Showing posts with label Poem. Show all posts

Showing posts with label Poem. Show all posts

"တွေဝေလူငယ်အကြောင်း"

ဖြစ်ရပ်တွေကြား လိုအင်များ
တိမ်မှားစိတ်များ အဆိုးအကောင်း မခွဲခြား
လုပ်သင့်တာ ထက်လုပ်ချင်တာ
စိတ်ထဲရှိရာ လုပ်ကာ
ပြဿနာရေအိုင် မနားတမ်းကူးမယ် .....

မိဘတွေငြိုငြင် အချစ်ဆိုတာသခင်
ငါစိတ်ငါအဆိုးမရ သူငယ်ချင်ွးေ ဖျောင်းဖျ
မလုပ်သင့်မှန်းသိ လုပ်ချင်တာပဲရှိ
အမှားအမှန်မရှိ သူငယ်ချင်းတွေ ပေါင်းဖော်မိ
ကိုးကွယ်ရာမဲ့ ၀ါဒကိုယ်စီနဲ့ .....

ပြဿနာတွေ ကြားနစ်မြုပ်
မှန်ကန်ခြင်းတွေ ဆုတ်ယုတ်
မျက်ရည်ကျတဲ့ မိဘနှစ်ပါး
သူငယ်ချင်းရေ မင်းနဲ့ငါကြား
တစ်နေကုန်ထိုင်ငိုင် ပြဿနာ မခေါ်သည့်တိုင်
ရောက်ရှိဝင်ဆောင့် မုန်တိုင်းတစ်ထောက်
ကြည်လင်စိတ်ပျောက် တွေဝေစိတ်အောက်.....။


KS

ဆက်လက်ဖတ်ရှုပါရန်...

"အကျဉ်းကျ မင်းသမီး"

ပေါင်းဖော်မိတဲ့ ငါတို့တစ်သိုက်
လွတ်လပ်စွာနဲ့ ပျော်ပိုက်
လှောင်ချိုင့်လွတ်တဲ့ ငှက်
တောင်ပံနှစ်စုံ ရိုက်ခတ်
ငါတို့ပျော်ခဲ့တဲ့ အချိန်
နေ့ရက်တွေကို မတွက်မိပင်.....

ဒါနောက်ဆုံးလား
လမ်းဆုံးတာကို မမြင်သူများ
ပွင့်လာတဲ့ နှလုံးသားတံခါး
အရာမရောက် ပျောက်ဆုံးသွား
ခံစားချက်သစ်ပင်
အမြင့်ဖျားထိ တက်ချင်
အိမ်ပြန်ချိန် သတိမရ  နာရီသံမကြားကြ
ပို့ခဲ့တဲ့လမ်း နောက်ဆုံးချောက်ကမ်း.....

သတ်ခဲ့ပြီး သံယောစဉ်
အသံမမြည်တဲ့ ဖုန်းသံစဉ်
မကောင်းသံကိုကြား ငှက်ဆိုးထိုးသံလား
ခြားသွားပြီ လျှောက်ခဲ့တဲ့ လမ်းမြေနီ
မိဘသဘောထား ပြောင်းလဲသွား
အကျဉ်းကျသွား နတ်သမီး တစ်ပါး
ဆက်သွယ်ခွင့်မရ အမြင်ကွာဝေးသမျှ
နားမလည်နိုင်တဲ့ ပြဿနာ
ရှင်းပြခွင့် ပြုပါ.....

မင်းတို့မျှော်မှန်း ခဲ့တဲ့ငါ့မွေးနေ့
အိမ်မက်ထဲက တိမ်တွေရွေ့
မင်းသမီးဖတ်ကြား အဖွင့်စကား
ငါတို့တွေနား အကောင်းကနေမကြား
ဖုန်းတွေပိတ် အကြောင်းကြာစာမတွေ့
ငါတို့မျက်လုံးမှိတ်
သတိရခြင်းများစွာ
ဆုမွန်းကောင်းတောင်းလာ
အချုပ်အတည်း မှလွတ်ပါ ..... စေ.....။


KS

ဆက်လက်ဖတ်ရှုပါရန်...

"ခရမ်းရောင်လွှမ်း သစ်ခွပန်း"

ပင်မြင့်စံနန်း သစ်ခွပန်း
မြေမကျမိုး သောက်သွန်းဖြိုး
နေရောင်မခံ ပင်ရိပ်ခြံ
ဆွဲမက် အာရုဏ် အလှဂုဏ်....

အရောင်းသွေးပက်ဖျန်း
ခရမ်းရောင်လွှမ်း
အဝေးကမျှော်မှန်း
ဆွေးကာရောင်ရမ်း
ခရမ်းရောင်လွှမ်း သစ်ခွပန်း....

ပြုစုပျိုးသူ အလှပျက်ဆိုးမူ
ကြည့်ရင်းတမ်းတ ဥယျာဉ်မှူးဘဝ
မြေခမှာ ကြောင့်ကျ သောကဗျာပါဒ
ချစ်တာတသက်မက တန်းဖိုးဖြတ်မရ....။


KS

ဆက်လက်ဖတ်ရှုပါရန်...

"ခရမ်းရောင်လွှမ်း သစ်ခွပန်း"

ပင်မြင့်စံနန်း သစ်ခွပန်း
မြေမကျမိုး သောက်သွန်းဖြိုး
နေရောင်မခံ ပင်ရိပ်ခြံ
ဆွဲမက် အာရုဏ် အလှဂုဏ်....

အရောင်းသွေးပက်ဖျန်း
ခရမ်းရောင်လွှမ်း
အဝေးကမျှော်မှန်း
ဆွေးကာရောင်ရမ်း
ခရမ်းရောင်လွှမ်း သစ်ခွပန်း....
ပြုစုပျိုးသူ အလှပျက်ဆိုးမူ
ကြည့်ရင်းတမ်းတ ဥယျာဉ်မှူးဘဝ
မြေခမှာ ကြောင့်ကျ သောကဗျာပါဒ
ချစ်တာတသက်မက တန်းဖိုးဖြတ်မရ....။


KS

ဆက်လက်ဖတ်ရှုပါရန်...

"24_hours"

တစ်နေ့တာ အချိန်အတွင်း
လွမ်းဆွေးစရာတွေချခင်း
မင်းကိုချစ်မိလေခြင်း...

တွေးတောစရာ
မင်းအကြောင်းတွေပါ
တမ်းတရတာ
မင်းအချစ်ပါ...

တစ်နေ့တာ အလုပ်ထဲမှာ
မင်းအတွက် ကဗျာရေးစပ်
အရေးကြီးတဲ့ အချစ်တစ်ချက်

မိန်းကလေး မင်းမှာ
ချစ်သူများတာ
ငါအသိပါ
မျက်စိမှိတ်ချစ်မှာ...

ညဆိုရင်လဲ မင်းကိုဆွေး
နေ့ဆိုရင်လဲ မင်းအကြောင်းတွေ.....


KS

ဆက်လက်ဖတ်ရှုပါရန်...

"နမ်းရှိုက်ခွင့်မရသူ"

နမ်းရှိုက်ချင်ပေမယ့် နမ်းရှိုက်ခွင့်မရခဲ့
ငါ့ရဲ့ဘ၀မှာ အကြောင်းတစ်စုံတစ်ရာ
တားဆီးခဲ့...

နံနက်ခင်း လေပြေနဲ့ အတူအိပ်ယာက ခြေဆင်း
လမ်းလျောက်၇င်း ဆောင်းရနံ့ နမ်းရှိုက်သံပြင်း
ဘေးတဖက်တစ်ချက် ပန်းရနံ့တွေပြန်နှံ့
ငါ့အတွက် လန်းဆန်းခဲ့...

ဟိုး...မှာ ပန်းပွင့် အနီရောင်ပွင့်ဖတ်
ရဲရင့်ခြင်း၊ ရက်စက်မှုအဆိပ်ပြင်း
ဆူးကိုခြုံ စွဲမက်စေတဲ့ အဖူးအငုံ
သူရနံ့ ဖမ်းစားနေတဲ့
ပန်းလေးတစ်ပွင့်

ငါ့ဘ၀မှ ... ထိုသို့ပန်းနှင့်
ကြုံတွေ့ရရင် သူရနံ့တွေ
ဘယ်လိုဘယ်ပုံ နမ်းရှိုက်မောဟိုက်
သူအတက်နံ့ ဖမ်းစားခဲ့လည်း
မင်းရဲ့လှည်စားမှုမှာ ရှုံးနိမ့်စွာ
နမ်းရှိုက်ခွင့်တောင်မှ ရပါ့မလား.....?.....


KS

ဆက်လက်ဖတ်ရှုပါရန်...

"မိုးရွာထဲ အိမ်မက်"

ချစ်သူ့အိမ် အလည်တစ်ခေါက်
အရင်ကည ပြန်ရောက်
အခြေအနေ အတူတူပဲ
မင်းမိသားစုနဲ့ သင့်မြတ်ဆဲ ...

မိုးလေတွေကြမ်း
ရင်မှမတွေ့ရအလွမ်း
မစဲသောမိုးလို့လွမ်း ...

မိုးရေတစက်မြိတ်အောက် 
အချစ်ခိုတွဲ ချစ်သူနှစ်ယောက်
တသသလွမ်း
တစ်ဆဆမျက်ရည်မခမ်း
ပွေ့ဖက်လက်ယှက် ...

မခွဲနိုင်မခွာရက်
ဝေးရာမှာဆွေး
တွေးကြတာတို့ရှေ့ရေး ...

နှစ်သက်သောအရာရန်မူ
ငါခန္စာစတေးကာခံယူ ...

အချစ်တွေ ရင်ကခရီး
မိုးရေတသွင်သွင်းစီး
ဖျက်စီးနှောင့်ယှက် လျှပ်စီးနှောင့်ယှက်
နှစ်ယောက်သောမျက်လုံး အရောင်ညိုး
တစ်ယောက်သောသူအရိပ် မျက်လုံးထဲ
ဝေးရမဲ့အချိန် ပေါ်လာမြဲ .....။


KS

ဆက်လက်ဖတ်ရှုပါရန်...

"သူ့လက်က ပန်းကျ"

လူတစ်ဦး
ငါ့ထက်လက်ဦး
မင်းရဲ့အချစ်ဦး ..... ကိုရခဲ့တယ်.....။

သူ နဲ့ မင်း
ပြဿနာစစ်ခင်း
သံယောဇဉ်ကင်းမှ
မင်းအနားကို ငါချဉ်းနင်း .....။

တစ်ပါးသူရဲ့ လက်အထက်
မှိန်းမောခြင်းနဲ့ မှောင်မိုက်
ချစ်သက်ကြွေကာ စိတ်ပျက်
မျက်ဝန်းအစုံ မျက်ရည်လျက်
လှုပ်ခါစေတယ် ငါ့နှလုံး အထက်.....။

အသံလှိုင်း မုန်တိုင်း
တိုက်ခိုက်ညှိမှိုင်း
အားငယ်စိတ်ထိုင်း
မိန်းကလေး အသဲရိုင်း .....။

မင်းလေးခြေချ ငါ့ရင်ခွင်
ဖွင့်ဟ၀န်ခံကြောင်း ကုန်စင်
တွယ်ငြိမေတ္တာ အသက်ဝင် .....။

ပထမအချစ် မဟုတ်လဲ
မြတ်နိုးတွယ်တာချစ်စဲ
မင်းရင်ထဲမှာ အငြိုးသဲ
သဘောထားကြီးစွာ ခွင့်လွတ်စဲ .....။

KS

ဆက်လက်ဖတ်ရှုပါရန်...

"အသက်ပန်းတွေ ကြွေရာမြေ"

အသက်များစွာ မြေမှာ
ပန်းပွင့်ရောင်စုံကြွေကာ
စွဲကျန်ရစ်တဲ့ ကဗျည်း (stone)များ
အလှပင်တွေ ကိုယ်စီခြား.....

လွတ်လပ်ဖို့အတွက်စွန့်
နောင်လူသားများရဲ့ အညွှန့်
စိတ်ငြိမ်တဲ့မြေ
အသက်များကြွေ.....

အခုတော့ငြိမ်းချမ်း
လွတ်လပ်စွာပျံသန်း
ကြမ်းတမ်းတဲ့ လောဘတွေကြား
ဝိညာဉ်များစွာတိုးပွား.....

မြေကျတဲ့အရိုး
တစ်ချိန်က အချိုးပေမယ့်
အခုတော့ မြေဆီပမာကျန်ခဲ့
သစ်ပင်များစွာ အသက်ရှင်လျှက်.....။



KS

ဆက်လက်ဖတ်ရှုပါရန်...

အချစ်ရဲ့ ရလာဒ်တစ်ခု

တစ်ခါမှ မကြုံစဖူး
နေ့တိုင်းစကားပြောဖြစ်ဖို့ရှား
တွေ့တိုင်းရန် ဖြစ်တာများ
ဒဏ်ရာရနေတဲ့ အချစ်
ဖျားနေတဲ့ အသဲနှလုံး
မုန်တိုင်းလို အပြုံးတွေကြား
တို့နှစ်ယောက် ဖြစ်ရပ်များ
မျက်စိမှိတ်တိုင်း ပြန်မြင်
မင်းတိုက်တဲ့ဆေး အာနိသင်.....

အဆင်ပြေဖို့ရှား ဒေါသတွေလျော့စား
ဖြည်းဖြည်းချင်းလျော့ စိတ်ရိုင်းကိုချော့
မချစ်တာလည်း မဟုတ် အပြစ်တွေနဲ့ ရှုပ်
အဆိပ်ရှိတဲ့စိတ်များ ချစ်ရမှာ သတိထား.....

လေပြေတွေသယ်လာ ညှင်သာတဲ့ စီးကြောင်းမှာ
တစ်ခါမှ မရဘူးတဲ့ အတွေးများ
သာယာတဲ့ စကားလုံးတွေကြား
ကြည်လင်စိတ်ထား ဖြူစင်နှလုံးသား
အချစ်တရားတွေ လွှမ်းခြုံထား
အဆုံးမဲ့ ကြင်နာမှုများ.....

ဘာမှဖြစ်မလာတဲ့ လက်နှစ်ဖက်
စွမ်းအားတိုးဝင် ရိုက်ခတ်
ဖန်ဆင်းချင်တယ် ဒီတစ်သက်
တို့နှစ်ယောက် အချစ်အတွက်
အလှဆုံး နေ့ရက်များ
အနွေးထွေးဆုံး အကြင်နာတရား
ပျော်ရွှင်ခြင်းနဲ့ နိဂုံးချုပ်မလား.....?.....။

ဆက်လက်ဖတ်ရှုပါရန်...

"မရနိုင်မှန်း.....ချစ်တယ်"

ငါမင်းကိုချစ်တယ်
ရူးသွပ်သွားပစေ အမှန်တကယ်
ကာလခရီးကြားဝယ်
တစ်သက်တာ မကချစ်တယ် ...
တုန့်ပြန်မှုတွေ အထီးကျန်ပစေ
လူတွေဟားတိုက် ငါဂရုမစိုက်
မင်းကိုချစ်တာပဲ ငါသိလိုက် ...
ဟိုးအဝေးက မျှော်လင့်ချက်
တစ်စစီလွှင့်ပျက်
အချစ်ကိုလည်း ငါမပိုင်
အရှုံးဟာ တန်ပြန် ...
မင်းအချစ်တွေ ဘယ်လွှင့်လွှင့်
ငါ့အချစ်က မင်းအတွက် အသင့်....

ငါ့အချစ်ဟာ.....
      "မဆုံးနိုင်တဲ့ ပင်လယ်ပြင်လို မျက်စိတစ်ဆုံးကို လက်တစ်ကမ်း မျိုးမရဘဲ ထာဝရ လှည့်ပတ်စီးဆင်းပြီး အသက်ဝင်နေဦးမှာပါ။"

ဆက်လက်ဖတ်ရှုပါရန်...

ကဗျာ

ဘဝ

ခံစားလို့မရတဲ့ သံစဉ်တွေနဲ့
စံစားလို့မရတဲ့ အိမ်ယာကုတင်
အိပ်ငွေ့ချသင်တန်းတတ်ရသလိုပင်
ငါမသောက်ဖူးတဲ့ နတ်ရေစဉ်
"ဘီအီး"တစ်လုံးရဲ့အသက်သခင်...

ဂီတာတစ်လက် သွေးမထွက်ပေမယ့်

သော့ဖွင့်တဲ့ ငါရဲ့လက်တွေစေးကပ်
အမှန်တရားကို အကြံသမားလက်ကိုင်
ယုံကြည်မှုကို အရောင်းအ၀ယ်လုပ်
လူ့ဘ၀ရဲ့ သရုပ်မြင်ကွင်းတွေပါပဲ

ရေးလွန်းတဲ့ ငါ့ကဗျာစာအုပ်လေးလည်း
ဖောင်တိန်ရဲ့ ထိချက်တွေနဲ့
မျက်ရည်ကျနေလေရဲ့
နောက်ပြီး... သနားပါတဲ့...

ငါကိုင်ဆောင်တဲ့ ဖောင်တိန်လေးရဲ့
သွေးသားတွေလဲ ခမ်းခြောက်ပြီတဲ့.....။

ဆက်လက်ဖတ်ရှုပါရန်...

ကဗျာ

ထားခဲ့

အညှိုးများစွာကို...အတိုးများစွာနဲ့
ပြန်ဆပ်မယ်ဆိုရင်...ခံမသတ်တဲ့အပြင်
ကြိုက်သလိုလုပ်သွား...အမှိုက်လိုအချစ်များ
သနားပြီး မချစ်နဲ့...အလကားပဲထားခဲ့....။

ရည်စားနှစ်ယောက်...ခရီးသွားတစ်ထောက်
နှစ်ယောက်စလုံးထားခဲ့...တစ်လျှောက်ဒဏ်ရာနဲ့
နမ်းဖူးခဲ့တဲ့ပါးပြင်...အစမ်းသဘောနဲ့မလွမ်းပင်
မနမ်းဖူးလို့ပြောမလား...မင်းထားခဲ့တဲ့ရည်းစား
နှစ်ယောက်စလုံးမှား...အတိတ်မှာပျောက်ဆုံးသွား
မနာလိုတဲ့ဝန်တိုစိတ်...ရန်မလိုနဲ့မေ့ပစ်
ငါမကောင်းတာကို မင်းပြော...မင်းမကောင်းတာငါပြော
ဒါဟာချစ်သူလော...ဒါပါပဲထားခဲ့လော့.....။

မင်းပထမရည်းစားလို...မင်းဥစ္စာစည်းစိမ်ကို မက်သလို
အကြံအဖန်အချစ်မျိုး...ငါ့ကိုလာအရောင်မဆိုးနဲ့
မင်းဒုတိယရည်စားလို...ချိုးဖို့ဟန်ဆောင်သလို
ငါကူညီခဲ့တယ်ထင်ရင်...သူ့လိုအချစ်မျိုးငါမချစ်ပင်
ဟိုထင်ဒီထင်မမြင်နဲ့...ငါ့ကိုသတ်ပြီးထားခဲ့.....။

တန်ဖိုးမထားတာလား...တွေးခွင့်မရတာလား
ပေးခွင့်မရတာလား...ဖုန်းပြောရင်မအားတာလား
အိပ်ပုတ်ကြီးတာလား...ပြန်ဆက်လို့ပြောတာလား
မင်းရောတန်ဖိုးထားလား...စိတ်ကောက်တာများ
မပျော်ရွှင်အချိန်များ...မပြည့်ဝတဲ့စိတ်သဘောထား
ပို့လိုက်မယ်...ရှိသမျှစာရွက်တွေ
မီးရှို့လိုက်မယ့်...ငါရဲ့အချစ်တွေ
နိုင်ချင်ရင်ပြိုင်...ထိုင်ကာမမှိုင်နဲ့
မာယာတွေကိုထားခဲ့...မယ်သီလရှင်ဘ၀နဲ့လာခဲ့.....။

KS

ဆက်လက်ဖတ်ရှုပါရန်...

ကဗျာ

လောကဓမ္မတာ

မေတ္တာတောက်တစ်ခေါက်
ချစ်ခဲ့တာတစ်လျောက်
ငါ့ရင်မှာ တစ်ယောက်
ဖြစ်လာတာတစ်မှောက်
တွေးမရတဲ့ ကံကြမ္မာ
ဆိုးလှတဲ့သံသရာ
ပြန်ဆုံမယ်ဆိုတဲ့ မျှော်လင့်ချက်
ကံမကုန်တာကိုစောင့်လျက်.....။

လှည့်စားတတ်တဲ့မာယာ
စကားလုံးတို့စေရာ
ပျော့ပျောင်းတဲ့အသဲဟာ
ဖော့ဖယောင်းရဲ့ဥပမာ
အချစ်များစွာစတေးကာ အပြစ်ခြားရာဝေးကွာ.....။

ဘုရားစာဖတ် တဏှာယှက်
ဖိုမမှန်သမျှ ကြုံရမယ်ပ
အလိုကြိးတဲ့အချစ် အရနည်းတဲ့မေတ္တာ
သည်နှစ်ဖျာ ဝေဒနာစေရာ
ဘယ်သူမှ မဖန်တီးပါ
မိမိအပြစ်သာ တစ်သက်သာ....။

ချစ်နိုင်ပေမယ့် ဖြစ်နိုင်ရင် မခြွှေရက်
မေတ္တာကဆက်... သစ္စာကပျက်
မျက်လုံးနှစ်လုံး အချစ်နှစ်မျိုး
ဘယ်သူ့ကို ချစ်ရိုး... မသိတာဆိုး....။


KS

ဆက်လက်ဖတ်ရှုပါရန်...

ကဗျာ

"ဘ၀"

ခံစားလို့မရတဲ့ သံစဉ်တွေနဲ့
ခံစားလို့မရတဲ့ အိပ်ယာကုတင်
အိပ်ငွေ့ချ သင်တန်းတတ်ရသလိုပင်
ငါမသောက်ဖူးတဲ့ နတ်ရေစဉ်
"BE"တစ်လုံးရဲ့ အသက်သခင် ............။

ဂီတာတစ်လက် သွေးမထွက်ပေမယ့်
သော့ဖွင့်တဲ့ ငါ့ရဲ့လက်တွေ စေးကပ်
အမှန်တရားကို အကြံသမားလက်ကိုင်
ယုံကြည်မှုကို အရောင်းအ၀ယ်လုပ်
လူ့ဘ၀ရဲ့ သရုပ်မြင်ကွင်း တွေပါပဲ .............။

ရေးလွန်းတဲ့ ငါ့ကဗျာ စာအုပ်လေးလည်း
ဖောင်တိန်ရဲ့ ထိချက်တွေနဲ့
မျက်ရည်ကျနေလေရဲ့
နောက်ပြီး ...... သနားပါတဲ့ ......။

ငါကိုင်ဆောင်တဲ့ ဖောင်တိန်လေးရဲ့
သွေးသားတွေလဲ ခမ်းခြောက်ပြီတဲ့ ......။




"ရွံနေလား"

ငါ့ရဲ့မျက်နှာ မင်းမျက်စိမှာ
ကန့်လန့်ဖြတ်ကာ မင်းရွံနေလား .... ?

ငါ့ရဲ့စရိုက် လူမိုက်ဆိုတာ
လူတိုင်းသိတာ မင်းရွံနေလား .... ?

ငါ့အချစ်တွေ ကောင်မလေးတွေ
အရောတ၀င် နေထိုင်တာတွေ
မင်းထိုင်ကြည့်ကာ ရွံနေလား ...

မင်းရွံပေမဲ့
ရေမှန်မှန်ချိုးတဲ့
အကျင့်နဲ့
ဖြေဖျောက်ပေးပါ ချစ်သူရာ....။


K.S

ဆက်လက်ဖတ်ရှုပါရန်...

"ကဗျာ"

"အယောင်ဆောင်"

ငါ့မျက်နှာကို မှန်ကြည့် စဉ်းစားမိ

အရေခွံခွကြည့် တွယ်တာ စရာမရှိ
အရိုးကို အရေဖုံး အသေကောင်မျိုး
အသေကောင်ကို အသက်သွင်း
လူသားတွေဟာ မသာအချင်းချင်း .....

ပျိုမြစ်ခြင်း ဟာအိုမင်းခြင်းရဲ့အစ
ရှင်သန်ခြင်းမှ သေဆုံးကျ
နိဒါန်းပြီးရင် နိဂုံးလာမယ်.....

အလှတရားကို အရောင်ခြယ်
မျက်လုံးကို ပြုစားတယ်
အလှကို ဗန်းပြ၊ တစ်ညစာအတွက်လှည့်စားကျ

မာယာအသွယ်သွယ်၊ အညှာလွယ်လွယ်
ခူးယူချင်ဘွယ်၊ သွေးဆောင်ချယ်လှယ်
ယမင်းပျိုရယ် သေမင်းခေါ်တယ်
အလှတွေ ခ၀ါချ အမှောင်ညကို ၀င်ရ
ဘယ်မှာလဲ .... လှပခြင်း
သေခြင်းနဲ့ အဆုံးခင်း ....... ။


KS

ဆက်လက်ဖတ်ရှုပါရန်...

"ကဗျာ"

"စိတ်သွားရာ"

ခက်ထန် ကြမ်းတမ်း မှတ်ဥာဏ် အစွမ်း
သောက ပွေလီရှုပ် လောက အညှီထုပ်
နှလုံးသား နဲ့ပျိုး အဆုံးမထားတဲ့ အပြုံး
သွေးကြော နဲ့လောင်း တွေးမရတဲ့ အကြောင်း
စိတ်တွေ ကမှိုင်း ကလောင် သွားရာကြမ်း .....

စိတ်က တည်ငြိမ် လှိုင်းမထ တဲ့ရေပြင်
ပြုစုပျိုးပင် အညွန့်ဖူး သစ်လွင်
အနုအလှ ပျိုမြစ် သုခုမ ပုံရိပ်
စိတ်နုရာ အတွေးစု ကဗျာ ......

စိတ်သွား ရာလိုက် အတိတ်မှား လူမိုက်
ကြမ်းတမ်း မျက်နှာပြင် လှိုင်းတံပိုး တွေဆင်
အရာရာ ဖြိုဖျက် လူတွေ အမြင်မှာ ငါအမှိုက်
စိတ်သွားရာ ကဗျာ အချစ်များစွာ ရင်မှာ
သံသယ ဆန်ဆန် ဗျာပါဒ ထန်
မာယာတွေ အကြောင်း ကြာလာလေ အသိပြောင်း
မီးလျှံ တထောင်းထောင်း အဆိပ်ငွေ့ တမြေ့မြေ့
အာရုံကြမ်းတမ်း သံယောစဉ် အစွမ်း
အလှမြင်ကာ မှောင်ခိုက် ကိုယ့်တရား ကိုယ်ဖျက် ...... ။



KS

ဆက်လက်ဖတ်ရှုပါရန်...

Poem




“လူငယ်-အချစ်ထဲက-အညစ်”


မိန်းမတို့ရဲ့ ဆွဲဆောင်ရာ တိမ်းမှောက် စွာနဲ့ လဲလျောင်းကာ
ဖြူချော ကျစ်လျစ် လူသဘော သတိလစ်
လူငယ်မျိုး အခုချစ် ပျိုရွယ်မှု ချိုးအညစ်
မျက်ကန်း နှလုံးသား ရှက်ရမ်း စကားလုံးများ
စိတ်ကွယ်က အသိ ဖိတ်လွယ် ကာညိ ..... ။

ပျိုမြစ်သူတို့ မူးယစ် ရာသို့
ေ၀၀ါးကာ အချို့ ထွေပြား စွာပျို့
အတွေ့ အထိ စူးစမ်း ခဏငြိမှ အရှုးမှန်း
ကြာလေ ရိုးလာ မိန်းမမာယာ
ရုပ်ရည် မဆိုးပါ ချစ်တယ် ပြောမှာ
လူငယ် နောက်ကွယ် အညစ် ရှိတယ် ..... ။

နောက်ကွယ် ချိန်းတွေ့ လက်ချင်း ချိတ်
နှုတ်ဆက် ချင်အနမ်း ငါ့အတွက် ကစားတမ်း
နမ်းဖူး ခဲ့တဲ့ နှုတ်ခမ်း စမ်းဖူးခဲ့တဲ့ ချောက်ကမ်း
လူငယ် အချစ် မှောင်လာ လေညစ်
မရိုးတမ်းတွဲ ငြီးငွေ့ စရာ အလွမ်း
ငါ့အတွက် မစမ်း နင်ရဲ့ အလွမ်း ..... ။

မခုံမင် တော့တဲ့ ပုံပြင် မဆုံချင် တော့တဲ့ အညစ်ပိုင်ရှင်
ငြီးငွေ့ ဖွယ်ခံစား ရိုးလှတဲ့ အတွေ့များ
ရင်ခုန်အောင် မင်းလုပ် နိုင်မလား သေတမန် အရိုးထုတ်စား
ငါ့အတွက် အသစ် အဆန်းများ နင်ကိုယ်တိုင် ကြံဆမလား
ငုတ်တုတ် ထိုင်စောင့် အရိပ်အောက် စိတ်ရှုပ်တာက အတိတ်ပျောက်
လူငယ် အချစ် နောက်ကွယ် က အညစ် ......... ။

K.S

ဆက်လက်ဖတ်ရှုပါရန်...

poem

မိတ်ကပ်မဲ့ မျက်နှာ


အခုခေတ် မျက်နှာ စိတ်သိပ်ပျက်စရာ
မျက်နှာဝယ် ပန်းချီချယ်
စိတ်ကိုတစ်မျိုး လှုပ်လို့နှိုး
ရုပ်အလှအပ ချယ်လို့သပေမဲ့
စိတ်အလှ ယုတ်စွမသိရ .....


မိန်ကလေး တစ်ယောက်ရဲ့အလှ
ကိန်းဝှက်လို့ မရတဲ့ အချိန်ခဏ
နံနက်မိုးလင်း အိပ်ရာ ပေါ်ကဆင်း
သဘာဝ ခ၀ါချ .....
အတုအယောင် ရှုချင်အောင် ခြယ်သ
တမူကြွကြွ လူလှလှ ဖြစ်ပေမဲ့
အနေမရိုး ၀ံပုလေလိုစိတ်မျိုး .......


မင်းလေမူကား တစိမ်းများနဲ့ မတူတဲ့
မချယ်မသ တမူလှ
သဘာဝမျက်နှာ ထာဝရမမေ့သာ
တမူထူးခြား ရှားမှရှားလို့
ဒီလိုမျက်နှာ မိတ်ကပ်မဲ့ချက်သာ
မြင်မိတမ်းတ မေ့မရ .........။




K.S

ဆက်လက်ဖတ်ရှုပါရန်...

poem


ကြေကွဲတစ်နေရာ

ပြစ်ဒဏ်တွေနဲ့ပြေး
အိမ်မက်တွေဝေး
မျက်စိတစ်မှိတ် မေ့မရ
အချစ်အရိပ် နိမိတ်ပြ
အဖြစ်နှစ်ခုကြား
အနိမ့်အမြင့်တွေခြား .......

ချစ်သူမေ အဝေးသို့လေလှမ်း
ပြစ်ဒဏ်တွေ ဆေးကာလေမခမ်း
ဝေးတာကို ဆွေးရာမှလွမ်း ........
နှုတ်မဆက်ချင်ပေ ပြန်တွေ့မယ်မေ
နွေးထွေးစွာနဲ့ အပြေးလာခဲ့
ကဗျာတွေလည်း ငှာနေကလွမ်း ..........။


K.S

ဆက်လက်ဖတ်ရှုပါရန်...