လွန်ခဲ့သော ၁၀ နှစ် ၁၉၉၈ ခုနှစ်၊ ရက်တွေ လတွေ အားလုံး တရေးရေးပါဘဲ .......
တော်တော်များများ မှတ်မိတယ်၊ ဒါပေမယ့် တကယ်တမ်း ကျွန်တော် ချမရေး တတ်တော့ဘူး၊ စာရေးတာ အခုထိ ကောင်းကောင်း မရေးတတ်၊ ကောင်းကောင်း မတွေးခေါ်တတ်ဘူး၊ အလေ့အကျင့် ကြောင့် ဖြစ်မယ်ထင်တယ်၊ ငယ်ငယ်တုန်းက ထက်အခု ပိုဆိုးလာတယ်၊ လက်ရေး လက်သားက အစပါဘဲ၊ အခုထိ ခေါင်းထဲမှာ ထင်ထင်ရှားရှား မှတ်မိတာက၊ ရန်ကုန်မှာ အဲဒီတုန်းက ပက်ပဆီ၊ ဆဲဗင်းအပ် အဲဒီ အချိုရည်တွေ ကုန်သွားပြီး အစားထိုး ပြည်တွင်း ဖြစ်တွေ ပေါ်လာတယ်၊ ခရက်ရှာ၊ မတ်စ်၊ လီမွန် စသည်ဖြင့်ပေါ့၊ တစ်ပုလင်းမှ ၂၀၊ ၂၅ ကျပ် ဆိုတော့၊ တစ်နေ့မုန့်ဘိုး ၁၀၀ လောက် ရတော့ အားပါးပါး ဖောချင်းသောချင်း သောက်တာပေါ့၊ နောက်ပြီး ပွိုင့်နေကြာစေ့၊ ကွာစေ့လှော် အများကြီး၊ တစ်နေကုန် တစ်နေကန်း အပြိုင်စားကြတာ၊ ပြီးရင် အအေးပုလင်းတွေ ဂက်စ်ဖောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြိုင် အဆိုင် ပတ်ကြ တာပေါ့ဗျာ၊ မှတ်မှတ်ရရ ကျွန်တော်နဲ့ တစ်ခန်းထဲ ကောင်မလေး တစ်ယောက်ကို နေ့တိုင်း လိုက်ကြည့်နေမိတယ်၊ သိဘူးဗျာ သေသေချာချာတော့ ..... ။
လွန်ခဲ့သော ၉ နှစ်၊ ၁၉၉၉ ကျောင်းတက် ချိန်မှာ အပျော်ဆုံးနှစ် ........ အကုန်မှတ်မိ နေခဲ့တယ် ........
သူငယ်ချင်း အသစ်တွေနဲ့လည်း အများကြီးခင်ရတယ်၊ ဘာလို့လဲဆိုတော့ အဒီနှစ်မှာ ထူးထူးဆန်းဆန်း အထက်တန်း ကျောင်း တက်ချိန်မှာတောင် လာပြီး ကိုယ်တက်ချင် တဲ့မေဂျာ၊ ကိုယ်လို ချင်တဲ့မေဂျာ စပြီးခွဲတဲ့ နှစ်လေ၊ မှတ်မှတ်ရရ စားမွေးပွဲကြီး ဖြေဖို့ နှစ်လ၊ သုံးလ အလိုမှာတောင် ဘိုင်အိုလား၊ အီကိုလား၊ ၀ိဇ္ဇာလား ဟိုအတန်းသွား၊ ဒီအတန်းသွားပြီး အလေလိုက်နေတာ၊ ကျွန်တော် ထင်တယ် ယူနီ ဗာစတီ များ တက်နေရလား လားတောင် ကိုယ့်ကိုကိုယ်ကို ထင်ခဲ့မိတယ်၊ နောက်ဆုံးတော့ သူငယ်ချင်း အများစု ပါတဲ့ အီကို ပဲရွေးခဲ့မိတယ်၊ ဘိုင်အို ကျတော့ စားလည်း မလိုက်နိုင်တာ ပါပါတယ်၊ အရာအားလုံး အပျော်ရွင် ဆုံးပါဘဲ၊ ကျောင်းလာတယ်၊ အခန်းထဲမှာ လွယ်အိတ်နဲ့ ထမင်းချိုင့်ပဲ ကျန်တယ်၊ ပထမဆုံး ကျောင်း ခေါ်ချိန် ပြီးရင် ကျွန်တော် ကေမောင်ငြိမ်း နှင့် အပေါင်းအပါ များမှာ ဘယ်လိုက်ရှာ၍ ရှာရ မှန်းတောင် မသိပါ၊ ကျောင်းမှာ နာမည်ကြီး (မကောင်းသော အရာတွင် ကြီးသုံးကြီး) စာရင်း၀င် ကျွန်တော် ချစ်တီး (ဖောက်ထွင်း၀ိဇ္ဇာ၊ ကိုယ်ပျောက် ၀ိဇ္ဇာ)၊ ကျော်ကြိီး (ဆေး၀ိဇ္ဇာ၊ ဂိမ်း၀ိဇ္ဇာ)၊ တာတေကြီး(ဖွန်၀ိဇ္ဇာ၊ တနှာဏာ၀ိဇ္ဇာ)တို့မှာ ဘယ်ဆီ၊ ဘယ်ဒေသတို့မှ လိုက်ရှာ၍ မရအောင်ပါ၊ ကျောင်းခေါ် ၇၅% မပြောနှင့် ၂၅% တောင် ပြည့်မည် မထင်ပါ၊ သို့သော် ထိုခေတ်ထိုအခါက ဝိုင်း ခေါင်းဆောင် ဆရာမ (အတန်းပိုင်) ကောင်း၍သာ ကျွန်တော်များ စာမေးပွဲ ဖြေဆိုခွင့်၊ စာမေးပွဲ အောင်လာခဲ့ခြင်း ဖြစ်ပါသည်၊ ထိုခေတ်ထိုအခါက ကျွန်တော်များ ကျောင်းတွင် ကျောင်းချိန်မှ အစ ကျူရှင် ချိန်အဆုံး၊ ထိုအချိန်များတွင် ကျွန်တော် ကျူရှင်ဝိုင်း နာမည်မှာ အောက်တွင် ကမ္ဘာအေး ဘုရားအဆုံး၊ အထက်တွင် ရိပ်သာ၊ လမ်းနီ အဆုံး၊ ြေမာက်ဘက်တွင် မဉ္ဇူ၊ သံလမ်း၊ ပါရမီ၊ တောင်ဘက်တွင် ခုနစ်မိုင်၊ အေဒီ အဆုံး "ဆရာမနိုင် နှစ်ဆောင်ပြိုင် " ဟူကျော်ကြား လေးသတည်း ...... ။
ဆက်ရန်
1 မှတ်ချက်ပေးသွားတယ်:
အကိုပြောလိုက်တော့လည်း ကျောင်းတက်ရတာကိုသတိရတယ်အကို၇ာ တကယ်လွမ်းမောစရာကောင်းတဲ့ကျောင်းကြီးပါပဲ
ကျနော်တုန်းကလည်း အကို့လိုပဲ ဒါပေမယ့် အကို့လောက်တော့ဆိုးဘူးဗျ ဟဟ
အကိုရေ ကောင်းတယ်ဗျာဒါပေမယ့် နောက်တစ်ခါ အ၀ါတော့ထည့်မရေးပါနဲ့ဗျာ ဖတ်ရတာ မျက်စိပျက်လို့ပါ အစကတည်းကမှ မျက်မှန်တပ်ရပါတယ်ဆို ပါဝါတိုးရင်တော့ အကို့ ဆီပိုက်ဆံလာတောင်းမှာ အဟီးးးးးး
Post a Comment