျာ) :) ကောင်းပါပြီ၊ ၀င်ပြီးအကြံဥာဏ် ပေးနိုင်ပါတယ်၊ ဆွေးနွေးနိုင် ပါတယ်ဗျာ၊ အားလုံးကိုကြိုဆိုပါတယ်၊

0 မှတ်ချက်ပေးသွားတယ်: