တကယ်တမ်း ကျွန်တော်ရေးချင်တာက ဒီခေါင်းစဥ်နဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မှာပါ။ ဒါပေမယ့် ဒီစာရဲ့ အနှစ်သာရ ပိုရှိသွားအောင်၊ နောက်ပြီး အထီးကျန်သူ တစ်ယောက်ရဲ့ ဆန္ဒ ဒီထက်ပိုပြီး အဓိပ္ပါယ်ရှိသွား အောင်ပါ။ အွန်လိုင်းပေါ်မှာ စာတွေလိုက်ဖက်နေ ရင်းက nativemyanmar.net ကို ရောက်သွားတယ်၊ အဲဒီမှာ ရောက်တတ်ရာရာ ဖတ်ရှုရင်းကနေ single ဆိုတဲ့ လူပျိုကြီး၊ အပျိုကြီး၊ တစ်ခုလပ်၊ အပျို၊ လူပျို topic ခေါင်းစဥ်ကို ရောက်သွားရင်း ကနေ ဒီအိုင်ဒီယာလေးကို ရခဲ့တာ။ ပြီးတော့ အကြောင်းကြောင့် ကလည်း သွားတိုက်ဆိုင် နေပြန်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တိုက်ဆိုင်လိုက်တာများကွာ ဆိုတာလိုပါဘဲ။ သူများစုံတွဲတွေ ငေးကြည့်ရင်း ကနေ မပိုတဲ့ ဘဝကို တစ်ခါ တစ်လေ အားငယ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အသဲကွဲနေတဲ့ သူတွေများတွေ့ရင်လည်း လက်ရှိဘဝကို ကျေနပ်ြပန်တယ်။ တစ်ခါတစ်ခါ ပျော်ရွှင်နေတဲ့ ချစ်သူ တွေကိုတွေ့တော့ လေးစားအားကျပြန်တယ်။ ဒါတွေဟာ အတိတ်ဘဝက ရေစက်၊ ဖူးစာ တွေ့ကြောင့်ဘဲလား။ ဒါမမဟုတ် မချစ်ရင် မနေနိုင်တဲ့ သူတွေကြောင့်ပဲလား အတွေများစွာနဲ့ ငေးကြည့်ရ စမြဲပါပဲ။ လက်ရှိ အချိန်အထိ ပွဲကြည့်ပရိသတ် အဆင့်သာသာရှိတဲ့ ကိုယ်ကိုကိုယ် အားမရနိုင်တာ ခဏခဏပါပဲ။ ၁၀ တန်း ကျောင်းသားဘဝက သူငယ်ချင်းတွေ ကဝိုင်းပြီးသနားလို့ သူငယ်ချင်း အဆင့်သာသာရှိတဲ့ ကောင်မလေး တစ်ယောက်နဲ့တော့ သိကျွမ်းခဲ့တယ်။ ဒါပေမယ့်လည်း ချစ်သူတွေ အဆင့်ထက်တော့ မပိုခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အပေါင်းအသင်းများ ဘယ်လောက်ကောင်းခဲ့ သလဲဆိုရင် ချစ်သူ သမီးရည်းစား သာမဖြစ်ခဲ့သာ။ ကျွန်တော်ဘာ တစ်ခုမှာ အားစိုက်ထုတ်ခဲ့ရတာ မပါခဲ့ဘူး။ ကိုယ့်ကိုကိုယ်လည်း ဘာမှန်းတောင် မသိခဲ့ဘူး။ ရည်းစား စာက အစ။ အိမ်လိပ်စာ အဆုံး သူငယ်ချင်းများ ကောင်းမှုတွေပါဘဲ။ ၂၃ နှစ်သာ အချိန်အထိ ဒါလေးတစ်ခုသာ မှတ်မှတ်ရရ ပါဘဲ။ အခု နောက်ဆုံးပေါ် နည်းဗျူဟာ အွန်လိုင်း ချက်တင်ဆိုတာလည်း ဂျီတော့ ပေါ်ကတည်းက သုံးလာခဲ့တာ အွန်လိုင်း သူငယ်ချင်းတွေ အားလုံးနဲ့လည်း ခင်ခင်မင်မင်ပါဘဲ(မကြူဟုတော့ မဆိုလိုပေါင်)၊ တစ်ခါတစ်ခါ လူ့ဘ၀ကြီးက ပျင်းစရာ ကောင်းတယ် ဆိုတယ်၊ တစ်ခါ တစ်ခါ အရာအာလုံးဟာ သူအရာနဲ့သူ အေးအေး ဆေးဆေး ကျေနပ် စရာ ကောင်းပါတယ်။ လူ့အလို နတ်မလိုက်နိုင် တာလည်း ဖြစ်နိုင် ပါတယ်။ တွေးချင် ေရးချင် ဆွေးချင် ငေးချင် ပေမယ့် အကြောင်းကြောင့် မတွေးနိုင်၊ မရေးနိုင်၊ မဆွေးနိုင်၊ မငေးနိုင် တာဟာ တစ်ခါ တစ်ခါ တော့ အကောင်းသား ပါဘဲ။
ဆက်ရေး၊ ဆက်တွေး၊ ဆက်ငေးပါဦးမည်။
ဆက်ရေး၊ ဆက်တွေး၊ ဆက်ငေးပါဦးမည်။
တကယ်တမ်း willsmith က တစ်ကမ္ဘာလုံး သူတစ်ယောက် ထဲရှိတာ၊ ကျွန်တော် ဟိုမရောက် ဒီမရောက် ကေမောင်ငြိမ်း က လူသား သန်းပေါင်း ခြောက်ထောက်ကြား ထဲမှာ တစ်ယောက်တည်း (ဟီးဟီး သဲရဲတော့ ကြောက်တတ်သား)
0 မှတ်ချက်ပေးသွားတယ်:
Post a Comment