လရောင် တောက်ပ ကြယ်ရောင် လင်းလက်
ညတစ် ညရဲ့ ပန်းချီကား တစ်ချပ်
အတွေးများ နစ်ဝင် အဆွေများ အသစ်ပင်
သန်းခေါင်ယံ ဆည်းဆာ အလှ သေတာတောင် မေ့မရ
သဘာဝ အလှထဲ စုန်ဆင်း တစ်ခါက ညကို မျှော်ရင်း
ကဗျာထဲ စဉ်းစား ခန်းဝင် ပျိုကညာရဲ့ အလှ တရားပင်
ညပန်းချီ ကားကိုဝင်ကြည့် ငါ့စိတ်များကို ငါမသိ
အလှ တရားကို မြင်စေချင် မင်းဟာ ငါရဲ့ နတ်သခင်
ညဟာကဗျာ စိတ်ရဲ့ ပျိုကညာ
ဆည်းဆာ အလှကို စိတ်ကူး ယဉ်လျက် မင်းဖတ်ဖို့ ငါကဗျာစပ်
သီကုံး စာသား ခရေကုံး အလား
ကဗျာတစ်ပုဒ် ရဲ့ညများ
ခံစားကြည့်ပါ ငါ့ကာရန် တွေမှာ
နစ်မြောက်ကြည့်ပါ ငါ့ကဗျာမှာ
တစ်သက်တာမှာ ကဗျာ ရေးတာ
မင်းအတွက်ပါ ..........
written by kks
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
10 months ago
0 မှတ်ချက်ပေးသွားတယ်:
Post a Comment