Showing posts with label အပြုသဘော. Show all posts

Showing posts with label အပြုသဘော. Show all posts

“ အပြုသဘောဆောင်ဘို့ to be positive ”





ဒီစကားလုံး လေးကို ကျွန်တော် ဖတ်နေကျ ဂျာနယ် တစ်ခုရဲ့ အာဘော်တစ်ခု မှာတွေ့လိုက် ရတာပါ၊ စကားလုံး လေးက အဆန်း တကြယ် မဟုတ်ေ ပေမယ့် ဒီစကားလုံး အပေါ်ကို ကျွန်တော်တို့ တွေ့နေကျ၊ မြင်နေကျ အဓိပါယ် ဖွင့်ဆိုချက် တွေ အမျိုးမျိုး ယူဆလို့ ရပါတယ်၊ စကားလုံး လေးက တော်တော် လေးကို လေးနက်ပါတယ်၊ အမျိုးမျိုး တွေခေါ်လို့ ရပါတယ်၊ အဘက်ဘက် ကလည်းတွေ လို့ရတယ်၊ အထူးသဖြင့် ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အတွက်ပေါ့၊ အဝေးကြီး တွေးနေစရာ မလိုပါဘူး၊ အမြဲတမ်း အကောင်းဘက် ကတွေးကြည့်တော့ ရှင်းရှင်းပြော ရရင် အများကြီး ကောင်းပါတယ်၊ စိတ်မညစ် တော့ဘူးပေါ့၊ စိတ်ညစ် စရာတွေ မတွေးတော့ဘူး၊ အဆိုးဘက်က မကြည့်တော့ ကျန်းမာရေး အတွက်ကော ရုပ်ပိုင်းဆိုင်ရာ အတွက်ကော အကောင်းဆုံး ဖြစ်သွားပြီ၊ ဒါပေမယ့် လောက တရားတွေမှာ မရှိမဖြစ်တဲ့ အကောင်း - အဆိုး၊ ကုသိုလ် - အကုသိုလ်၊ အဖြစ် - အပျက် တွေပေါ်မှာ ကျွန်တော်တို့ လူသားတွေ တကယ်တမ်း အကောင်းမြင် လို့ရပါ့မလား၊ အကောင်း မြင်တိုင်းလည်း ကျွန်တော်တို့ အတွက် အကောင်း တရား တွေ အကျိုးတရား တွေက အကျိုးပြု မှာလားဆိုတာ စဉ်းစားစရာ ပါဘဲ၊ ဒါနဲ့ အဲဒီဆောင်းပါ မှာဘဲ ဆက်ရေး ထားက အဲဒီ ဆောင်းပါးရှင် ဆိုလိုတာက သူဟာ မွေးလာ ကတည်းက အကောင်းမြင်တယ်၊ အပြုသဘော ဆောင်ခဲ့တယ်၊ လောက ကြီးက အမြဲတမ်း မေတ္တာ တရား ထားတယ် ဆိုထားတယ်၊ ဒါကော ဖြစ်နိုင်ပါ့ မလား၊ ကျွန်တော်တို့ အနေနဲ့ ဒီမှာ တွေးစရာ ဖြစ်လာတယ်၊ မွေးလား ကတည်းက သူ့ပြောသလို အားလုံး အပေါ်ကို အကောင်းမြင် နိုင်အောင် ပြီးပြည့် စုံနိုင်ခဲ့မယ် ဆိုရင်တော့ ဒါဟာ သူပြောသလို ဖြစ်လာနိုင် ပါတယ်၊ အဲဒီလိုမှ မဟုတ်ဘဲနဲ့ အများသူ ငါလို သာမန် လူတန်းစား အလွှာက ဆိုရင်တော့ ဒါဟာ မှန်ချင် မှမှန်ပါလိမ့်မယ် ၊ ဒါဟာလည်း သူဆိုသလို ပြည့်စုံစုံ မပြည့်စုံစုံ သူပြော သလို အရာ ရာတိုင်းကို အကောင်း ဘက်က ကြီးကြည့်မယ်ဆိုတာ ကတော့ တော်တော်လေး ကိုကြိုးစား ရပါလိမ့်မယ်။ မဖြစ်နိုင် ဘူးလို့ ကျွန်တော် ပြောချင် ပါတယ်၊ အရာရာ တိုင်းဟာ လောကကြီးက ဖန်ဆင်း ထားတယ်ဆို ပေမယ့် ကိုယ်ကံ ကြမ္မာ ကိုယ်ဖန်တီး ကြစတမ်း ဆိုရင်တော့ ဘယ်အ ရာကို မှကျွန်တော်တို့ ဂရုစိုက် နိုင်တော့ မှာ မဟုတ်ပါဘူး၊ အများကြီး တွေ့ကြုံလာ နိုင်ပါတယ်၊





ဆက်ရန် ....

ကျွန်တော် တွေ့ကြုံသလောက် ရေးထားတာဖြစ်ပါတယ်။

ဝေဖန် အကြံဥာဏ် များပေးချင်ယင် တော့အောက်ပါ အီးမေလ် လိပ်စာကို ပေးပို့နိုင်ပါတယ် ။

kmaungnyein@gmail.com

kokmnyein@hotmail.com

khinmgnyein@yahoo.com

ဆက်လက်ဖတ်ရှုပါရန်...