"ကြေကွဲတစ်နေရာ"
ပြစ်ဒဏ်တွေနဲ့ပြေး
အိမ်မက်တွေဝေး
မျက်စိတစ်မှိတ်မေ့မရ
အချစ်အရိပ် နိမိတ်ပြ
အဖြစ်နှစ်ခုကြား
အနိမ့်အမြင့်တွေခြား .....
ချစ်သူမေ အဝေးသို့လှမ်း
ပြစ်ဒဏ်တွေ ဆေးကာလေ မခမ်း
ဝေးတာကို ဆွေးရာမှလွမ်း .....
နှုတ်မဆက်ချင်ပေ ပြန်တွေ့မယ်မေ
နွေးထွေးစွာနဲ့ အပြေးလာခဲ့
ကဗျာတွေလည်း ဌာနေကလွမ်း ....
"မိတ်ကပ်မဲ့ မျက်နှာ"
ပြစ်ဒဏ်တွေနဲ့ပြေး
အိမ်မက်တွေဝေး
မျက်စိတစ်မှိတ်မေ့မရ
အချစ်အရိပ် နိမိတ်ပြ
အဖြစ်နှစ်ခုကြား
အနိမ့်အမြင့်တွေခြား .....
ချစ်သူမေ အဝေးသို့လှမ်း
ပြစ်ဒဏ်တွေ ဆေးကာလေ မခမ်း
ဝေးတာကို ဆွေးရာမှလွမ်း .....
နှုတ်မဆက်ချင်ပေ ပြန်တွေ့မယ်မေ
နွေးထွေးစွာနဲ့ အပြေးလာခဲ့
ကဗျာတွေလည်း ဌာနေကလွမ်း ....
"မိတ်ကပ်မဲ့ မျက်နှာ"
အခုခေတ်မျက်နှာ စိတ်သိပ်ပျက်စရာ
မျက်နှာဝယ် ပန်းချီချယ်
စိတ်ကိုတစ်မျိုး လှုပ်လို့နှိုး
ရုပ်အလှအပ ချယ်လို့သပေမဲ့
စိတ်အလှ ယုတ်စွာမသိရ။
မိန်းကလေးတစ်ယောက်ရဲ့အလှ
ကိန်းဝှက်လို့မရတဲ့ အချိန်ခဏ ....
နံနက်မိုးလင်း အိပ်ရာပေါ်ကဆင်း
သဘာဝ ခ၀ါချ
အတုအယောင် ရှုချင်အောင်ခြယ်သ
တမူကြွကြွ လူလှလှဖြစ်ပေမဲ့
အနေမရိုး ၀ံလွေလို စိတ်မျိုး .....
မင်းလေးမူကား တစိမ်းများနဲ့ မတူတဲ့
မချယ်မသ တမူလှ
သဘာဝမျက်နှာ ထာဝရမမေ့သာ
တမူထူးခြား ရှာမှရှားလို့
ဒီလိုမျက်နှာ မိတ်ကပ်မဲ့ လျက်သာ
မြင်မိတမ်းတ မေ့မရ ......
" ဘ၀ရင်ဆိုင်ခြင်းတစ်မျိုး "
ဘ၀ကို ညလို
မှောင်ရီဝိုးတ၀ါး ကြုံမည်ငှားလည်း
စိတ်သောက ယှဉ်ရောရသောအခါ
ရင်မှဒေါသ အလျင်းမထနှင့် .....
ဘ၀ကို ဆည်းဆာလို
လှပဆန်းကျယ် ပုံရိပ်လယ်တွင်
အသွင်လှလှ မြင်ရသောအခါ
ဝမ်းသာရွှင်မြူး ပျော်လို့ကြူးသလို
ရင်မှာတမ်းတ ကြုံချင်လှသည်။
ဘ၀ကို တိမ်ညိုတွေလို
လောကကြီးကိုလွမ်း ခဏတာစံမြန်းနိုင်ပေမဲ့
တစ်ချိန်ကြလျင် ငိုရမည်ပင် .....
ဘ၀ကို နေမင်းလို
ထွန်းလင်းတောက်ပ ဂုဏ်ကျော်ဇောလှ
နေချင်ပေမဲ့ ကံကြမ္မာမလှခဲ့
ဘ၀အမျိုးမျိုး ငါ့ကိုလှုပ်နှိုး
အရှုံးတစ်သက်ပေမဲ့ အပြုံးပျက်ဖို့ခက် .....
"အရှုးလုပ်တဲ့ အချစ်"
အိပ်စက်ခြင်းမဲ့ အတွေးယှက်
အမေးခက်တဲ့ ပုစ္ဆာအတွက်
ငါ့ကို ငါသတ် အတွေးတစ်ဝက်
အိမ်မက်တွေမဲ့ ဘ၀တစ်သက် .....
ကာရန်တွေပျက် လင်္ကာမဲ့
ပေါင်းစပ်မရတဲ့ စက္ကူတစ်ရွက်
ခြစ်ရာမထင် ဒီဘော့ပင်
တွေ့ကရာထင် မျက်မမြင် .....
ဓားနဲ့ခုတ်လို့မပြတ် အသွားထက်ထက်
အချစ်အတွက် အလုပ်ပျက်
အမုန်းတစ်စက် မျက်ရည်လဲ့
သနားမှာထက် ၀မ်းနည်းတာခက် .....
written by ladykiller
0 မှတ်ချက်ပေးသွားတယ်:
Post a Comment