၁။ ကွန်ပျူတာအား အခြားသူများကို ထိခိုက်နစ်နာစေရန်အတွက် အသုံးမပြုရ။
(ကွန်ပျူတာကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဖြစ်သည်)
၂။ အခြားသူများ၏ ကွန်ပျူတာလုပ်ငန်းများကို အနှောင့်အယှက်မပေးရ။
(ဥပမာ- အဓိပ္ပာယ်မဲ့ အီးမေးလ်များကို မတန်တဆပေးပို့ခြင်း၊ ကွန်ပျူတာဗိုင်းရပ်စ်များပေးပို့ခြင်း)
၃။ အခြားသူများ၏ ကွန်ပျူတာဖိုင်များကို ခိုးမကြည့်ရ။
(တစုံတယောက်က ခွင့်ပြုချက်မပေးဘဲ ထိုသူ၏ကွန်ပျူတာဖိုင်များကို ဖွင့်မကြည့်ရ)
၎။ ကွန်ပျူတာကို ခိုးမှုကျူးလွန်ရန်အတွက် အသုံးမပြုရ။
၅။ ကွန်ပျူတာကို လွဲမှားသောသက်သေခံရန်အတွက် အသုံးမပြုရ။
(ဥပမာ- ကောလာဟလများပေးပို့ခြင်း၊ မိမိအီးမေးလ်လိပ်စာများကို လွဲမှားစွာပေးပို့ခြင်း)
၆။ ကုမ္ပဏီတစ်ခုခုမှ ထုတ်လုပ်သည့်ဆော့ဖ်ဝဲများကို သတ်မှတ်ထားသည့် အခကြေးငွေများပေးဆောင်ခြင်းမပြုဘဲ
ကူးယူသုံးစွဲခြင်းမပြုရ။
ဆော့ဖ်ဝဲ၊ တေးသီချင်း စီဒီသို့မဟုတ် ဒီဗွီဒီများကို မူပွားကူးယူပြီး သူငယ်ချင်းများအား လက်ဆင့်ကမ်းပေးဝေခြင်းမပြုရ)
၇။ တစ်ဦးတစ်ယောက် ပိုင်ဆိုင်သည့် ကွန်ပျူတာဖြင့် ထိုသူ၏တရားဝင်ခွင့်ပြုချက်မရဘဲ ထိုက်တန်သည့်
အခကြေးငွေပေးဆောင်ခြင်းမရှိဘဲကိုယ်ကျိုးအတွက် အသုံးမပြုရ။
၈။ တစ်ဦးတစ်ယောက်၏အသိဥာဏ်ဖြင့် ပြုလုပ်ဖန်တီးထားချက်များကို အပိုင်စီးကာချုပ်ကိုင်ထားခြင်းမပြုရ။
(သီချင်း၊ဂီတ၊စာ၊ရုပ်ပုံများကို မူပိုင်ရှင်ခွင့်ပြုချက်မရဘဲ အပိုင်စီးကာ ထင်သလိုပြုလုပ်ခြင်း)
၉။ မိမိရေးသားထားသည့် ကွန်ပျူတာပရိုဂရမ်စနစ် သို့မဟုတ် ဒီဇိုင်းတစ်ခုသည် လူ့ဘောင်အဖွဲ့အစည်းနှင့် ပြဿနာဖြစ်စေမည့်
အချက်များမဖြစ်စေရန် ထည့်သွင့်စဉ်းစားရမည်။
၁၀။ ကွန်ပျူတာကို လူ့ဘောင်က အထင်ကြီးလေးစားစေမည့် အချက်များအပေါ်တွင်သာ အခြေခံပြီးသုံးစွဲရမည်။
(တစ်ဦးတစ်ယောက်က မလုပ်ပါနှင့်ဟု အမိန့်ပေးစေခိုင်းမှ ရှောင်ကြဉ်ရခြင်းထက် ကိုယ်တိုင်ကမလုပ်သင့် မလုပ်ထိုက်သည့်
ကိစ္စတစ်ခုအနေဖြင့် ရှောင်ကြဉ်ရန်ဖြစ်သည်)
http://itmen.myanmarbloggers.org
Showing posts with label ကိုယ်ကျင့်တရား. Show all posts
Showing posts with label ကိုယ်ကျင့်တရား. Show all posts
ကွန်ပျူတာကိုယ်ကျင့်တရား ဆယ်ပါး
Subscribe to:
Posts (Atom)