Showing posts with label Alert. Show all posts

Showing posts with label Alert. Show all posts

ဗိုင်းရပ်စ် ဟုယူဆရသော သတိပေးချက်

# ကျနော့်ဆီကို အောက်မှာပြထားတဲ့အတိုင်း ဗိုင်းရပ်စ်သတိပေးတဲ့ မေးလ်ေ၇ာက်လာပါတယ်... အဲဒီမှာ ပြထားတဲ့လင့်ခ်ကို သွားကြည့်တော့.. ဖိုင်တစ်ဖိုင်ကို ဒေါင်းလုတ်လုပ်ခိုင်းပါတယ်.. PrivateCam v0.1.exe ဆိုတဲ့ မသင်္ကာစရာကောင်းတဲ့ application ဖိုင်ပါ... အဲဒါကို ကျနော် မဖွင့်မိအောင် သတိထားပြီး ဒေါင်းလုတ်လုပ်ကြည့်တော့.. အမှန်တကယ်ဒုက္ခပေးနိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်နိုင်တာကို သတိထားမိပါတယ်.. ဘာလို့လဲဆိုတော့ အဲဒီဖိုင်ရဲ့ icon ပုံကို folder icon ပုံလေးအတိုင်းပြထားပါတယ်.. သတိမထားမိပါက ဖိုလ်ဒါတခုဟု အထင်မှားကာ ဖွင့်မိစေချင်တဲ့ သဘောနဲ့ဆိုတာ သိသာပါတယ်... ကျနော် ကွန်ပျုတာမှာ ရှိတဲ့ Symantec Anti Virus version 10 နဲ့ အဲဒီဖိုင်ကို စစ်ဆေးကြည့်တဲ့အခါ ဗိုင်းရပ်စ်ဟု မပြပါ.. တခြား Anti Virus Software များလည်း မရှိသောကြောင့် ထပ်မစမ်းကြည့်နိုင်ပါ.. သို့သော်လည်း အထက်တွင် ကျနော်ပြောခဲ့သလို... ဖိုလ်ဒါတခုကဲ့သို့ ထင်ယောင်ထင်မှားဖြစ်ပြီ မှားဖွင့်စေရန် ပြုလုပ်ထားသည့် အချက်နဲ့တင် လုံးဝ မသင်္ကာစရာကောင်းပါတယ်... ဟိုအရင်က ကျနော်တို့တော်တော်လေး ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ Flashy Virus ကို မှတ်မိကြမယ်ထင်ပါတယ်.. အဲဒီ Flashy ကလည်း ဖိုလ်ဒါပုံနဲ့ ပြပြီး ထင်ယောင်ထင်မှားဖြစ်ကာ မှားဖွင့်ရာမှာ ဗိုင်းရပ်စ်အလုပ်လုပ်စေခဲ့တာ သတိထားမိကြမယ် ထင်ပါတယ်.. အဲဒီအတွက်.. အောက်မှာ ဖေါ်ပြထားသလို ကြုံတွေ့ခဲ့ရလျှင် .. ကိုယ်မသိသူဖြစ်စေ သိသူဖြစ်စေ.. ကိုယ်မသိသော Link တခုခု ပေးလာပါက သတိထား၍ ဖွင့်သင့် မဖွင့်သင့်.. သူငယ်ချင်းက တကယ်ပို့လိုက်တာ ဟုတ်မဟုတ် သေချာအောင် စဉ်းစားချင့်ချိန်ဖို့ ပြောလိုပါတယ်...



အောက်မှ ပြောထားသလိုတော့ ကျနော်ဆီမှာ မကြုံရသေးပါဘူး... သူပြောထားတာ ဟုတ်မဟုတ် စမ်းကြည့်တဲ့အခါ တကယ်ကို မသင်္ကာစရာကောင်းသောကြောင့် အားလုံးကို ဖြည့်စွက် အသိပေးလိုက်တာပါ..


နက်ထဲမှာ သိသလောက် လိုက်ရှာကြည့်သော်လည်း အဲဒါနဲ့ပက်သက်၍ အတိအကျမတွေ့ရသေးပါ.. တနေရာတွင်တော့ အောက်မှာပြောထားသကဲ့သို့ သတိပေးထားတာလေးတခုသာ တွေ့ရပါတယ်...


ဘာပဲဖြစ်ဖြစ် သတိလို ပိုတယ်မရှိ ပေါ့... အားလုံး သတိလေးထားဖို့ ပဲ ကျနော်ပြောလိုပါတယ်..




+ + + + + + + + + + + + +






သူငယ်ချင်း အားလုံးပဲ အဲ့ဒီ site နဲ့စာလုံးတွေ gtalk မှာ auto တက်လာခဲ့ရင် လုံးဝ သွားမဖွင့်မိပါစေနဲ့...ဖွင့်လိုက်တာနဲ့ ကိုယ် gtalk မှာပါ အဲ့ဒီ virus ကူးသွားပြီးတော့...ကိုယ့် gtalk ဖွင့်လိုက်တာနဲ့..ကိုယ့်ဆီမှာရှိတဲ့ fri တွေဆီ ကိုက စာမရိုက်ပဲ သူဖာသာသူ...ရောက်ကုန်ရော...



   Sample  



me: View my webcam (private secured connection using privateCam) http://h1.ripway.com/db8/privateCam_v0.1.exe

  View my webcam (private secured connection using privateCam) http://h1.ripway.com/db6/privateCam_v0.1.exe

့ါ့ါ

1:00 PM Waiting for you, view my private cam via secured connection http://h1.ripway.com/db9/privateCam_v0.1.exe

  22 F India
and you?

1:01 PM 22 F India
and you?

  a dar

  yes
who is there?

  View my private cam via secured connection http://h1.ripway.com/db1/privateCam_v0.1.exe

1:02 PM View my private cam via secured connection http://h1.ripway.com/db5/privateCam_v0.1.exe




+ + + + + + + + + + + + +

http://xinyaw.blogspot.com

ဆက်လက်ဖတ်ရှုပါရန်...

သတိပေးချက်

ဒီလင့်ကိုလုံးဝအသုံးမပြုကြပါနဲ့ခင်ဗျာ။အထူးသဖြင့်ကိုယ့်ရဲ့ e-mail account နဲ့ login မလုပ်မဖို့အရေးကြီးပါတယ်။
it technician ညီလေးတယောက်သတိပေးတာပါ။ဒီလင့်ကိုသုံးမိရင် ကိုယ်မသိပဲကိုယ့်ရဲ့ password ကိုခိုးယူပြီး
အခြားသူတွေဆီကိုမေးလ်တွေအလိုလိုပို့တတ်ပါတယ်။ နောက်ပြီးကိုယ့်ရဲ့အချက်အလက်တွေကိုလည်းခိုးယူတတ်ပါတယ်။
လက်လှမ်းမီသလောက်လည်းဖြန့်ဝေပေးကြပါ။ဝင်လာတဲ့မေးလ်တွေကိုလည်းသေချာစိစစ်ပြီးမှ အကြောင်းပြန်တာမျိုးလက်ခံတာမျိုးလုပ်သင့်ပါတယ်။



 - http://gtalkbomber.mail2customer.com/ !!  Dangerous site... who know they steal your password and get mail from inbox.. to look for something that government wants...  
အကိုအမ များ သူငယ်ချင်းများခင်ဗျား

ဆက်လက်ဖတ်ရှုပါရန်...