
ရင်တ ထိပ်ထိပ်နဲ့ ကြည့်ရတဲ့ ချန်ပီယံလိဂ် အုပ်စု ရှုံးထွက် ပွဲစဉ်တွေရဲ့ ပထမအကြော့ တွေက ဒီနေ့ ဗုဒ္စဟူးနေ့ မနက်မှာ ပြီးဆုံး သွားခဲ့ ပါပြီ၊ ဥရောပ ထိပ်သီး ကလပ် တွေဖြစ်တဲ့ Liverpool fc - Intermilan , Realmadrid - Roma, Olympiakos piraeous - Chelsea, Shakle - Porto တို့ရဲ့ ပထမ ပွဲစဉ်တွေမှာ ချန်ပီယံလိဂ် မှာအများ မျော်လင့် သလို မမျှော်လင့် တဲ့အတိုင်း ပါဘဲ၊ လီဗာပူးက အိမ်ကွင်း အန်းဖီးလ်မှာ ခံစစ်ကြောင်း မှာလှတဲ့ အင်တာ မီလန် အသင်းကို မိနစ် ၃၀ ကျော်ကျော် လောက်ကတည်းက လူတစ်ယောက် အသာနဲ့ ကစားပေ မယ်လည်း ဒုတိယပိုင်း မိနစ် ၈၅ အရောက်မှ ကူရစ်၊ ဂျရတ် တို့ရဲ့ နောက်ကျ ဂိုးတွေနဲ့ အနိုင်ယူခဲ့ ပါတယ်၊ ဒါ့အပြင် ရီးယဲမက်ဒရစ် နဲ့ အိမ်ကွင်း ကစားအား ကောင်းတဲ့ ရိုးမားတို့ ပွဲစဉ်မှာလည်း ဧည့်သည် ရီးရဲမက်ဒရစ် အသင်းက အသင်း ခေါင်းဆောင် ရာအူးလ်ရဲ့ ဦးဆောင်ဂိုးနဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ပေမယ့် ပစ်ဇာရို၊ မန်နစ်ချီ တို့ရဲ ဂိုးတွေနဲ့ ပြန်လည် အိမ်ရှင် ရိုမား အသင်းက အနိုင်ယူ ခဲ့ပါတယ်၊ ဒါပေမယ့် တိုက်စစ်မှူး ဗင်နစ္စရိုင်း ဂိုးတစ်ချို့ သွင်းနိုင် ပေမယ့် ဒိုင်လူကြီးက လူကျွံဘော သတ်မှတ်ခဲ့တာ ကြောင့် နစ်နာခဲ့ရပါတယ်၊ ဒါ့အပြင် ပရီးမီးယား ထိပ်သီး chelsea အသင်းတို့ ပွဲစဉ်မှာလည်း အိမ်ရှင် ဂရိအသင်းရဲ မာမာ ထန်ထန် ခံစစ်၊ တိုက်စစ်တွေ ကြောင့် chelsea အသင်းတို့ရဲ့ ပွဲစဉ်ဟာလည်း ကြည့်ကောင်း ခဲ့ပါတယ်၊ နောက်ပွဲစဉ် တစ်ခု ဖြစ်တဲ့ Shakle - Porto တို့အသင်းမှာလည်း အိမ်ရှင် အသင်းက ကူရာညီရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်၊ ချန်ပီယံလိဂ် ရဲလဒ်တွေ အတိုင်း ပရိတ်သတ် အများစု မထင် မှတ်ထား တဲ့အခြေ အနေ တွေပါဘဲ၊ ဒါအပြင် နောက်ထပ် ပွဲစဉ်တွေဖြစ်တဲ့ Arsenal - AC milan, Celtic - Bercelona, Fenerbache - Sevilla, Lyon - MU တို့ရဲ ပွဲစဉ်တွေဟာ လည်း ဘယ်လို့ မထင်မှတ်တာ တွေဖြစ်ဦးမလဲ မသိပါဘူး၊ ရင်တထိတ်ထိတ် နဲ့စောင့် ကြည့် ရဦးမှာပါဘဲ ...... ။
0 မှတ်ချက်ပေးသွားတယ်:
Post a Comment