POEM

"လေလွင့်မိန်းကလေး"

ငါဖုန်းဆက် မင်းအပြင်ထွက်
မနေ့က နင်နေမကောင်း
ဒီနေ့အရောင်ပြောင်း
ရာသီဥတုကို အစိုးမရ မင်းကိုလည်း ပြောမရ
ချိန်းထားတဲ့ကိစ္စ အောင်မြင်မယ် မသိရ
အိမ်ကိုမပိုင်တဲ့ မင်းဘဝ
နေတိုင်း လေလွင့် စဉ်းစားမရ ........

အသဲက ပလပ်စတစ်လား
လိုသလို ပုံသွင်းမယ့် အစား
စောစောစီးစီး ပြောပါလား .......

ကတိတစ်လုံးနဲ့ ယောကျာ်း
မိန်းမပါးစပ်နဲ့ ခြောက်ခြား
အပြင်သွားတာမကြိုက် သ၀န်တိုတဲ့ စိတ်မိုက်
စိတ်ထဲမထားနဲ့ လုပ်ချင်တာလုပ် ပစ်လိုက်
သူစိတ်ကို မင်းမပိုင် မင်းစိတ်ကို မင်းမနိုင်
လေလွင့်တဲ့ မိန်းကလေး မသေသ၍ ဒုက္ခပေး ....... ။

1 မှတ်ချက်ပေးသွားတယ်:

Unknown said...
July 7, 2008 at 3:58 PM

ပေါလိုက်တဲ့ကဗျာ