Knowledge(Sharing)

ပင်လယ်သမုဒ္ဒရာထဲကိုလည်း ရှာဖွေနိုင်မည့် Goolge Ocean

ပင်လယ်သမုဒ္ဒရာထဲကိုလည်း ရှာဖွေနိုင်မည့် Goolge Ocean



Googleအနေနှင့် ကမ္ဘာ့မြေပုံတွင် နေရာများကို စိတ်ကြိုက်ရှာဖွေမှုပြုရန် Google Earthကို တီထွင်ခဲ့ပြီး နောက်ထပ် တီထွင်ဆန်းသစ်မှုအဖြစ် ကမ္ဘာ့ရေပြင်အောက်အထိ ထောက်လှမ်းရှာဖွေမှုများ ပြုလုပ်ပေးနိုင်မည့် Google Ocean ၀န်ဆောင်မှုကို ပေးသွားဦးမည်ဖြစ်သည်။ ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ (၃)ပုံ၊ (၂)ပုံသည် ရေထုဖြစ်သလို ကမ္ဘာ့သက်ရှိအမျိုးအစား အားလုံးတို့၏ (၈၀)ရာခိုင်နှုန်းသည် ရေနေသက်ရှိများ ဖြစ်ကြသည်။ ယခုနောက်ဆုံး Google Earth Version 5.0တွင် ရေအောက်ရှိ သင်္ဘော ပျက်များ အပါအ၀င် အရာများစွာကို ထောက်လှမ်းနိုင်မည့် Google Ocean ၀န်ဆောင်မှုကို ဖြည့်သွင်းပေးထားပြီဟု Googleက ထုတ်ပြန်ကြေညာလိုက်သည်။

ထိုဝန်ဆောင်မှုကို ပင်လယ်ရေအောက်တွင် နစ်မြုပ်ပျောက်ကွယ်နေသည့် ရတနာများ ရှာဖွေဖော်ထုတ်သည့် အသင်းများအနေနှင့် အလွန်ကျေနပ်ဖွယ်ရှိကြောင်း သိရသည်။ Googleကမူ ယခုဝန်ဆောင်မှုသည် လူများ အနေနှင့် ပင်လယ်ကြမ်းပြင်အောက် အတွေ့အကြုံနှင့် ဗဟုသုတများ ရရှိနိုင်စေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဟု ထုတ်ပြန်ကြေငြာထားသည်။ Google Oceanတွင် ဗီဒီယိုနှင့် ဓာတ်ပုံများကို မှတ်တမ်းတင် ထည့်သွင်းထားပြီး ယခုအရာအားလုံးအတွက် အဏ္ဏ၀ါဗေဒ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်ခဲ့ကြောင်း သိရသည်။ ပင်လယ်ကြမ်းပြင်ကို ဂြိုဟ်တုမှတဆင့် လေ့လာမှုများ ပြုလုပ်နိုင်ခြင်းထက် ပိုမိုလွယ်ကူ အကျိုးရှိသော နည်းလမ်းမျိုး ရှာမတွေ့နိုင်တော့ကြောင်း National Geographic Societyမှ ဒေါက်တာ ဆယ်လ်ဗီယာ အာလီက ချီးကျူးခဲ့သည်။


Google Oceanတွင် 3Dနည်းပညာသုံး ရေနေသတ္တ၀ါများ၏ မှတ်တမ်းများကို ခံစားနိုင်မည်ဖြစ်ပြီး အလွန် ကျွမ်းကျင်သော အဏ္ဏ၀ါဗေဒပညာရှင် (၂၅)ဦးက ယခုလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ လောလောဆယ် အခြေအနေအရ ပင်လယ်သမုဒ္ဒရာ နေရာအတော်များများကို အကြမ်းဖျင်းသာ ဖော်ပြထားနိုင်သေးသည့်တိုင် ပစိဖိတ်သမုဒ္ဒရာ ဟိုနိုလူလူကျွန်း ပတ်ဝန်းကျင်ကဲ့သို့ အချို့နေရာများတွင်မူ အသေးစိတ် သရုပ်ဖော်မှုများ ထည့်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် သမုဒ္ဒရာများအတွင်း လူအများအတွက် အန္ထရာယ် ဖြစ်စေနိုင်မည့် ရေကြောင်းမြေပုံများကိုလည်း သတိပြု ရှောင်ရှားနိုင်ရန် ထည့်သွင်းပေးထားကြောင်း သိရှိရသည်။



Source ; Planet, Mercury News

ထပ်မံကူးယူမျှဝေပါသည်။

1 မှတ်ချက်ပေးသွားတယ်:

RePublic said...
February 7, 2009 at 8:46 PM

ခုလိုရေးပေးတာလေး ကောင်းတယ် ၊၊ သိရတာပေါ့ဗျာ ၊၊