မကြာသေးမီက အင်တာနက် ၀က်ဆိုဒ် စာမျက်နှာတွေက တစ်ဆင့် ရွေးချယ်စရာ အခွင့်အလမ်း ဆိုတဲ့ ဆောင်းပါးတစ်ခုကို ဖော်ဝတ်မေး တွေကနေ တစ်ဆင့် ရရှိခဲ့ပါတယ်။ ဘယ်သူ ဘယ်ဝါ ရေးသားတယ်၊ ဘယ်ဝက်ဆိုဒ် ကနေအတိ အကျ ကူးယူတယ်ဆိုတာ မဖော်ပြပေမယ့် ဒီဆောင်းပါးကို ဆက်လက်မျှဝေ ပေးပါ ဆိုတာကို ဖော်ပြ ပေးထားပါတယ်။ ကျွန်တော်တော့် ရောက်ရောက်လာသမျှ ဖော်ဝတ်မေးတွေကို delete လုပ်ခြင်း၊ သေသေချာချာ အဆုံးအထိ ဖတ်ရှုခြင်း ဆိုတာ ရှားပါတယ်။ သို့ပေမယ့် အဆိုပါ ခေါင်းစဉ်၏ ထူးထူးဆန်းဆန်း အကြောင်းအရာ လေးကို စိတ်ဝင်စားခြင်း၊ နဂိုကလည်း ဒီဆောင်းပါး ခေါင်းစဉ်မျိုး အင်တာနက် ဘလော့တွင် တစ်ချိန် ကျရင် ရေးသား ကြည့်မယ်ဆိုတဲ့ စိတ်ကူးခြင်း၊ ထို့အပြင် အဆိုပါ ဆောင်းပါး၏ မူရင်း ဆိုလိုရင်းများမှာ ကျွန်တော်တို့ ကျောင်းသား လူငယ်များ၏ ရည်မှန်းချက်၊ မျှော်မှန်း ချက်များအား ထိထိမိမိ ရေးသားထားခြင်းကြောင့် ဒီဆောင်းပါးတိုလေးကို သေသေချာချာ ဖတ်ရှုဖြစ် ခဲ့ပါတယ်။
စာရေးသားသူက "နိုင်ငံတခုရှိ လူ့အဖွဲ့အစည်းတခုအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့ရန် ဆိုသည်မှာ ရွေးချယ်စရာအခွင့်အလမ်း ဘယ်လောက်များများ ရှိသနည်း ဆိုသည့် အပေါ်တွင်မူတည်သည်"တဲ့ စာနိဒါန်းချီလိုက်ပုံက ကျွန်တော်တို့ လက်ရှိဖြစ်ပေါ်နေတဲ့ ကျောင်းသားလူငယ် လူရွယ်တွေရဲ့ အနာဂါတ် စိတ်ကူးတွေ၊ အခွင့်အလမ်းတွေ၊ ရည်မှန်းချက်တွေ ကိုရှင်းရှင်း လင်းလင်း၊ ပွင့်ပွင့်လင်းလင်းနဲ့ ပဲအစချီ လိုက်ပါတယ်။ ဒါ့အပြင် ဒီဆောင်းပါးကို ကျွန်တော်နားလည် သလောက် ပြန်လည် ဖတ်ရှုမိရင်း ကျွန်တော်တို့ လက်ရှိ ဖြစ်ပေါ်နေသော အဆင့်နိမ် ပညာရေး ကျောင်းသားများ၏ ပညာရေးအား ပြန်လည် စဉ်းစားမိသည်။ စာရေးသူကလည်း ဒီအချက်ကို ကောင်းကောင်း ထောက်ပြ ဝေဖန်ထားသည်။
"ထိုကာလများဆီက ကျောင်းသားတဦးသည် ဆယ်တန်းအောင်၍ တက္ကသိုလ်တက်မည့် အချိန်တွင် ရင်ဆိုင်ရသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေသည်။ ဆယ်တန်းအောင်သည့် အချိန်၌ ပထမဆုံး ရင်ဆိုင်ရသည် ကတော့ ဆေးတက်ဖို့ မှီသလားဟု အမေးခံရသော ကိစ္စက လူငယ်တို့အဖို့ အတော်လေး ခံရခက်သော မေးခွန်းဖြစ်သည်။ ဒုတိယ မေးခွန်းကတော့ ဆေးတက်ဖို့ အမှတ်မမှီရင်လည်း (RIT) အာအိုင်တီဟု အတိုကောက်ခေါ်သည့် စက်မှုတက္ကသိုလ် တက်ဖို့ မှီသလားဆိုသော နောက်အမေး ဖြစ်သည်။ အဲသည့် ကျောင်းနှစ်ကျောင်းတွင် တက်ရန် တကျောင်းမှာမှ မမှီပါက ဒီအက်စ်အေ (DSA) ဆိုသည့် စစ်တက္ကသိုလ် တက်ဖို့လျှောက် ထားသလားဆိုသည့် မေးခွန်းပင်ဖြစ် သည်။
အဆိုပါ ကျောင်းသုံးကျောင်း၊ လိုင်းသုံးလိုင်းကို တခုမှမမှီသော ကျောင်းသားကား မျက်နှာငယ်ရသည်။ အနာဂတ်တွင် ဆရာဝန်လည်း မဖြစ်နိုင်၊ အင်ဂျင်နီယာလည်း မဖြစ်၊ စစ်ဗိုလ်ဖြစ်ဖို့ကလည်း ဝေလာဝေး ဆိုသည့် ကျောင်းသားများသည် တန်းမမှီသော မျှော်လင့် ချက်မဲ့သော သူများအဖြစ် ပေတံထိုးအတိုင်းခံရသည်။ ထိုအချိန် ထိုကာလက ထိုသုံးမျိုး သုံးစား သော ဘာသာရပ်များတွင် မချိတ်နိုင်သော ကျောင်းသားများသည် ၀ိဇ္ဇာ၊ သိပံ္ပဘွဲ့များ ပေးသည့် တက္ကသိုလ် အသီးသီးသို့ရောက် ရှိကြသည်။
ကျောင်းပြီး၍ အဆိုပါ ၀ိဇ္ဇာ၊ သိပံ္ပဘွဲ့များ ရလာသည့် သူများကိုအများက အထင်မကြီး။ ကောင်းစားမည့်သူများဟု လည်းမမြင်ကြ။ တောကျောင်းဆရာများ၊ ချောက်တီးချောက်ချက် ကျူရှင်ဆရာများ၊ ရုံးစာရေးများ အစရှိသည့်ဘ၀ များတွင် ဂိတ်ဆုံးရမည့် သူများအဖြစ် သတ်မှတ်ထားသည်။ ထိုအထဲတွင် ဆရာဝန်ချင်းအတူတူ သွားဆရာဝန်များနှင့် တိရစ္ဆာန် ဆရာဝန် များသည်ပင်လျှင် ကံသိပ်မကောင်းသူများအဖြစ် အသတ်မှတ်ခံရသည်။ ဥပဒေနှင့် ကျောင်းပြီး သည့် ကျောင်းသားများ ဆိုပါကလည်း ထီးဖြူဖိနပ်ပါး ဖြစ်မည့်ရှေ့နေများအဖြစ် အမြင်ခံရသည်။ စီးပွားရေး ကဆင်းသော ကျောင်းသားများ ဆိုလျှင် စာရင်းကိုင် အဆင့် လောက်သာ မြင်ကြ သည်။ ဆေး၊ စက်နှင့်စစ် လိုင်းများကို ရသော ကျောင်းသားများ သည်သာ တောက်ပသော အနာဂတ်ပိုင်ရှင်များ ဖြစ်ကြသည်။
ကျောင်းသားအများစု တက်ရောက်သည့် ၀ိဇ္ဖာ၊ သိပံ္ပဘွဲ့များပေးသော တက္ကသိုလ် များတွင်လည်း ပြဌာန်းထားသည့် မေဂျာဘာသာရပ်များက ရှေးရိုးအစဉ်အလာ အတိုင်းသာဖြစ် သည်။ ၀ိဇ္ဖာသမားများအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ အရှေ့တိုင်း၊ ဒဿနိက၊ နိုင်ငံ တကာ ဆက်ဆံရေး၊ ပထ၀ီ သည်လောက်ပဲရှိသည်။ သိပ္ပံသမားများ အတွက် ဆိုပါက ဘူမိ၊ ရူပ၊ ဓာတု၊ သတ္တ၊ ဇီဝ၊ သင်္ချာ စသည်တို့လောက်သာရှိသည်။ သည့်ထက်ပို၍ ရွေးချယ်စရာ အခွင့် အလမ်းလည်း ကျောင်းသားတို့တွင်မရှိ။ "*မူရင်း ရေးသားသူ ၏ဆိုလိုရင်း မပျက်အောင် ကူးယူး ကာ ဖော်ပြခြင်း ဖြစ်သည်။*စသည်ဖြင့် ဝေဖန်ရေးသား ထားပါသည်။
မူရင်း စာရေးသားသူ မည်သူ မည်ဝါ ဆိုတာကို မသိရှိပေမယ့် ထိုစာရေးသားသူမှာ အမှန်ပင် လက်ရှိ ကျောင်းသား လူငယ်၊ လူရွယ် များ ၏ဖြစ်ပျက်နေသော အခက်အခဲ ပြသာနာများကို ရှင်းရှင်း လင်းလင်း ဝေဖန် ထောက်ပြ သွားပါသည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကျွန်တော် စာဖတ်သူ ကိုယ်တိုင် ထိုအချက်များမှာ လက်ရှိဘ၀ နှင့် တော်တော်လေးကို ထင်ဟပ် နေသောကြောင့် မကွယ် မ၀ှက်တမ်း မူရင်း စာရေးသူ၏ ဆိုလိုရင်းများကို ကူးယူ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
Source:Rangoon-Burma@googlegroups.com
Copy:Forward-Mail
Copy:Forward-Mail
ကေမောင်ငြိမ်း
1 မှတ်ချက်ပေးသွားတယ်:
RIT ကိုရောက်ပါရဲ့ ဗျာ။ဘာမှလုပ်လို့  မရလို့  ခုသူများနိုင်ငံ မှာခိုကပ်နေရတယ်။
Post a Comment