“လူငယ်-အချစ်ထဲက-အညစ်”


မိန်းမတို့ရဲ့ ဆွဲဆောင်ရာ တိမ်းမှောက် စွာနဲ့ လဲလျောင်းကာ
ဖြူချော ကျစ်လျစ် လူသဘော သတိလစ်
လူငယ်မျိုး အခုချစ် ပျိုရွယ်မှု ချိုးအညစ်
မျက်ကန်း နှလုံးသား ရှက်ရမ်း စကားလုံးများ
စိတ်ကွယ်က အသိ ဖိတ်လွယ် ကာညိ ..... ။

ပျိုမြစ်သူတို့ မူးယစ် ရာသို့
ေ၀၀ါးကာ အချို့ ထွေပြား စွာပျို့
အတွေ့ အထိ စူးစမ်း ခဏငြိမှ အရှုးမှန်း
ကြာလေ ရိုးလာ မိန်းမမာယာ
ရုပ်ရည် မဆိုးပါ ချစ်တယ် ပြောမှာ
လူငယ် နောက်ကွယ် အညစ် ရှိတယ် ..... ။

နောက်ကွယ် ချိန်းတွေ့ လက်ချင်း ချိတ်
နှုတ်ဆက် ချင်အနမ်း ငါ့အတွက် ကစားတမ်း
နမ်းဖူး ခဲ့တဲ့ နှုတ်ခမ်း စမ်းဖူးခဲ့တဲ့ ချောက်ကမ်း
လူငယ် အချစ် မှောင်လာ လေညစ်
မရိုးတမ်းတွဲ ငြီးငွေ့ စရာ အလွမ်း
ငါ့အတွက် မစမ်း နင်ရဲ့ အလွမ်း ..... ။

မခုံမင် တော့တဲ့ ပုံပြင် မဆုံချင် တော့တဲ့ အညစ်ပိုင်ရှင်
ငြီးငွေ့ ဖွယ်ခံစား ရိုးလှတဲ့ အတွေ့များ
ရင်ခုန်အောင် မင်းလုပ် နိုင်မလား သေတမန် အရိုးထုတ်စား
ငါ့အတွက် အသစ် အဆန်းများ နင်ကိုယ်တိုင် ကြံဆမလား
ငုတ်တုတ် ထိုင်စောင့် အရိပ်အောက် စိတ်ရှုပ်တာက အတိတ်ပျောက်
လူငယ် အချစ် နောက်ကွယ် က အညစ် ......... ။


written by KKS

0 မှတ်ချက်ပေးသွားတယ်: