မသိသေးသူများအတွက်ပါ။ တော်လှန်ရေး ကားကောင်းကောင်း ကြည့်သူများအတွက် CHE (Cheguevara) ရည်ညွန်းပါတယ်။ တော်တော် များများလည်း ကြည့်ပြီးသား နေကြမှာပါ။ ကျွန်တော်က မနေ့ကမှ မြို့ထဲ ၃၆ လမ်းက အခွေဆိုင်မှာတွေ့လို့ အခုနောက်ဆုံးထွက် ရုပ်ရှင် Eagle Eye, Body of Lies နောက်ပြီး ထွက်တာ ကတော့ ကြာပါပြီ၊ အခုမှ နာမည်ကြီး လာတယ်ထင်တဲ့ Twilight ၊ ဟိုးတုန်းကတည်းက ကြည့်ဖူးပေမယ့် အခု ဆုပေးမယ့် စာရင်းတောင် ထိပ်ဆုံးက ပါတယ်ဝယ် ကြည့်လို့ သူငယ်ချင်းတစ်ယောက်က ညွန်လိုက်တာ ၀ယ်ကြည့်တာ ကားဟောင်းကြီးပါ။ ဒါပေမယ့် မြန်မာဘာသာစကား ပါလာတော့ ကြည့်ရတာ ပိုနားလည် သွားပါ တယ်။
Download လင့်မပါလို့ စိတ်မဆိုးကြနဲ့နော်၊ ရန်ကုန်က ဆိုရင်တော့ အရမ်းလွယ်တယ်လေ။ တစ်ခွေမှ ၅၀၀ ထဲရယ်။ အဲ ၃၅၊ ၃၆ လမ်းသွားဝယ်ရင်တော့ ၃ ခွေ ၁၀၀၀ နော်။ ပေါ်လိုက်တာ။ copy ခွေတွေ။ အရည်အသွေးလည်း ကောင်းတယ်။ ၅ ခွေလောက်ဝယ်ရင် ၁ ခွေက အိမ်မှာ မဖတ်ဘူး၊ ကွန်ပျူတာနဲ့ပြန်ပြီး convert လုပ်ရတယ်။ ဒါလောက်ကတော့ ရပါတယ်။ အမေရိကားနဲ့ အနောက်၊ အရှေ့နိုင်ငံ တွေမှာတောင် ဆိုင်တွေမှာ မရနိုင်သေးပေမယ့် ဒီမှာကတော့ နောက်ဆုံး ထွက်တဲ့ကားကို ၃၊ ၄ ရက်လောက်ခြား ရင်ရနေပါပြီ။ သတင်းကောင်းနော်။

1 မှတ်ချက်ပေးသွားတယ်:
လိုချင်ပါတယ်ဗျို့ ၊၊
Post a Comment