စိတ်ပျက်တယ်


ဒီနေ့ကတော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆီက အင်တာနက်မြန်နှုန်းတွေ တော်တော်လေးကို ကျနေလို့ပါ။ Google Homepage တခုတက်ဖို့ တောင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာတယ်၊ စဉ်းစားကြည့်ပေါ့ဗျာ၊ နောက်ပြီးကျွန်တော်တခု ဆွေးနွေးစရာရှိတယ်၊ အခု Microsoft ရဲ့ Media Player တခုဖြစ်တဲ့ media 11 ဟာ တော်တော်လေးကို ဖန်ရှင်စုံပါတယ်၊ ဒါပေမယ့် လောလောဆယ်မှာ ကျွန်တော်တို့ အတွက် တော်တော်လေးကို သုံးရတာ အခက်အခဲဖြစ်နေတယ်၊ အဲဒီတော့ update မလုပ်တော့ဘဲ အရင် media 10,9,8 တွေကို ပြန်လည်သုံးချင်ရင် ဘယ်လို ပြန် install လုပ်ရမလဲ၊ နောက်ပြီး အဲဒီမီဒီယာမှာ ဓါတ်ပုံရိုက်တဲ့အခါ ဘယ်လိုအသုံးပြုသလဲ၊ ကျေးဇူးပြုပြီး အကြံဥာဏ်လေးတွေ ပေးချင်ပါတယ်၊ ၀င်ရောက်ဆွေးနွေးဘို့နဲ့ ဘယ်လို အသုံးပြုရမယ်ဆိုတာကိုလည်း ရှင်းပြပေး စေချင်ပါတယ်ဗျာ။

ကျေးဇူးတင်စွာဖြင့်
ခင်မောင်ငြိမ်း

0 မှတ်ချက်ပေးသွားတယ်: