“အနက်မရှိတဲ့ အဓိပ္မါယ်”


အတိမ် အနက်မဲ့ အရေ အတွက်ခက်
အဓိပ္မါယ် ရှင်းလင်းချက် formula တွေ သွေးပျက်
ပြောရ တာလွယ် မောဟ တွေကြွယ်
အမုန်း ဆိုတာတော့ ရှင်းပါတယ် ..... ။

အနက်မဲ့ လေဟာနယ် သက်သက်မဲ့ ဆော့ကစားတယ်
စိတ်ကူးယဉ် အိမ်မက်တွေနဲ့ အချစ်ဆူးမှာ ရီဝေနေခဲ့
ဘာမှန်း မသိတဲ့ အချစ် ဒုက္ခအလယ် စိတ်ကိုနှစ်
ကြည်နူး ကြတာ ဘာလဲ မမြင်ဘူးတာ ရှာသလိုပဲ ...... ။

မျက်စိစုံမှိတ် အိပ်စက်ချင် တဲ့စိတ်နဲ့
ကိုယ့်ကို ကိုယ်ညာ ကိုယ့်လိပ်ပြာ ကိုယ်လှည့်ကာ
စူးစမ်း စမ်းသပ် ခံစားမှု စတေးလျက်
မျိုးမတူ သတ္တ၀ါ အဆိုးကို အကောင်း မြင်ကာ ....... ။

ချစ်ရသူ တစ်ယောက် ကမေးခဲ့ အချစ် ဆိုတာဘာလဲ
လက်တွေ့ လည်းမရှင်း ပါးစပ် ကလည်း မငြင်း
ငါ့ကို ငါညာ အဖြေ ဆိုတာ မရှိပါ ....... ။

written by KKS

0 မှတ်ချက်ပေးသွားတယ်: