Showing posts with label ဖြေရှင်းချက်. Show all posts

Showing posts with label ဖြေရှင်းချက်. Show all posts

Tag

ဝါသနာလေးများ

ကျွန်တော့်မှာ Tag ကြွေးတွေ နှစ်ခု လောက်ရှိတဲ့အထဲက လောလောဆယ် အင်တာနက် မြန်နှုန်းလေး ပြန်ကောင်းတာနဲ့ မှတ်မှတ်ရရ အရင်တစ်ပါတ် ကျော် ကျော်က Tag ထားတာလေးကို အလောတကြီး ဖြေရှင်း လိုက်ပါတယ်။
အရင် တစ်တစ်လောက ကိုဂစ်တာ Tag ထားတဲ့ ပိုစ်ခေါင်းစဉ်ကိုတော့ လောလောဆယ် ဘလော့ထဲမှာ ပြန်ရှာပေမယ့် မတွေ့သေးတာရယ်၊ Tag ခေါင်း စဉ်မေ့နေတာရယ်ကြောင့် မရေးဖြစ်သေးပါဘူး၊ ဒီစာနဲ့ပဲ ကိုဂစ်တာကို တောင်းပန်လိုက်ရပါတယ်။ အွန်လိုင်းပေါ် တွေ့မှပဲ မေးပြီး ကျွန်တော်ရေး ပေးပါတော့မယ်။
ဝါသနာကတော့ ငယ်ငယ်ကတည်းက ခပ်များများရယ်ပါ။ လိုင်းကလည်း စုံပါတယ်။ ၀ါသနာအရ အားကစား ဆိုရင်လည်း ရေကူး၊ ဘောလုံးကန်၊ Table Tennis စတာတွေပါပဲ။
တခြားဘက်မှာ ၀ါသနာပါတာကတော့ သိပ်မရှိပါဘူး။ အားတဲ့အချိန် ဗဟုသုတရမယ့် ကွန်ပျူတာဂျာနယ်၊ စာအုပ်၊ အားကစားဂျာနယ် ဖတ်တာ၊ ကိုယ်ကြိုက်တဲ့ နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းကားတွေ၊ သီချင်းတွေ နားထောင် တတ်တာကလွဲပြီး ကျွန်တော့် အတွက် ထွေထွေထူးထူး မရှိသလောက်ပါပဲ။ နောက်အားတဲ့အချိန် အိမ်ပဲ အနေများတဲ့ ကျွန်တော်..... တစ်ခါတစ်လေ အဖေရဲ့ လုပ်ငန်းလေးတွေ၊ အမေ မီးဖိုချောင် ကူညီလုပ်ကိုင် ပေး ရင်း ဒီလောက်ပါပဲ.....။

ကျွန်တော့်ကို Tag ပိုစ့်မျှဝေပေးတဲ့ မမေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတစ်လော ဘလော့ပိုစ့်ရေး ချင်စိတ် တွေ တော်တော်လေး ကုန်ဆုံးနေတာ၊ ပိုပြီး ဆိုးသွားတာက အင်တာနက်တွေ လုံးဝ မြန်နှုန်းကျသွားကတည်းက အွန်လိုင်းပေါ် မရောက်တာလည်း ၁၀ ရက်ကျော်ကျော် ရှိသွားပြီ။ စိတ်တော့ တော်တော်လေးကို ပိန်သွား တယ်..။ အခုတော့ ကွန်နက်ရှင် နည်းနည်း ပြန်ကောင်းသွားတာနဲ့ ချက်ချင်း Tag ကြွေးလေးတွေ ဆပ်လိုက်ရ ပါတယ်။ ဒါတောင် တစ်ခုရှိသေးတယ်။ ခေါင်းစဉ်မေ့သွားလို့ဗျ...။

ထပ်တော့ အစ်ကို၊ အစ်မတွေကို ထပ်မ Tag တော့ပါဘူး။ အလုပ်ရှုပ်၊ ကွန်နက်ရှင်မကောင်းတာမို့ ကျွန်တော့် ကေမောင်ငြိမ်း က ထပ်ပြီး ဒုက္ခမပေး(နောက်မှပဲငြင်းဆဲ)တော့ပါဘူးဗျာ....။

ဆက်လက်ဖတ်ရှုပါရန်...

ကိုဟန်သစ် Tag

`Ten Things I Hate About Myself´
၁ = ဖြစ်ချင်တာတွေ အရမ်းများတယ်။
၂ = လုပ်ချင်တာတွေ အရမ်းများတယ်။
၃ = လူတိုင်းကို ကူညီချင်တယ်။
၎ = အရာရာတိုင်းကို စာနာ နားလည်ချင်တယ်။
၅ = မဖြစ်နိုင် မှန်းသိလျှက် လုပ်တတ်တဲ့အကျင့်ကို မုန်းတယ်။
၆ = ကိုယ်ပေါ်မကောင်းတဲ့လူကို မခွင့်လွတ်တတ်တဲ့ အကျင့်ကို မုန်းတယ်။
၇ = စိတ်ကူးပြီး အကောင်အထည် မဖော်တတ်တဲ့ အကျင့်ကို မုန်းတယ်။
၈ = အရာတိုင်းကို အကောင်းမြင်ချင် ပါလျက်နဲ့ အဆိုးဘက် ပါသွားတတ်တဲ့ အကျင့်ကို မုန်းတယ်။
၉ = အပြုသဘော မဆောင် တတ်တဲ့ အကျင့်ကိုမုန်းတယ်။
၁၀ = သဘောကောင်း၊ မနောဖြူ၊ ရောင့်ရဲတင်းတိမ်၊ ရိုးသား၊ ကြိုးစား အဲဒီစိတ်ဓါတ်တွေ ရှိတဲ့လူ တွေ့ချင် တယ်။ ဒါပေမယ့် လည်း မုန်းမိမှာပဲ။ (ဘာလို့လဲ ဆိုတော့ သူဟာ ဒီလူ့ပြည်မှာ မနေသင့် တော့ဘူး။ အထူး သဖြင့် ရွှေ ပြည် ကြီးမှာပေါ့။ :)
ဆက်ပြီး ဒုတ်ခပေး (အဲမှားလို့) Tag မှာကတော့
ကို idulize
ကို Guiter
ကို Thihanyein
ကို Yewintthu
ကို Naylynn
မနှင်းပွင့်ဖြူလေး(ဖန်တူမကြီး)
Mamegumi
မရွှေပြည်သူ

ဆက်လက်ဖတ်ရှုပါရန်...

ဖြစ်သလိုလေးပဲ စားလိုက်ပါတယ် .....

ကိုဟန်သစ် Tag ကို ဖြေရှင်းပြီး တာနဲ့ ကိုနေလင်း Tag ကို ထပ်မံဖြေရှင်း လိုက်ပါတယ်၊ မရေးတတ် ရေးတတ်၊ မဖြီးတတ် ဖြီးတတ်နဲ့ပါ၊ မြန်မာစာ၊ မြန်မာလူမျိုး ဆိုပေမယ့် မြန်မာစာရမှတ် ကတော့ အမြဲတမ်း ပျမ်းမျှရမှတ် ထက်မပိုပါဘူး၊ အထူးသဖြင့် စားရေးရဆုံး စာစီစာကုံးပါ၊ စာရေးတာ၊ စာဖတ်တာ ၀ါသနာ ပါပေမယ့်၊ ကိုယ်ရေး တဲ့စာ ကိုယ်ပြန်မဖတ်ချင်တဲ့ သူတွေထဲမှာ ကျွန်တော် အမြဲတမ်း ထိပ်ဆုံး ကပါမှာပါ၊ အခုလည်း ဒီလိုပါဘဲ၊ ကိုနေလင်း Tag ကို ဖြေရှင်း ပါမယ့်ဆိုမှ မဆီမဆိုင် ကျွန်တော် စာရေးညံ့တာ ထိပ်ဆုံးက ပါလာ ပြန်ပြီ၊
ဖြေပုံကတော့ ဒီလိုပါ၊ "ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်" ဆိုတာဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် သိပ်ကိန်းဂဏန်း မဆန်ပါဘူး၊ အထူးသဖြင့် မနက်အိပ်ရာထ မနက်စာက ရိုးရိုး ရှင်းရှင်း လေးပါ၊ ပဲပြုတ်နဲ့ ထမင်းကျော်၊ ဒါမှမဟုတ်၊ အမေ၊ အဘွားလုပ်ကျွေးတဲ့ မြန်မာမုန့် တစ်ခု၊ လက် ဖက်ရည် ရေနွေးကြမ်းနဲ့ပေါ့၊ တစ်ခါတစ်လေ လွယ်လွယ်ကူကူ မြန်မာမုန့်ဟင်းခါး၊ အသုပ်စုံ တွေလည်း ၀ယ်စားတတ် တယ်၊ "ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်" ဆိုတဲ့ ခေါင်းစဉ်အောက်ပါပဲ၊ ဒါဟာ ကျွန်တော်တို့ အတွက် အလွယ်ကူဆုံး အစားအစာတွေပါဘဲ၊
နေခင်းနေ့လည်ကတော့ ကျွန်တော်တို့တွေ အတွက် သိပ်အရေး ကြီးပါတယ်၊ မြန်မာလူမျိုး တော်တော် များ များ ဟာနေ့ခင်း နေ့လည်ကို ဟင်းကောင်းကောင်း ထမင်း ကောင်းကောင်း ချက်စား တတ်ကြ ပါတယ်၊ များ သော အား ဖြင့်ပေါ့ဗျာ၊ ဟင်းအမည် ၃ မျိုး ၄ မျိုး၊ ကျွန်တော် ပြောတာထက် ပိုရင်လည်း ပိုမှာပါ၊ နောက်ပြီး ဟင်းရည် သောက်၊ တို့စာရာ၊ အရွက်သုပ် တစ်မျိုးမျိုးနဲ့ပေါ၊ နောက်ပြီး ငါးပိကျော် စသည်ဖြင့်ပါပဲ၊ ထမင်း ကတော့ ပေါ်ဆန်းမွေး၊ တောင်ပြန်မွေး၊ ကောက်ကြီးဆန် စသည်ဖြင့်ပေါ့၊ ကျွန်တော်ကတော့ "ဖြစ်သ လိုလေးပဲ စားလိုက်ပါတယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ဆိုရင် ကိုယ်အိမ်ကိုယ့်ရွာ မဟုတ်တဲ့ အလုပ် လို နေရာမျိုးမှာ ဆိုရင်တော့ ကျွန်တော့်အတွက် သိပ်လွယ်တယ်၊ လမ်းဘေး မုန့်ဈေးဆိုင်၊ ဒါမှမဟုတ် ထမင်းဆိုင်၊ စား သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် နဲ့ လွယ်လွယ်ကူကူ ပြီးသွားတတ်ပါတယ်၊ တစ်ခါ တစ်လေ လက်ဖက်ရည် တစ်ခွက်၊ မုန့်တစ်ခု နဲ့လည်း တင်းတိမ် တတ်ပါတယ်၊ အလုပ်အခြေ အနေပေါ် လည်းမူတည် ပါတယ် ပေါ့လေ၊
တစ်ခါ ညစာ ထမင်းစားတဲ့ အခါမှာလည်း ထိုနည်းလည်း ကောင်းပါဘဲ၊ ကျွန်တော်တို့တွေ ကတော့ ညစာကို အထူးတလည် ပြင်ဆင်ခြင်း မရှိကြပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အတူတူပါပဲ၊ သိပ်ခမ်းခမ်း နားနားမရှိပါဘူး၊ အထူးသဖြင့် ညစာစားတဲ့အခါ မှာတော့ မိသားစု တော်တော်များများ စုံစုံညီညီ စားကြတာကို တော့တွေ့မယ် ထင်ပါတယ်၊
ကျွန်တော်ကို့ Tag တဲ့ ကိုနေလင်း ရေ၊ ကျွန်တော်ရဲ့ အတွေးအမြင်လေးကတော့ ဒီလောက်ပါဘဲ၊ ကျွန်တော့်ကို Tag တဲ့အတွက် ကျွန်တော် ၀မ်းသာသလို၊ ပျော်ရွင်မိပါတယ်၊ ဘာဖြစ်လို့လည်း တော့ မသိဘူး၊ ကျွန်တော့်စာရေး ပျင်းတာ ဒီ Tag တွေက ကျွန်တော့်ကို စာရေးရအောင် ဆွဲခေါ်သလိုပါဘဲ၊
အစကတော့ Connection ကောင်းရင် ထမင်းဝိုင်း၊ မုန့်ဟင်းခါးပွဲ ပုံလေးတွေပါ တင်မလို့ပါ၊ ဒါပေမယ့် ကိုမောင်မင်းကြီးသား Connection က တစ်ဝက်တစ်ပြက် နဲ့ပြတ်သွားလို့ ရိုက်ပြီးသား နဲ့မနည်းတောင့် Save လုပ်လိုက်ရတယ်ဗျာ၊
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ :D
ကေမောင်ငြိမ်း

ဆက်လက်ဖတ်ရှုပါရန်...

အချစ်ဆိုသည်မှာ ......

ဒီတစ်ခါ ကျွန်တော် ကေမောင်ငြိမ်းကို လာရောက် Tag တာကတော့ "အချစ်ဆို သည်မှာ" တဲ့ဗျာ
ကိုဟန်သစ် Tag တာကတော့ ရက်တောင် အတော်ကြာ သွားပါပြီ၊ သေသေချာချာ စဉ်းစားပြီးမှ ဖြေချင်တာ ရယ်၊ အတွေ့အကြုံကလည်း ဗဟုသုတ မရှိသလောက် ဖြစ်တာရယ်နဲ့ ချက်ချင်း မဖြေဖြစ်ပါဘူး၊ ဒါပေမယ့် တဂ်တို့ စံအတိုင်း မဖြေမဖြစ် ဖြေရမှာ ဆိုတော့ အဲဒီစကားလုံး နီးနီးစပ်စပ် ရှိမယ့် အကြောင်းအရာ အချို့ကို သေသေချာချာ ပြန်စဉ်းစား ကြည့်တယ်၊ ကွန်ပျူတာ လိုပဲ ဦးနှောက်က နည်းနည်းတောင် ဟမ်းသွားတယ် ဗျာ၊
ဟုတ်တယ်၊ သိပ်မကြာဘူး လူက သိပ်ရှာလို့မတွေဘူး၊ အဲဒါနဲ့ ထုံးစံအတိုင်း Start menu ထဲက Search Tab က For File or Folder ပရိုဂမ် ကခွေးလေးကို သွားအကူအညီ တောင်းရတယ်ဗျာ၊ (စိတ်တော့အရှိနဲ့၊ ကျွန်တော်က အဲဒီအတိုင်းပဲ ရှာတတ် တာ) သူ့လည်း တော်တော်မောသွားတယ်ဗျ၊ အဲတွေ့ပြီဗျ၊ ဟာ ခက်တယ်ဗျာ၊ Short Cut နဲ့ လာပေါ်တယ်၊ မရဘူး၊ ကျွန်တော် သူ့ကို မညှာဘူး၊ ထပ်ရှာခိုင်းတယ်၊ ဟော တွေ့ပြီဗျ၊ ငယ်ငယ်တုန်းက အဖြစ်ပါဘဲ၊ ဗားရှင်း ကတော်တော် အောက်နေပြီဗျာ၊ အခု Vista OS နဲ့ဆို ပွင့် တောင့်ပွင့် ပါမလားမသိဘူးဗျာ၊ အဲဒါနဲ့ XP Os ရှိတဲ့ သူငယ်ချင်း စက်သွားဖွင့်ကြည့်တယ်၊ သူကလည်း ဟိုး ငယ်ငယ် ကျောင်းနေဖက် ကတည်းက ပေါင်းသင်းလာတဲ့ သူငယ်ချင်းဆိုတော့ သွားမေးကြည့်တာ၊
သူလည်း သိပ်မမှတ်မိဘူးဗျာ၊ ဘယ်မှတ်မိပါ့မလဲ၊ သူက ကျွန်တော်မှ မဟုတ်တာကို၊ ဒီလို့နဲ့ စက်ကတက်၊ ဦးနှောက် က တဖြည်းဖြည်း ရေးရေး ရေးနဲ့ ပေါ်လာတယ်၊ မှတ်မှတ်ရရ အချစ်ဆိုတာလား၊ ၉ တန်း၊ ၁၀ တန်း လောက်ပေါ့ဗျာ၊ အချစ်ဦး လို့ ဆိုရပေ မယ်ပေါ့ဗျာ၊ နောက်ပြီး Uni တက်တုန်းက၊ ဒါပေမယ့် အဝေးသင် တက်ခဲ့တာဆိုတော့ Uni ဆိုတဲ့ အရသာ လည်း မခံစားခဲ့ရပါဘူး၊ အဲဒီတော့ ရုပ်ရှင်၊ ဗွီဒီယို ဇာတ်လမ်းထဲက လို အက်ရှင်တွေလည်း မရှိဘူး၊
ကိုဟန်သစ် ဖြေသလို ၊ ကို idulize လို ဖွဲ့ဖွဲ့၊ နွဲ့နွဲ့ ရေးချင်တယ်၊ ဟာသဆန်ဆန် လေးလည်း ရေးချင်တယ်၊ ဒါပေမယ့် အဲဒီလို အိုင်ဒီယာမျိုးက ဘယ်သွားငှားရ မလဲမသိဘူးဗျာ၊
ဒါနဲ့ပဲ ပုံပြင်တစ်ပုဒ်လို နားထောင်ကြည့်ဗျာ၊ ကျွန်တော်ကြုံတွေ့ခဲ့ ရတာလေးပါ၊ Tag ခေါင်းစဉ်နဲ့ တောင် ဆိုင်ပါ့မလားမသိဘူး၊
လွန်ခဲ့တဲ့ ခြောက်နှစ် ခုနှစ်လောက်က အထက်တန်းကျောင်းသား ဘ၀တုန်းက ပေါ့ဗျာ၊ အတန်းထဲက ကိုယ်ထက် တစ်နှစ် လောက်ကြီးတဲ့ (ဒါပေမယ့် အတန်းက အတူတူဗျ) ကောင်မလေး တစ်ယောက် ကိုချစ်ခဲ့ မိတယ်ဗျာ၊ အရင်တုန်းက ကျောင်းခေါ်ကြိမ် Regesiter စာအုပ်ရဲ့ ပျက်ကွက်စာရင်းမှာ အမြဲတမ်း လိုလို ပါနေတဲ့ ကျွန်တော်က ဒီကောင်မလေးကို စတွေ့တဲ့ နောက်ပိုင်းပေါ့ဗျာ၊ ကျောင်းကို ကျွန်တော် အမြဲတမ်း အစောဆုံး ရောက်ခဲ့တယ် (သူအိမ်က ကျောင်းနဲ့နီးတယ်) ကျောင်းတက်မှန်ခဲ့တယ်၊ ကျောင်းအလုပ်တွေ သူများထက် များများ ရှောင်တယ်(အဲမှားလို့) ပိုလုပ်တယ် ခဲ့တယ်ထင်တယ်၊ ဒါပေမယ့် ဒါတွေဟာ သူနဲ့စတွေ့ပြီးမှပါ၊ အဲဒီမတိုင်ခင်ကတော့ ကျွန်တော်က ကျွန်တော် ကျောင်းမှာတော့ ကြီးသုံးကြီး စာရင်းဝင် ပါပဲ၊ ဘာအဓိပါယ်လဲ ဆိုတာတော့ ကျွန်တော် မရှင်းပါရစေနဲ့၊ ကောင်းတဲ့နေရာ၊ အတုယူစရာ ကောင်းတဲ့ နေရာမဟုတ်တော့ ကျွန်တော်မပြောချင် ပါဘူး၊ နောက်ပြီး ဆိုလိုရင်း အဓိပါယ်ကလည်း ကျွန်တော်ထင် တယ် ဝေးသထက် ဝေးလာပြီ၊
အဲဒါနဲ့ ဆိုပါတော့ဗျာ၊ စာအုပ်တွေ၊ ဇာတ်လမ်းတွေ ထဲက အချစ် ဆိုတာ အဲဒီမှာ ကျွန်တော် ပထမဆုံး ခံစားတတ် လာတာပါ၊ ဒါပေမယ့် အချစ်ဦး ဆိုတဲ့ အတိုင်း ကျွန်တော် သိပ်ကံမကောင်း ခဲ့ပါဘူး၊ ဒါပေမယ့် သူငယ်ချင်း ထက်မပိုတဲ့ သူ့သံယောစဉ် ကြောင့်လည်း ကျွန်တော် ဘက်က မျိုသိပ်ခဲ့ပါတယ်၊ (စာဖတ်သူကြီး ယုံချင်ယုံ မယုံချင်နေ)သူမ မျက်နှာကို မြင်ချင်လို့ ကျောင်းနေ့တိုင်း လာရတာ၊ သူမကျွေးတဲ့ မုန့်တွေ၊ ထမင်းချိုင့် ထဲက ဟင်းတွေ ဆိုတာလည်း အခုချိန်ထိ လတ်လတ် ဆတ်ဆတ် မှတ်မိနေဆဲပါဘဲ၊ရိုးရှင်းပါတယ်၊ ကျွန်တော် တကယ် သူကို ချစ်ခဲ့ပါတယ်၊ သူငယ်ချင်းတွေက တိုက်တွန်း ပေမယ့် ကျွန်တော် သူ့ကို စတွေတဲ့ အချိန်၊ ချစ်ခဲ့မိတဲ့ အချိန်၊ ပြီးတော့ သူနဲ့မတွေ့တော့ ယနေ့ အချိန်ထိ ကျွန်တော် သူ့ကို ချစ်တယ်လို့ မပြောခဲ့ပါဘူး၊
အဖြူရောင် သူငယ်ချင်း ပါဘဲ ဆိုတဲ့ သီချင်းစာသား လေးကိုပဲ ကျွန်တော် အမြဲတမ်း ရွတ်ဆိုခဲ့မိတယ်၊ ဒါပေမယ့် ကျွန်တော့် အချစ်ဦး မှာ သူငယ်ချင်း ထက်မပိုခဲ့တာတော့ ကျွန်တော် စိတ်မကောင်းပါဘူး၊ တကယ် ဆို ကျွန်တော် သူကို ဖွင့်ပြောခဲ့သင့်တယ် (ဒါကတော့ အခုရနေတဲ့ ကိုကျော်သက်ပြောတဲ့ နောင်တပါ)။ 
ကိုဟန်သစ် စိတ်တော့ မရှိပါနဲ့ဗျာ၊ ကိုဟန်သစ်ငြိမ် ပြောတဲ့ "အချစ်ဆိုသည်မှာ" ခေါင်းစဉ်နဲ့ ကျွန်တော့် အရေးအသား၊ အတွေးအခေါ်၊ အယူအဆတွေ ဆန့်ကျင်နေရင် စာဖတ်သူတွေကို ကျွန်တော် တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော်စာ မရေးတတ်တော့ တတ်နိုင်သလောက် စပ်မိစပ်ရာ ဘာညကွိကွ ပါဘဲ၊
ကိုဟန်သစ် က တော့ အမြဲတမ်း Tag ခံရတိုင်း၊ သူကလည်း သူခင်တဲ့ ညီတွေကို အမြဲတမ်း ဖိတ်ခေါ် ပါတယ်၊ ဒါကိုလည်း ကျွန်တော် အမြဲတမ်း ၀မ်းသာတယ်၊ ဂုဏ်ယူပါတယ်၊ ကြိုးစားပြီး လည်းဖြေပါတယ်၊
ကိုနေလင်း ပြောတဲ့ Tag ကိုလည်း ကျွန်တော် အမြန်ဆုံးရေးပါ့မယ့်ဗျာ၊ ကိုနေလင်း ဆိုရင် ကျွန်တော်ကို Tag တာ အတော်လေးကို ကြာပါပြီ၊ အင်တာနက် မသုံးဖြစ်တာ၊ ပိုစ်ရိုက်မရတာ၊ အီးမေးကတစ်ဆင့် ပို့ပြန်တော့ လည်း၊ ဖောင့်အဆင်မပြေ တာတွေကြောင့် ကျွန်တော် မရေးဖြစ်ပါဘူး၊ ဒါပေမယ့် Tag ဆိုတဲ့ အတိုင်း အမြန်ဆုံး ရေးဖြစ်အောင် တော့ ကျွန်တော် ကြိုးစား ပါမယ့်ဗျာ။

ဆက်လက်ဖတ်ရှုပါရန်...