"ထွေးပြီး အမုန်းပြန်မျိုချင်သူ"
မင်းးထွေးလိုက်တဲ့ အမုန်း
ငါတကယ်အချစ်ဆုံး
သိလိုက်ရတဲ့အခါ အခုပြန်မျိုမရပါ။
အမှိုက်ပုံးထဲကျ မွှေနှောက်မှ
ပြန်မျိုမရ...။
မရှာပါနဲ့ နာကျင်စရာမဲ့
အကြောင်းမထူး အပြောင်းအကူး
လွှင့်ပစ်လိုက်တဲ့ ငါ့အချစ်
စွန့်ပစ်လိုက်တဲ့ အမှိုက်အညစ်
ရောပြွန်းနေတဲ့ အမှိုက်စတွေထဲ
လောင်ကျွမ်းပြာကျ အချစ်တွေလဲ
မင်းပြန်ရှာမလား အတွေးနဲ့စဉ်းစား ....။
မင်းပြန်ရှာမလား အတွေးနဲ့စဉ်းစား ....။
"လနှင့်အတူ လမင်းကို ရှုးသွပ်ခြင်း"
မှောက်မိုက်ခြင်းနဲ့ သင်္ကေတ
ရှောင်ပုန်းခဲ့တဲ့ည
အတိတ်တစ္ဆေတို့ စိုးမိုးကြ
အချစ်အဖြေတို့ ခုမလှ
အတိတ်သေခဲ့တဲ့ ဘဝ
လမင်းကွယ်ခဲ့ည .....
လပြည့်ကျော် ညခုခဏ
တစ်ရက်စွန်းခဲ့ ဒီည
မမျှော်လင့်ဘဲ တွေ့ရ
အတိတ်ကို မြေလှန်စွ .....
ရေခြောက်ခဲ့ပြီ ကွင်းပြင်
သွေ့ခြောက်နေတဲ့ မြက်ပင်
အမှောင်ထဲက စက္ခု
မရှောင်ဘဲနဲ့ အလင်းကိုရှု
မျက်လုံးကိုလာတဲ့ အလင်း
ခြောက်သွေ့မြက်ကွင်း အပေါ်မှလမင်း ......
ဆွေးမြေ့မှုတွေ ထွေးပိုက်
ဦးတည်ရာမဲ့ ပြေးထွက်
ပျော်ရွှင်ခဲ့တဲ့ ခေတ္တ
ဘာမှန်းမသိတာ စက္ကန့်နဲ့ အမျှ
အလင်းပိုင်ရှင်ကို မော့ကြည့်
လနှင့်အတူ သတိရမိ ......
မေ့ပြစ်ဖူးတဲ့ လမင်း
သိချစ်ဖူးခဲ့ ယမင်း
ခံစားချက်တွေ ပုံခင်း
မျှားခံခဲ့ရတဲ့ ဘ၀အကျဉ်း
မျက်လုံးတွေက အဆိပ်ပြင်း
နမိတ်ဆိုးတွေ ရေခပ်ဆင်း ......
မော့မကြည့်ခဲ့တာကြာပြီ
သတိရခြင်းကို ပြန်မတွေးမှီ
ကောင်းကင်ပြာလား ငါမသိ
ကြယ်စင်တွေကား ငါ့မှာမရှိ
လကိုတွေ့မှာ စိုးရိမ်မိ
ငါရှုးသွပ်ခဲ့တာ လမင်းအသိ .......
ရှောင်ပုန်းခဲ့တဲ့ည
အတိတ်တစ္ဆေတို့ စိုးမိုးကြ
အချစ်အဖြေတို့ ခုမလှ
အတိတ်သေခဲ့တဲ့ ဘဝ
လမင်းကွယ်ခဲ့ည .....
လပြည့်ကျော် ညခုခဏ
တစ်ရက်စွန်းခဲ့ ဒီည
မမျှော်လင့်ဘဲ တွေ့ရ
အတိတ်ကို မြေလှန်စွ .....
ရေခြောက်ခဲ့ပြီ ကွင်းပြင်
သွေ့ခြောက်နေတဲ့ မြက်ပင်
အမှောင်ထဲက စက္ခု
မရှောင်ဘဲနဲ့ အလင်းကိုရှု
မျက်လုံးကိုလာတဲ့ အလင်း
ခြောက်သွေ့မြက်ကွင်း အပေါ်မှလမင်း ......
ဆွေးမြေ့မှုတွေ ထွေးပိုက်
ဦးတည်ရာမဲ့ ပြေးထွက်
ပျော်ရွှင်ခဲ့တဲ့ ခေတ္တ
ဘာမှန်းမသိတာ စက္ကန့်နဲ့ အမျှ
အလင်းပိုင်ရှင်ကို မော့ကြည့်
လနှင့်အတူ သတိရမိ ......
မေ့ပြစ်ဖူးတဲ့ လမင်း
သိချစ်ဖူးခဲ့ ယမင်း
ခံစားချက်တွေ ပုံခင်း
မျှားခံခဲ့ရတဲ့ ဘ၀အကျဉ်း
မျက်လုံးတွေက အဆိပ်ပြင်း
နမိတ်ဆိုးတွေ ရေခပ်ဆင်း ......
မော့မကြည့်ခဲ့တာကြာပြီ
သတိရခြင်းကို ပြန်မတွေးမှီ
ကောင်းကင်ပြာလား ငါမသိ
ကြယ်စင်တွေကား ငါ့မှာမရှိ
လကိုတွေ့မှာ စိုးရိမ်မိ
ငါရှုးသွပ်ခဲ့တာ လမင်းအသိ .......
written by KKS
0 မှတ်ချက်ပေးသွားတယ်:
Post a Comment