အပိုင်း-၁
လက်ရှိ ကျွန်တော်တို့ တစ်တွေ ကြုံတွေနေရတဲ့ စီးပွားရေး ကြပ်တည်းမှု ဒဏ်ကို အားလုံး ခံစားမိမှာပါ။ ဒါကတော့ ၂၀၀၈ နှစ်လည်ပိုင်း လောက်ကတည်းက အကျရိပ်သမ်းလာတဲ့ ကမ္ဘာစီးပွားရေး ဟာလက်ရှိအချိန်မှာ အဆိုးဆုံး ကြုံတွေ့နေရတဲ့ အခြေအနေ လို့ကမ္ဘာတစ်ဝှမ်းက စီးပွားရေး ပညာတွေ ဝေဖန်ပြောကြား နေတယ်ဆိုတာ စာဖတ်သူ အပေါင်းလည်း ရင်ဆိုင်တွေ့ကြုံဖူး သူများရှိသကဲ့သို့ ကြုံဖူး၊ သိဖူးသူများလည်း ရှိကြမှာပါ။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဒီလိုပိုစ်မျိုးကို ရေးသား ဝေဖန် အကြံပေးဘို့အတွက် စီးပွားရေးပညာရှင် တစ်ယောက်မဟုတ် သလို စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် နိစ္စဓူဝ တွေ့ကြုံနေရတဲ့ အခြေအနေ ရောင်းသူ၊ ၀ယ်သူ၊ သုံးစွဲသူ၊ စားသုံးတစ်ယောက် အတွက်တော့ ဒါဟာ အဆန်းတကြယ် မဟုတ်ပါဘူး။ ဥပမာ အနေနဲ့ ပြောရရင် စီးပွားရေးနယ်ပယ်နဲ့ တိုက်ရိုက် မထိတွေ့သော်ငြား အိမ်မှာ နေသူအတွက် အမေ၊ အဖေက ပစ္စည်း တစ်ခု တစ်ခုကို အသုံးပြုလိုသဖြင့် ဈေးဝယ်ခိုင်း သောအခြေအနေ၊ အလုပ်လုပ် ကိုင်နေသော အခြေအနေ စသည်ဖြင့် လူတန်းစား အလွာအသီးသီး စသောသူများအတွက် တစ်နည်း မဟုတ်တစ်နည်း ဒီထက်ပိုပြီး ရင်ဆိုင်ကြုံတွေ့ ရမယ်လိုထင်ပါတယ်။ အဆိုပါ သူများကတော့ ပြင်ပ လောက နဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံ ၀ယ်သူ၊ ရောင်းသူ တွေပါပဲ။ ပိုပြီးတော့လည်း တွေ့ကြုံရမယ် ထင်ပါတယ်။ အခု အချိန်မှာတော့ ကမ္ဘာစီးပွားရေး အကြပ်အတည်းဟာ ကပ်ရောဂါတစ်ခုလို တစ်နေရာပြီး တစ်နေရာ၊ ဒေသတစ်ခုချင်း စီကနေ အခု နိုင်ငံကြီး၊ နိုင်ငံ ငယ်မရွေး gobalization ဆိုတဲ့ ကမ္ဘာရွာကြီးနဲ့ ထိတွေ့ ဆက်ဆံသူ မှန်သမျှ၊ ကြုံတွေ့သူမှန်သမျှဟာ ဒီကပ်ဆိုးကြီး ကိုရုန်းကန် မလွတ်မြောက် နိုင်သေးပါဘူး။ အမေရိကားတိုက်က အိမ်ခြံမြေ ရောင်းဝယ်ရေး ကော်ပိုရေးရှင်းကြီးတွေ၊ ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ် ငန်းကြီးတွေ၊ စတော့ ရှယ်ယာ ဈေးကွက်ကြီး တွေက စပြီးသက်ရောက်လာတဲ့ ဒီကပ်ဆိုးကြီးဟာ အခုဆို နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ရေးခြား၊ မြေခြား မရွေးကို စိန်ခေါ် တိုက်ခိုက် နင်းခြေ လျက်ရှိနေပါတယ်။ ဘာကြောင့်ဒီလို ဆိုလိုရသလဲဆိုရင် လက်ရှိ အချိန်ထိ ဒီစီးပွားရေး ကပ်ဆိုးကြီးကို မကျော်လွှား၊ ရင်ဆိုင် ဖြေရှင်းနိုင်ဘို့ စုပေါင်း အားထုတ် ညှိနှိုင်းအဖြေရှာပေမယ့် လောလော ဆယ်တော့ ရှာကြံမရ နိုင်သေးပါဘူး။ နိုင်ငံအချို့ ဒေသအချို့ရဲ့ ဖွံ့ဖြိုးမှုနှုန်းထား၊ တိုးတက်မှု နှုန်းထား နှေးကွားလာခြင်းဟာ အဆိုပါ ဒေသတစ်ခု တည်းတင် ရင်ဆိုင်ကြုံတွေ့ ရတာမဟုတ်ပါဘူး။ လက်ရှိအနေ ဖြင့်လည်း နိုင်ငံအချို့မှာ စုပေါင်း အဖြေရှာ ပူးပေါင်းဆောင် ရွက်မှုအချို့ ပြုလုပ်သကဲ့သို့ ကျန်နိုင်ငံ များမှာလည်း မိမိတို့ တတ်နိုင်သလောက် နည်းလမ်း များရှာဖွေ ဆောင်ရွက် နေကြပါတယ်။ တစ်ချိန်ချိန် မှာတော့ လက်ရှိတွေ့ကြုံနေမှု ဒီအခက်ခဲကို ကျွန်တော်တို့ ကမ္ဘာပြည်သူ၊ ပြည်သားများ အနေနဲ့လည်း အမြန်ဆုံး ရင်ဆိုင် ကျော်လွားဖြေရှင်း နိုင်မယ်လို့ မျှော်လင့်ထား ကြပါတယ်။ကေမောင်ငြိမ်း
7 မှတ်ချက်ပေးသွားတယ်:
ဒီကပ်ဆိုးကြီးကနေ အမြန်ဆုံး ရင်ဆိုင် ကျော်လွှားဖြေရှင်း နိုင်ပါစေလို့
ပုလဲလည်း ဆုတောင်းပါတယ်
ဖြစ်နိုင်တာကတော့ လာမယ့် 2010 မှသာ နာလန်ပြန်ထူမယ်ဆိုကြတာပဲဗျာ။ လောလောဆယ်မှာတော့ ပိုမဆိုးအောင် ၀ိုင်းထိန်းတာပါပဲ။ ကျနော့်အမြင်တော့ ဒီထက်ပိုဆိုးလာမယ် ထင်ပါတယ်။
လောလောဆယ်ငွေဈေးတွေကျတော့ လက်တွေ့ဒုက္ခရောက်တာအမှန်ပဲ..
ဝိုင်းဆုတောင်းပေးသွားပါတယ်..။
မြန်မြန်သာ အဆင်ပြေပါစေတော့ အလုပ်ပြုတ်ခါနီးနေပြီ။
အဆင်ပြေချမ်းမြေ့ပါစေ.
အဆင်မပြေ ကျပ်တည်းတဲ့ အချိန်ကာလ တွေအမြန် အဆုံးသတ်ပါစေ လို့ပဲဆုတောင်းပါတယ်...
အပိုင်း ၂ ဆက်ပါ ဦး..
လောကလူသားများ အားလုံး ဒုက္ခအပေါင်းမှ ကင်းဝေး နိုင်ကြပါစေ လို့ အမြဲတန်း ဆုတောင်းပေးပါတယ်
Post a Comment