လူသား တစ်ယောက် အတွက် မရှိ မဖြစ်တဲ့ အရာတစ်ခုပါ။ လူ့လောက သက်တမ်းရဲ့ အချိန်အတော် များများကို လွမ်းမိုး ချုပ်ကိုင်ထားတယ်။ ဟိုးငယ်စဉ် ကလေးဘ၀၊ လူလတ်ပိုင်း၊ လူကြီးပိုင်း အိုမင်း ရင့်ရော်တဲ့အချိန်၊ သေဆုံးတော့မယ့် အချိန်၊ အဲဒီအချိန် အထိတောင် "မျှော်လင့်ချက်" ဆိုတဲ့စကားလုံး ဟာ လိုက်လံ စိုးမိုး နေမှာပါ။ ငယ်စဉ်ကလေး ဘ၀ကလည်း မိခင်၊ ဖခင်၊ အစ်ကို၊ အစ်မ တွေရဲ့ ချစ်ခင်ယုယ မှုတွေကို မျှော်ကိုးမိမယ်၊ အားကိုးမိမှာပါဘဲ။ အထူးသဖြင့် ကလေးဘ၀ဟာ လူလား မမြောက်ခင် အချိန်ထိ မိခင်၊ ဖခင်တွေရဲ့ ကြည့်ရှုစောင့် ရှောက်ခြင်းကို ခံယူခြင်မှာပါဘဲ။ သူ့အတွက် ဒါဟာ ဘာကိုမှ မသိနားမလည် နိုင်တဲ့အချိန် မှာတောင် မျှော်လင့်မိတာပါဘဲ။ နောက် အရွယ်ရောက်လာတဲ့ အချိန်၊ သူသိသင့် သိထိုက် တာတွေ သိလာတဲ့အချိန်မှာလည်း သူအသိဥာဏ် ရှိသလောက်၊ နားလည်နိုင်သလောက် ကိုမျှော်လင့်မိမှာပါ။ ဒီအတိုင်းပါဘဲ။ အသက်ကြီး အိုမင်းရင့်ရော်လာတဲ့အချိန်၊ လူ့သက်တမ်းကုန်ဆုံး တော့မယ့် အချိန်၊ ဒါကိုလည်း သူ့ကိုယ်တိုင် သိမိ၊ နားလည်မိတဲ့ အချိန်မှာလည်း သူ့ဘ၀ကို သူအေးအေးချမ်းချမ်း လူ့လောက ကြီးက ထွက်ခွာသွား နိုင်မယ်ဆိုတာကို မျှော်လင့်မိ မှာပါဘဲ။ ဒါဟာ ကျွန်တော် တို့လူ့သက်တမ်းနဲ့ ပတ်သက်ပြီး နားလည်မိ သလောက်ပါဘဲ။ ဒီထက်လည်း အများကြီးပို မျှော်လင့်နိုင်ပါတယ်။ မျှော်လင့်ချက်ဆိုတာဟာ လူသား တစ်ယောက်အဘို့ ရှိသင့်ရှိထိုက်၊ တောင်းတအပ် တဲ့အရာတစ်ခုပါ။ စိတ်ကူးတွေလည်း ထားနိုင် ပါတယ်။ ဒီလိုမှမဟုတ်ရင် သူဟာ အနည်း အများတော့ သူ့ဘ၀မှာ သက်တမ်းစေ့ နေထိုင်နိုင်ဘို့ကို ရိုက်ခတ် သွားနိုင်တယ်။ ကလေး တစ်ယောက် ဟာသူမှာရှိတဲ့ အရုပ်ကလေးတစ်ခု ထက်မက လိုချင်တယ်၊ တောင်းတ ချင်တယ်၊ သူ့ဖခင်၊ မိခင်တွေ နောက်ထပ်ဝယ် မပေးမချင်း သူအဘို့ မျှော်လင့်နိုင်ပါတယ်။ နောက် ကျောင်းသား တစ်ယောက် သူတတ်နိုင် သလောက် ကြိုးစားတယ်။ သူလိုချင်တယ်၊ ဒါကို မျှော်လင့်နိုင်တယ်။ ဒီလိုမှ မဟုတ်ရင် သူ့ပြိုင်ဘက်ထက် အလွယ်တကူ အရှုံးပေးသွား နိုင်တယ်။ ဘ၀မှာလည်း ဒီလိုပါဘဲ။ အနည်းအများ တော့ လူတိုင်းလိုလို သူရဲ့ အခွင့်အလမ်း၊ ရပိုင်ခွင့်တွေကို မျှော်ကိုးကြတယ်။ ဒါဟာ ဖြစ်သင့် ဖြစ်ထိုက် တဲ့အရာတစ်ခုပါဘဲ။ ဒီလိုနဲ့ပဲ လူသားတွေ ဟာ အသက်ရှင်ကြတယ်။ အနည်းအများဆို သလိုပါဘဲ။ ဒီလိုမ မဟုတ်ရင် ကျွန်တော်တို့လူသားတွေ ဘယ်လိုများ အသက်ရှင်ကြရ ပါ့မလဲ။ ကျွန်တော် မတွေးရဲ၊ မကြားဖူး သလောက်ပါဘဲ။ သူဟာ ဘယ်လို များမွေးဖွား လာခဲ့သလဲ။ မိုးကျရွှေကိုယ် များလား ...... ။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
10 months ago
0 မှတ်ချက်ပေးသွားတယ်:
Post a Comment