မေး-ဖြူဖြူကျော်သိန်းဆိုတာနာမည်အရင်းပဲလား။
ဖြေ-ပာုတ်ပါတယ်။ဒို့ကမွေးတုန်းကအသားအရမ်းမဲတယ်လေ....ပြီးတော့လဲဒို့မိဘတွေကအသားအရမ်းမဲနေတဲ့ဒို့ကိုဖြူတာလေးပါသွား အောင် လို့ ဖြူဖြူကျော်သိန်း လို့ မှည့်ခဲ့တာပေါ့...(ခစ်)
မေး-အခုကျောင်းပြီးသွားပြီဆိုတော့ ဆရာဝန်အလုပ်ကိုဆက်လုပ်မလုပ်.......
ဖြေ- အင်းဒါကတော့ ဘယ်လိုပြောရမလဲ...ဒို့ကဆရာဝန်ဖြစ်တယ်ဆိုပေမဲ့ စာကကောင်းကောင်း မတတ်ဘူးလေ ဆရာဝန်ဖြစ်လို့ဆေးကုလဲ ဘယ်လိုပြော မလဲနော်.... (ပီား)တော်ကြာဒေါက်တာ (အလောင်းစည်သူ) ဖြူဖြူကျော်သိန်းဖြစ်သွားမှာပေါ့.....
မေး-အနုပညာကိုဝါသနာပါလာရတဲ့အကြောင်းရင်းခံလေးများပြောပြပါလား။
ဖြေ-အော်...ဒါလား....ဖြူဖြူကလေအနုပညာနဲ့ပတ်သက်ပြီးတော့ ၀ါသနာပါတယ်လို့တော့ မပာုတ်ဘူး ပေါ့နော်...ဒါပေမဲ့လဲ လူတွေက ပေါတောတောလုပ်ပြရင်ကြိုက်ကျတယ်မပာုတ်လား။ဒါကြောင့်ဖြူဖြူက ပေါတောတော တွေလုပ်ပြရတာပေါ့။ ပြီးတော့ အပေါ်မှာပြောခဲ့သလိုပဲ စာကလဲ ကောင်းကောင်းမရတာလဲ ပါတာပေါ့နော်။ အခုချိန်မှာ လုပ်စားလို့ ကောင်းတဲ့ ပေါတောတောတွေပဲလုပ်တာ ဆေးကုတာထက်ပိုပြီး income ကကောင်းမယ်လို့ ထင်မိလို့သီချင်းဆိုကြည့်တာပါ။
မေး-အနုပညာကိုငယ်ငယ်ထဲက ဘယ်လိုမျိုးစိတ်ဝင်စားတယ် ဆိုတာလေးများ ရှိရင် ပြောပြပါလား။
ဖြေ- အော်…ဒါကတော့လေ..ဖြူဖြူက ငယ်ငယ်က သရဲ အရမ်းကြောက်တော့ အိမ်သာတက်ရင်ပဲဖြစ်ဖြစ်၊ ရေချိုးရင်ပဲ ဖြစ်ဖြစ် သီချင်းတွေကို အကျယ်ကြီးအော်ဆိုတာပေါ့….ဘယ်လောက်များသရဲကြောက်တတ်လဲ ဆိုရင် ဖြူဖြူတခါမှ မှန်မကြည့်ဘူးလေ။ အခုကျတော့ အဲဒီတုန်းက သရဲကြောက်လို့ဆိုတာကို ၀ါသနာပါတယ်ဆိုပြီး ဆွဲထည့်တာပေါ့ နော်။
မေး-အခုကျောင်းပြီးပြီဆိုတော့ ပောာက်ဆာဂျင်လုပ်မလုပ်လေးပြောပါအုန်းနော်...
ဖြေ-အော်...ဒါလား။ဖြူဖြူကိုဆို ကလေးမိဘတွေက အရမ်းအားကိုးတယ်...အခုခေတ်ကလဲ ကလေးတွေက အရင်လိုဒေဝေါနဲ့ ခြောက်ရင်မကြောက်တော့ဘူးလေ။အဲတော့ကလေးတွေငြိမ်အောင်လို့ ဆိုပြီးတော့ ပိာုအသားမဲမဲနဲ့ဆရာဝန်မကြီး ကိုခေါ်ပြီးဆေးထိုး ခိုင်းလိုက်မယ်လို့ပြောရင်ကလေးတွေကကြောက်ကျတယ်လေ..
မေး-ဒါဆိုဖြူဖြူကပေါတောတောလုပ်နေရတယ်ဆိုတာလုပ်ငန်းသဘောပေါ့နော်။
ဖြေ-ဒါတော့မပာုတ်ဘူး။ဖြူဖြူကနဂိုထဲက ပေါတောတော၊ရူးကြောင်ကြောင်လုပ်ပြီး လူတွေစိတ်ဝင်စားအောင်လုပ်တာ ငယ်ငယ်ထဲကပါ...
မေး-ဖြူဖြူက ပွဲကျရင် ၀တ်စားတာနဲ့ ပတ်သက်ပြီးတော့ သီချင်းမဆိုခင်လူမမြင်အောင်နေတယ်နော်…အဲဒါနဲ့ ပတ်သက်ပြီးတော့ တခု ခု လောက်များ ရှင်းပြပါလား။
ဖြေ-ခစ်ခစ်ခစ်…ဖြူဖြူကလေ ၀တ်လို့ရှိရင်ပုံပုံစတိုးကမှ ၀တ်တာ။ ဈေးလဲသက်သာတယ်လေ..ဖြူဖြူကိုယ်တိုင်ပဲ ဖရေဇာမှာရှိတဲ့ ပုံပုံစတိုး မှာ ရွေးယူတာပေါ့။ လူတွေကတော့ ဖြူဖြူကို အပြင်မှာမြင်ရင်မမှတ်မိကျဘူးလေ။ ဒါပေမဲ့တော်တော်များများက ပုံပုံအထည်ဆိုရင် သိတာများလို့ ဖြူဖြူက ထမင်တကာ ပိုက်ဆံပေးပြီးကြည့်ရတဲ့ ပရိသတ်အတွက်ပဲ လို့ ပာန်လုပ်ပြီးပြောရတာပါ။ မဆိုခင်လူတွေတွေ့သွားရင် ဖြူဖြူကို ပုံပုံအထည်တွေ ၀တ်ထား တယ်ဆိုတာ သိကုန်ကျမှာပေါ့။ စင်ပေါ်ရောက်တော့ မီးရောင်နဲ့ ဆိုတော့ ပုံပုံအထည်မှန်း သိပ်မသိတော့ဘူးလေ။
မေး-ဖြူဖြူကဘာသာရေးနဲ့ပတ်သက်ပြီးတော်တော်ကိုင်းရှိုင်းတယ်နော်။ ပထမဆုံးစီးရီး အင်တာဗျူးတုန်းက ဘုရားသခင်ပေးသနားတဲ့ အသံလို့ပြောဘူးတယ်နော်
ဖြေ- အော်....ဒါကလဲအဲဒီတုန်းကဒီလိုမျိုးပေါတောတောစလုပ်ရမှာဆိုတော့ မအောင်မြင်ရင်ရှက်စရာကြီးလေ...ဒါကြောင့် ကိုယ့်အပြစ်မဖြစ် အောင်လို့ဘုရားသခင်ကိုဆွဲထည့်လိုက်တာပါ။ခစ်...ခစ်...အောင်မြင်ရင်တော့ကိုယ်တော်လို့ပေါ့နော်
မေး-အခုလက်ရှိမှာရောအောင်မြင်ပြီလို့ပြောလို့ရပြီလား။
ဖြေ- ဒါကတော့ဘယ်လိုပြောမလဲနော်...လူဆိုတာကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့...ပေါတောတောလုပ်ပြတာကြိုက်တဲ့သူတွေကတော့ ဖြူဖြူကိုအရမ်းအားပေးတာပေါ့။ တချို့ကျတော့လဲ ဖြူဖြူကို ပေါတာမ ပေါ့လေ... ဖြူဖြူကတော့ ကိုယ့်ကိုပေါတာမလို့ ခေါ်တာကိုလုံးဝစိတ်မဆိုးပါဘူး။မှန်တာကိုခေါ်တာပဲနော်စိတ်ဆိုးစရာလား...ခစ်ခစ်ခစ်ခစ်
မေး-ဖြူဖြူကသီချင်းဆိုတဲ့အခါမှာပာန်ပန်အပြည့်နဲ့ဆိုတယ်နော်....အဲဒါနဲ့ပတ်သက်ပြီး တော့နည်းနည်းလောက် ရှင်းပြ ပါအုန်း။
ဖြေ- ဒါကတော့ပြောရမယ်ဆိုရင် အရှည်ကြီးပဲ..ကြုံကြိုက်လို့ပြောရမယ်ဆို ရင်တော့...ဖြူဖြူရဲ့အကြောင်းကိုသိတဲ့သူတွေက ကြီး(၃)ကြီးမဲပလေ လို့ခေါ်တယ်လေ...ပထမကြီးတကြီးက သောက်စားကြီးတာပါ၊ ဒုတိယကြီးကတော့ သောက်ပြောကြီးတာပါ၊နောက်ဆုံးကြီးကတော့ သောက်ပျင်းကြီးတာပါ။ဥပမာပြောရရင် ဖြူဖြူ့ အရင်တုန်းက အေးချမ်းမေရဲ့သီချင်းကို ယုဇန က ဆိုတုန်းက လူတွေက မကြိုက်ကျဘူးလေ.. City FM နှစ်ပတ်လည်မှာ ဖြူဖြူအလှည့်လဲကျရော ဖြူဖြူကအားလုံးထက်သာအောင်ဆိုမယ်ပေါ့နော်... အရည်အချင်းကနဲတော့ ပာာမိုနီလိုက်မဲ့သူတွေကိုအများကြီးခေါ်၊ပြီးတော့သီချင်းဆိုတာကိုလူတွေသိပ်ပြီးသတိမထားမိအောင်လို့ ဖြူဖြူထက် ရုပ်ချောတဲ့မော်ဒယ်လ်ကိုသုံး။ဒီလိုမျိုးကြံဖန်ရတာပေါ့နော်။ပြီးတော့လဲအဲဒီနေ့ကဖြူဖြူက ပဲကြီးပာင်းတွေ စားထား တယ်လေ.... ၀တ်ထားတာကလဲအဖြူရောင်ဆိုတော့ တော်တော်နေရခက်တာပေါ့နော်......သီချင်းကိုဆိုနေရင်း နဲ့ ဖြူဖြူက အရမ်းဗိုက်နာလာတယ်လေ...ဒါကြောင့်မျက်နှာကြီးကို ရှူံမဲ့ထားတာပေါ့။ နောက်ပြီး ဗိုက်က အရမ်းနာနေတော့ သီချင်းဆိုနေရင်းထွက်ကျမှာစိုးလို့ စင်ပေါ်မှာ ပိာုလျှောက်လိုက်၊ဒီလျှောက်လိုက်နဲ့ လုပ်နေတာပေါ့... ခစ်ခစ်ခစ်.. တခုကံကောင်းတာက လူတွေက ဖြူဖြူဗိုက်နာ နေတာကိုမသိဘူးလေ... ဖြူဖြူခံစားချက်အပြည့်နဲ့ ဆိုနေတယ်ပဲ ထင်နေကျတာလေ....သီချင်းလဲဆိုပြီးတော့ဖြူဖြူလဲ တန်းပြီးအိမ်သာကိုပြေးရတာပဲ။စဉ်းစားကြည့်ပေါ့နော်….ဖြူဖြူကို ပရိသတ် က တကယ် လက်ခံပြီ ဆိုရင် ဆုတွေပေးတဲ့အထဲ မှာ ဖြူဖြူပါရမှာပေါ့။ အခုသူများတွေပဲရတယ်ဆိုတော့ ဖြူဖြူကို လူတွေက သိပ်ပြီးလက်မခံ သေးတဲ့ သဘောရောက်တာပေါ့။
မေး-ဖြူဖြူစင်္ကာပူမှာ သီချင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာလေးတွေရှိရင် တခုလောက်….
ဖြေ- ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ပာမ်ဘာဂါတလုံးကို (၃၅)ဒေါ်လာပေးရတယ်ဆိုတာက ဆင်လောက်ကြီးတဲ့ ပာမ်ဘာဂါကိုပြောတာ ဖြူဖြူတို့ စားတဲ့ ဘာဂါက (၃၅) ဒေါ်လာဆိုတာ လူ (၁၀)ယောက်စာကိုပြောတာလေ။ ဒါပေမဲ့ အင်တာဗျူးတခုမှာ ခပ်တည်တည်နဲ့ ဖြီးတာပေါ့ ။ဘယ်ရမလဲ။ ပြီးတော့လဲ ပရိုဂျူဆာတွေက လာကြည့်တယ်ဆိုတာကလဲ သူတို့ဖာသာ စင်ကာပူ ဂေးလန်းကို လာတာလေ.. လမ်းကြုံလို့ဝင်ကြည့် သွားတဲ့သဘောပါ။ သူတို့အိမ်တွေကိုလဲ အကြောင်းပြလို့ကောင်းသွားတာပေါ့နော်။
မေး-ဖြူဖြူကပြောတော့ စင်္ကာပူမှာသီချင်းဆိုတုန်းက ခေါင်းကိုမော့ပြီးဆိုတယ်လို့ပြောတယ်နော်။
ဖြေ- အော်…ဒါလား။ဖြူဖြူရဲ့ အရပ်က ခွေးပစ်တဲ့တုတ်သာသာလေးပဲ ရှိတာဆိုတော့ အရပ်ကို မရှည်ရှည်အောင်လို့ မော့ထားရတာပါ။ ဒါပေမဲ့ အင်တာဗျူးမှာကျတော့ လူတွေအထင်ကြီးအောင်လို့ ခပ်တည်တည်နဲ့ ဖြီးဖြန်းတာပေါ့။
မေး-စင်ကာပူမှာ လာပြီးအားပေးတဲ့ မြန်မာတွေရော များလား။
ဖြေ- ခစ် ခစ် ခစ် လူဆိုတာမျိုးက လမ်းဘေးက မျောက်ပွဲတောင်အုံကြည့်ကျသေးတာပဲ… လာကြည့်ကျတာပေါ့။ အများကြီးတော့ မပာုတ်ပါဘူး။ (၃) (၄) ယောက်ပေါ့နော်။ ပြီးတော့ သူတို့တွေပွဲလဲပြီးရော ငိုကျတယ်။ လာကြည့်ရတဲ့ ပိုက်ဆံကို မုန့်စားတာမှ ပိုပြီး အကျိုးရှိနိုင်တယ်ဆိုပြီးတော့ပေါ့…
စူးရှအက်ကွဲပြီး မျောက်မင်းအူသံ နဲ့ သီချင်းဆို၊ အ၀တ်အစားဒီဇိုင်း ပေါကြောင်ကြောင် နဲ့ မြန်မာပြည်က အမျိုးသမီး အဆိုတော် ဘယ်သူလဲ လို့ မေးရင် အားလုံးက တညီတညွတ်တည်း ဖြူ ဖြူကျော်သိန်း လို့ပြောကျမှာဖြစ်ပါတယ်။ဒီလိုမျိုး ပေါကြောင်ကြောင် မိန်းကလေး တယောက်ရဲ့ ရင်ထဲမှာ ဘာတွေရှိတယ်ဆိုကို ပရိသတ်တွေ ကိုသိစေ ချင်တဲ့ အတွက် ကျွှန်တော် ကိုကိုမောင် တော်တော်ဆိုး ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံပြီးအင်တာဗျူးဖြစ်ခဲ့ပါတယ်။
မေး-ဖြူဖြူအင်တာဗျူးအပိုင်း (၁) မှာ ဘုရားသခင် ကို ကောင်းကောင်းကြီး ခုတုံးလုပ်ခဲ့တယ်ဆိုတာကို ဖြူဖြူပြောခဲ့ပြီးပြီနော်။ ကျွှန်တော်နောက်တခုသိချင်တာက ငယ်ငယ် က ဘာသာရေးနဲ့ပတ်သက်ပြီး လုပ်ခဲ့တာလေးတွေ၊ မှတ်မှတ်ရရ ရှိခဲ့တာလေးတွေကိုပြောပြပါအုန်း။
ဖြေ-ခစ်ခစ်ခစ် ငယ်ငယ်တုန်းကတော့ ဖြူဖြူက sunday school ကို တက်ရတယ်။ အဲဒီမှာ ဘုရားသီချင်းတွေဆိုရတာပေါ့နော်.....အဲဒီလိုဆိုရပြီးဆိုဖြူဖြူကို ဘယ်တော့မှ မဆိုခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေ ဘုရားသီချင်းကို မုန်းသွားမှာစိုးလို့ပေါ့ (ခစ်ခစ်ခစ်) ပြီးတော့ ဘုရားကျောင်းကို တက်တယ် ဆိုတာကလဲ ယုံကြည် လွန်းလို့တော့ မပာုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ ရည်းစားလေး ဘာလေး ရမလားလို့တက်နေရတာ...
မေး-ဒါဆို ဖြူဖြူ့ရဲ့ အချစ်အကြောင်းလေး တီးတိုးလေးများရှိခဲ့ရင်တခုလောက်ပြောပြပါအုန်း။
ဖြေ- ဖြူဖြူ က ကိုယ်တိုင်သာ အသားမဲတာ ဒါပေမဲ့ ရည်းစားကျတော့ အသားဖြူတဲ့လူကို ပိုပြီးစိတ်ဝင်စားတယ်လေ။ အခုချိန်ထိတော့ ဖြူ့ ကို ကြိုက်တဲ့လူတယောက် မှမရှိသေးဘူး။ ကျောင်းတက်တုန်းကဆို ဖြူဖြူက လိုက်ကြိုက်တာတောင် ကောင်လေးတွေက ထွက်ပြေးကျတယ်လေ....ဒါကြောင့် ဖြူဖြူရဲ့ အရင်းနှီးဆုံး သူငယ် ချင်းတွေက ဆို ဖြူဖြူကို ရွယ်ခူးလို့ခေါ်တယ်လေ..... (ကိုယ်ရည်ရွယ်လိုက်ရင် သူများကခူးသွားလို့ပေါ့) ခစ်ခစ်ခစ်
မေး-ဒါဆိုဆေးကျောင်းတက်တော့ မှ ချစ်သူရတယ်လို့ပဲပြောရတော့မှာပေါ့
ဖြေ-ဆေးကျောင်းကလူတွေကပိုဆိုးတယ်...စာပဲစိတ်ဝင်စားကျတာ..ဖြူဖြူကို ဂရုတောင်မစိုက်ကျဘူး။ တခါတလေတော့ သန့်ရှင်းရေးကုလားမနဲ့တော့ တချို့က မှားဘူးကျတယ်လေ......ကြိုက်မဲ့သူလုံးဝကိုမရှိခဲ့တာပါ....
မေး-ဖြူဖြူကိုအဆိုတော်မဖြစ်ခင်ဆေးကျောင်းက အမှတ်တရလေးတခုလောက်
ဖြေ-ဖြူဖြူကဆယ်တန်းနဲ့ ဆေးကျောင်းမပြီးခင် ........အင်းဘာလို့ပြောရမလဲ အဆိုတော်မဖြစ်ခင်က နည်းနည်းဝတယ်လေ..အဲဒါကြောင့် တချို့က နဂိုကလဲမဲတော့ ဖြူဖြူကို ဆေးဘဲဥ လို့တော့ ချစ်စနိုးခေါ်ကျတယ်။
မေး-ဖြူဖြူအားတဲ့အချိန်ကျရင်ဘာတွေလုပ်တယ်ဆိုတာလေးတခုလောက်
ဖြေ-အော်ဒါလား...ပြောပြီးသားပဲလေ...ဖြူဖြူကသောက်ပျင်းကြီးတော့ စားပြီးရင်အိပ်နေတာပေါ့လို့ ...........ခစ်ခစ်ခစ် ဒါပေမဲ့ တခါကတော့ ဖြူဖြူမအိပ်ပဲ ကဗျာတပုဒ်ရေးဘူးတယ်။ ပာင်းပာင်းပာင်း( အောက်ကလိသံဖြင့်ရီသည်) ဖြူဖြူ့ ကဗျာကိုလူတိုင်းကကောင်းလွန်းလို့တဲ့ ....ကဗျာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တယ်လို့တော့မပာုတ်ပါဘူး။ဒါပေမဲ့ ကျော်ကြားချင်တော့လဲ စိတ်ကူးတည့်ရာလျှောက်လုပ်တာပေါ့နော်.......
ရင်မှာမီးတောက်
ဖင်မှာချီးခြောက်
အဲဒါမင်းကြောင့်
အဲဒါဖြူဖြူစပ်ထားတဲ့ကဗျာလေ...ခစ်ခစ်ခစ်
မေး-ဖြူဖြူကသီချင်းဆိုတာတဖက်နဲ့ ကျောင်းကတဖက်ဆိုတော့ တော်တော်ပင်ပန်းခဲ့မှာပေါ့နော်
ဖြေ- အော်ဒါကတော့ ဖြူဖြူ့ရဲ့ မမကျေးဇူးလို့ပြောရင်ရတယ်လေ။ဖြူဖြူ့ရဲ့ မမက စာတော်တော့ ဆရာ ဆရာမတွေက မမကိုချစ်ကျတယ်လေ။ဖြူဖြူကတော့စာမရ တာများတယ်လေ။အဲတော့ မမကပဲဆရာတွေကို ကန်တော့ပြီးဖြူဖြူ့ကိုမအောင်အောင်လို့ကို လုပ်ပေးခဲ့တာပေါ့။ဆရာတွေကလဲ ဒီတိုင်းတော့ လုပ်မပေးဘူးလေ ဖြူဖြူနဲ့ ဖြူဖြူ့အမကို ဂတိတခုတောင်းတယ်.....ဆေးကျောင်းပြီးသွားရင်ဆေးမကုစားပါဘူးလို့လေ။
မေး-ဖြူဖြူ့ရဲ့ ပထမဦးဆုံးအခွေနဲ့ပတ်သက်ပြီး ပြောပြပါအုန်း
ဖြေ-ဖြူဖြူကလဲ ကြွားချင်....အဲလေ...ပြောချင်နေတာ။အဲဒီအချိန်တုန်းက အဆိုတော်တွေ ရေခမ်းလို့ ရေခပ်နေတဲ့အချိန်ပေါ့လေ။ပာိုး....ရှင်းရှင်းပြောရရင် ပြန်ဆို တေးတွေဆိုပြီး ပရိသတ်ဆီက ငွေချူ နေတဲ့ အချိန်ပေါ့။ပြီးတော့လဲ အဲဒီအချိန်တုန်းက အတွဲအခွေတွေခေတ်စားနေတဲ့အချိန်မှာ ဖြူဖြူ့အခွေကိုထုတ်တာပါ။အဲဒီ အချိန်တုန်းက အခွေထွက်တဲ့နေ့မှာပဲ ဖေဖေ က သူ့သူငယ်ချင်းတွေနဲ့ နီးစပ်ရာတွေကို ပိုက်ဆံပေးပြီး ဖြူဖြူ့အခွေတွေကိုပြန်ဝယ်ခိုင်းလိုက်တယ်လေ.....ပြီးတော့လဲစပြီးထုတ်ထဲ က နည်းနည်းလေးပဲ ထုတ်တာဆိုတော့ ခဏလေးနဲ့ကုန်ပြီး အခွေတွေကရောင်းကောင်းတဲ့ပုံစံမျိုး လုပ်ယူရတာပေါ့နော်။လူတွေကိုလဲ ဖြူဖြူအခွေကို ကောင်းတယ်ပြော အောင်လို့ ဘုရားကိုပဲ ဘယ်လောက်ကြီးယုံကြည်ပြီးကျေးဇူးတော်ကိုဘာညာဘာညာပေါ့နော်........တော်တော်ကြီးကိုလုပ်ယူရတာပါ။ပြီးတော့လဲ ဖြူဖြူကိုယ်တိုင် ပလန်းနက်တို့၊ပုဂံနက်တို့မှာ nick မျိုးစုံနဲ့ ဖြူဖြူကျော်သိန်းက အတော်ဆုံး၊အကောင်းဆုံးတွေ လျှောက်ရေးတာပေါ့။
မေး-နာမည်ကြီးအဆိုတော်တွေရဲ့ အခွေတွေခိုးကူးခံကျရတယ်နော်....ခိုးကူးခံရတယ်ဆိုတာကလဲ နာမည်ကြီးအဆိုတော်ဖြစ်မှ ဆိုတော့ ခိုးကူးခွေတွေနဲ့ ပတ်သက်တဲ့သဘောထား လေးပြောပြပါအုန်း
ဖြေ-အော် ဒါက ဖြူဖြူအနေနဲ့ပြောရရင်တော့ (ဗမာစကားနဲ့ ပြောရရင်ပေါ့နော်)....၀ဋ် လည်တယ်လို့ပဲပြောရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူက အတန်းစဉ်စာခိုးချ ခဲ့တယ်၊ပြီးတော့လဲ သူများသီချင်းတွေကို ကော်ပီတင်မပာုတ်ဘူး စတိုင်ကိုပါခိုးတာဆိုတော့ ဖြူဖြူကတော့ခိုးချင်ခိုးပါစေပေါ့နော်...ဖြူဖြူခိုးခဲ့တဲ့ ငရဲတွေ ချေပေး တယ် လို့ပဲမှတ်ပါတယ်။(ဒီနေရာအင်တာဗျူးပြုလုပ်သူကိုကိုမောင်အရမ်းကိုအံ့သြပါတယ်။မြန်မာပြည်မှာမွေး၊မြန်မာပြည်မှာကြီးပြင်းပြီး ဗမာစကားနဲ့ပြောရရင်လို့ ပြောလို့ပါ)
မေး-ဖြူဖြူ့ကို အိုင်စီက စင်တင်ပေးတာနဲ့ပတ်သက်ပြီး ပြောပြပါအုန်း။
ဖြေ-အဲဒီအချိန်တုန်းက ပေါကြောင်ကြောင်လုပ်ပြမှခေတ်စားတာဆိုတော့ အိုင်စီအနေနဲ့ ကပေါကြောင်ကြောင်လုပ်မဲ့သူလိုက်ရှာနေတဲ့အချိန်ပေါ့။ သူတို့က ဖြူဖြူကို လဲတွေ့သွားတော့ လိုက်ရှာစရာမလိုတော့ဘူး...ပာန်ကျပြီဆိုပြီးဖြူဖြူ့ကို စင်တင်ပေးကျတာပဲပေါ့။ဦးကိုကိုလွင်ကဆို စဆိုမဲ့နေ့မှာ ဖြူဖြူက အဖြူရောင်ဝတ်လာ တော့ဘာပြောလဲဆိုရင် ငါတို့လူရွေးမမှားဘူးတဲ့ အသားမဲ အရဲဆင်တဲ့ ဒီကောင်မလေးစင်ပေါ်မှာ ပေါတောတောလုပ်ပြဖို့ပဲလိုတယ်တဲ့။ အဲဒါနဲ့ ကိုချစ်စမ်းမောင် တို့ကလဲဝိုင်း ပြီးဆုတောင်းပေးကျတယ်..ပြီးတော့ ဘာမှမကြောက်နဲ့၊တက်သာတက်လိုက်၊လုပ်ချင်တာလုပ်ခဲ့၊စိတ်ထဲရှိတဲ့အတိုင်းပေါတောတောတွေလုပ်ခဲ့လို့ ၀ိုင်း မြှောက် ပေးကျတယ်။ ဖြူဖြူကလဲမြှောက်ပေးစရာတောင်မလိုပါဘူးလေ...ယောင်္ကျားလေးသာဆို တက်ပြီးတော့သေတယ်....
မေး-ပိာုတလောက ရခိုင်လေဘေးနဲ့ပတ်သက်ပြီး ဖြူဖြူ ကဗျာရွတ်လိုက်သေးတယ်နော်..ဒါနဲ့ပတ်သက်ပြီးတော့ တခုခုလောက်ပြောပါအုန်း
ဖြေ-ဖြူဖြူအပေါ်မှာပြောခဲ့သလိုပဲလေ...ဖြူဖြူကိုယ်တိုင်လဲကဗျာစပ်တယ်ဆိုတာ...လေဘေးဆိုရင်ဖြူဖြူကအရမ်းကိုရင်ခုန်တယ်လေ..ဘာလို့လဲဆိုတော့ ဖြူဖြူကိုယ် တိုင်ကလဲ လေဘေးထည်တွေပဲ တစိုက်မတ်မတ်အားပေးခဲ့တာကိုး.........ခစ်ခစ်ခစ်ပြီးတော့လဲ သီချင်းဆိုတာခေတ်မကောင်းတော့ရင် လိုင်းပြောင်းရတာ အဆင်ပြေအောင်လို့အခုထဲက ကြိုပြီး စာပေလောကနဲ့ ပတ်သက်အောင်လုပ်ယူထားရတာပါ..........ဖြူဖြူရဲ့ ပေါတောတောတွေကို လူတွေကရိုးသွားရင် စာပေ လိုင်းထဲပြောင်းရအောင်လွယ်အောင်လို့ အခုထဲက ကဗျာရွတ်တာတို့လုပ်ထားတာပေါ့။
မေး-ဖြူဖြူကိုယ်တိုင်စပ်ခဲ့ English ကဗျာလေးရွတ်တာဆို.......
ဖြေ-ဒီကဗျာက ပာိုကဗျာထဲက နှစ်ကြောင်းလောက်၊ဒီကဗျာထဲက တကြောင်းလောက်ခိုးချတာပေါ့။ men may come and men may go ဆိုပြီးလို့တောင်ပါနေလို့ ဖြူဖြူ့အမက ဒီလောက်တော့ ခိုးမချလို့တားရသေးတယ်လေ.......ကဗျာရွတ်တယ်ဆိုတာကလဲဘာခက်တာလိုက်လို့၊ တွေ့ကရာလျှောက်ရွတ်ပေါ့...ခစ်ခစ် မြန်မာလိုရွတ်တာမှ မပာုတ်တာ...လူတွေကသိပ်ပြီးသတိမထားမိဘူးလေ....နားမလည်အောင် ရွတ်လိုက်တာပေါ့နော်...ဒါမှလဲ English ကို အရမ်းကျွမ်းပြီး ပီတဲ့ ပုံစံမျိုးဖမ်းရတာပေါ့....ခစ်ခစ်ခစ်.....:D
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
10 months ago
0 မှတ်ချက်ပေးသွားတယ်:
Post a Comment