ပြောကုန်ကျပြီ :)





ဂျရတ်သည် ကမ္ဘာ့အကောင်းဆုံး ကစားသမား ရော်နယ်ဒိုထက် အဖက်ဖက်မှ သာလွန်ဟု ရုရှားနည်းပြ ဟင့်ဒစ်ပြောကြား

ရုရှား အသင်း၏ နည်းပြ ဂူဟင့်ဒစ်သည် လီဗာပူးလ် အသင်း ခေါင်းဆောင် စတီဗင် ဂျရတ်မှာ သူ့အတွက် ကမ္ဘာ့ အကောင်း ဆုံး ကစားသမား ဖြစ်ကြောင်း ပြောကြား လိုက်ပါသည်။ ဟင့်ဒစ်က ၂၀၀၈ခုနှစ် ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆုရှင် ရော်နယ်ဒိုထက် လီဗာပူး၏ နံပါတ်၈က ပိုမို ကောင်းမွန် ကြောင်း ပြောခဲ့သည်ကို Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ သူက “ကျွန်တော်ကတော့ ဂျရတ်ကို ပိုကြိုက်ပါတယ် ဂျရတ်ဟာ ဘောလုံး နည်းစနစ် အရကော ကစား နည်းပညာ အရပါ ကောင်းမွန်တဲ့ ကစား သမားကောင်း တစ်ယောက်ပါ။ သူဟာ ကစားကွင်းထဲမှာ အင်တိုက် အားတိုက်နဲ့ ကြိုးကြိုးစားစား ကစားတတ်သူပါ” ဟု ဟစ်ဒင့်က ဆိုသည်။ “ဂျရတ်ဟာ လီဗာပူး အသင်း ပရိသတ်တွေရဲ့ အချစ်တော် ဂုဏ်ထူး ဆုတံဆိပ်ကို ရရှိထားတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး လီဗာပူး အသင်း အင်္ကျီကို ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ ၀တ်ဆင်ထားသူ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီလို အရည်အချင်း တွေနဲ့ ပေါင်းစပ်ထားတဲ့ ကစားသမား ကောင်းဟာ နောက်တစ်ယောက် မရှိနိုင်ပါဘူး။ သူဟာ ရော်ဒယ်ဒို ထက်စာရင် ကျွန်တော့်ကို များစွာ ဆွဲဆောင်နိုင်ပါတယ်” ဟု ဟစ်ဒင့်က ထပ်ဆင့် ပြောကြားခဲ့သည်။ ရော်နယ်ဒိုသည် ပို၍ ဖျော်ဖြေမှု ပေးနိုင်သည် ဆိုသည့် အပေါ်၌ “ဟုတ်ပါတယ်။ ရော်နယ်ဒိုက ပရိသတ် တွေကို သူ့ရဲ့ ဘောလုံး ပညာနဲ့ ဖျော်ဖြေမှု ပေးနိုင်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု သာရှိပြီး အလှပြတာသာ များနေပါတယ်။ ဂျရတ်၊ ဇာဗီ နဲ့ မက်ဆီတို့ကတော့ ကိုယ့်ကိုယ်တိုင်ထက် အသင်း အပေါ်မှာသာ ပိုပြီးတော့ အာရုံစိုက်ပါတယ်” လို့ပြောကြား သွားခဲ့သည်။


source; soccermyanmar.com

2 မှတ်ချက်ပေးသွားတယ်:

Unknown said...
January 27, 2009 at 11:24 PM

ပုံမှာကြည့်ပါလား
ကောင်မလေးတော်တော်များများကြိုက်ကြမှာပါ..။

ဒါကြောင့် ရော်နယ်ဒို ရတာနေမှာပေါ့ဗျ..။

anattadj@gmail.com said...
January 28, 2009 at 7:49 PM
This comment has been removed by a blog administrator.